အကြိမ်ကြိမ်နားလည်ပေးခဲ့ဖူးပါတယ် …

အကြိမ်ကြိမ်နားလည်ပေးခဲ့ဖူးပါတယ် …

ချစ်ခြင်းမေတ္တာတွေအကြောင်းကိုပြောပြီဆိုတာနဲ့ အနောက်မှာ နားလည်မှုလေးတွေဆိုတာကလဲ ကပ်ပါခဲ့တာပါပဲလေ … နားလည်မှု သူကကိုယ်မှမဟုတ်တာဆိုတဲ့စိတ်နဲ့ အမှားတွေလုပ်တဲ့အခါတောင် ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ နