တချို့အရာတွေက နှစ်ခါ ပြန်မရတတ်ဘူး

တချို့အရာတွေက နှစ်ခါ ပြန်မရတတ်ဘူး ။

မှန်တစ်ချပ်ကို … ပစ်ပေါက်ပြီး ခွဲလိုက်ပါ အစိပ်စိပ်အမွှာမွှာ​ကြေမွ သွားလိမ့်မယ် အဲ့ဒီမှန်စတွေိကို ​ကောက်ပြီး တစ်ခုချင်းတိတ်နဲ့ ပြန်ကပ်တာပဲ ဖြစ်ဖြစ် လုပ်ကြည့် ဆက်ရင်ဆက်သွားလိမ့်မယ် ဒါပေမယ့်အရင်လို ​ြပန်လိုချင်လို့ မရဘူး

ကျွန်မရဲ့ စိတ်တွေကလဲ ဒီမှန်ချပ်နဲ့ တူတယ် တစ်ခါ နာကျင်ရပြီးသွားတဲ့အခါ အရင်လို ပြန်ဖြစ်ဖို့ မလွယ်တော့ဘူး တောင်းပန်ပါတယ်ဆိုတဲ့ စကားတွေနဲ့ ပြန်ဆက်ချင်ပေမယ့် အမာရွှတ်ကတော့ မြင်တိုင်းနာတယ်လေ မစွန့်လွှတ်နိုင်ခဲ့လို့ ခွင့်လွှတ်ခဲ့ရုံပါ အရာရာကို မေ့ပျောက်တတ်သွားတာ မဟုတ်ဘူး ဒါကို နားလည်သဘောပေါက်ဖို့ လိုတယ် ။

အတိတ်ကိုချည်း ဘာလို့ နောက်ကြောင်းပြန်လှည့်နေရတာလဲလို့မေးရင် အတိတ်က ကျွန်မကို ခုထက်ထိ နာကျင်စေလို့ပါ ဖြစ်နိုင် ကျွန်မက ပိုလို့တောင် သတိမရချင်သေးတယ် ။ ခက်တာက အခုချိန်ထိ အနာတွေ မကျက်သေးတာပါပဲ ။ ပျော်အောင်ထားနေ​ပြီလေဆိုတာက ချုပ်ရိုးသက်သက်ပဲ အတိတ်က ဒဏ်ရာတွေကို အပြီးတိုင် ချေဖျက်လိုက်ဖို့ထိ မလွယ်တတ်ဘူး ။

ဆက်ပြီးတော့ ရှိနေချင်မှ ရှိနေပါ ။ အရင်တုန်းက ကျွန်မကို ပြန်လိုချင်နေလို့တော့ မရတော့ဘူး ။ ရှင်းအောင် ပြောရရင် အရင်တုန်းကလို ခပ်တုံးတုံးမိန်းမကို ဘယ်တော့မှ ပြန်ရလာတော့မှာ မဟုတ်ဘူး ။ အရင်ကထက် အေးစက်ချင် အေးစက်နေလိမ့်မယ် ဂရုစိုက်ချင်မှ စိုက်မိတော့မယ် အရင်ကလို ချစ်သေးပေမယ့် အရင်တုန်းကလို မရှိမဖြစ် မဟုတ်တော့ဘူး ။ မရှိလဲ ဖြစ်အောင် သင်ပေးပြီးမှတော့ အရင်လို ပြန်နွေးထွေးချင်လို့ မရတော့ဘူး ။

ကျွန်မကို နားလည်ပါ … အရင်တုန်းက အတိတ်တွေကို ပြန်မတွေးပဲ အရင်တုန်းကလို ရှင့်ကို ချစ်နေချင်တဲ့ စိတ်တွေရှိပေမယ့် အရင်တုန်းက ပြန်မဖြစ်နိုင်တော့တဲ့အခါ ကျွန်မကို နားလည်ပါ ။ သဘာ၀တရားကြီးတွေထဲမှာ … နှစ်ခါ မရနိုင်တဲ့အရာတွေ အများကြီးရှိတတ်ပါတယ် ခုကျတော့ အဲ့ဒီအရာတွေထဲမှာ ကျွန်မလဲ တစ်ခုအပါအ၀င်ပေါ့ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

တခ်ိဳ႕အရာေတြက ႏွစ္ခါ ျပန္မရတတ္ဘူး ။

မွန္တစ္ခ်ပ္ကို … ပစ္ေပါက္ၿပီး ခြဲလိုက္ပါ အစိပ္စိပ္အမႊာမႊာ​ေၾကမြ သြားလိမ့္မယ္ အဲ့ဒီမွန္စေတြိကို ​ေကာက္ၿပီး တစ္ခုခ်င္းတိတ္နဲ႔ ျပန္ကပ္တာပဲ ျဖစ္ျဖစ္ လုပ္ၾကည့္ ဆက္ရင္ဆက္သြားလိမ့္မယ္ ဒါေပမယ့္အရင္လို ​ျပန္လိုခ်င္လို႔ မရဘူး

ကြၽန္မရဲ႕ စိတ္ေတြကလဲ ဒီမွန္ခ်ပ္နဲ႔ တူတယ္ တစ္ခါ နာက်င္ရၿပီးသြားတဲ့အခါ အရင္လို ျပန္ျဖစ္ဖို႔ မလြယ္ေတာ့ဘူး ေတာင္းပန္ပါတယ္ဆိုတဲ့ စကားေတြနဲ႔ ျပန္ဆက္ခ်င္ေပမယ့္ အမာ႐ႊတ္ကေတာ့ ျမင္တိုင္းနာတယ္ေလ မစြန္႔လႊတ္ႏိုင္ခဲ့လို႔ ခြင့္လႊတ္ခဲ့႐ုံပါ အရာရာကို ေမ့ေပ်ာက္တတ္သြားတာ မဟုတ္ဘူး ဒါကို နားလည္သေဘာေပါက္ဖို႔ လိုတယ္ ။

အတိတ္ကိုခ်ည္း ဘာလို႔ ေနာက္ေၾကာင္းျပန္လွည့္ေနရတာလဲလို႔ေမးရင္ အတိတ္က ကြၽန္မကို ခုထက္ထိ နာက်င္ေစလို႔ပါ ျဖစ္ႏိုင္ ကြၽန္မက ပိုလို႔ေတာင္ သတိမရခ်င္ေသးတယ္ ။ ခက္တာက အခုခ်ိန္ထိ အနာေတြ မက်က္ေသးတာပါပဲ ။ ေပ်ာ္ေအာင္ထားေန​ၿပီေလဆိုတာက ခ်ဳပ္႐ိုးသက္သက္ပဲ အတိတ္က ဒဏ္ရာေတြကို အၿပီးတိုင္ ေခ်ဖ်က္လိုက္ဖို႔ထိ မလြယ္တတ္ဘူး ။

ဆက္ၿပီးေတာ့ ရွိေနခ်င္မွ ရွိေနပါ ။ အရင္တုန္းက ကြၽန္မကို ျပန္လိုခ်င္ေနလို႔ေတာ့ မရေတာ့ဘူး ။ ရွင္းေအာင္ ေျပာရရင္ အရင္တုန္းကလို ခပ္တုံးတုံးမိန္းမကို ဘယ္ေတာ့မွ ျပန္ရလာေတာ့မွာ မဟုတ္ဘူး ။ အရင္ကထက္ ေအးစက္ခ်င္ ေအးစက္ေနလိမ့္မယ္ ဂ႐ုစိုက္ခ်င္မွ စိုက္မိေတာ့မယ္ အရင္ကလို ခ်စ္ေသးေပမယ့္ အရင္တုန္းကလို မရွိမျဖစ္ မဟုတ္ေတာ့ဘူး ။ မရွိလဲ ျဖစ္ေအာင္ သင္ေပးၿပီးမွေတာ့ အရင္လို ျပန္ေႏြးေထြးခ်င္လို႔ မရေတာ့ဘူး ။

ကြၽန္မကို နားလည္ပါ … အရင္တုန္းက အတိတ္ေတြကို ျပန္မေတြးပဲ အရင္တုန္းကလို ရွင့္ကို ခ်စ္ေနခ်င္တဲ့ စိတ္ေတြရွိေပမယ့္ အရင္တုန္းက ျပန္မျဖစ္ႏိုင္ေတာ့တဲ့အခါ ကြၽန္မကို နားလည္ပါ ။ သဘာ၀တရားႀကီးေတြထဲမွာ … ႏွစ္ခါ မရႏိုင္တဲ့အရာေတြ အမ်ားႀကီးရွိတတ္ပါတယ္ ခုက်ေတာ့ အဲ့ဒီအရာေတြထဲမွာ ကြၽန္မလဲ တစ္ခုအပါအ၀င္ေပါ့ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း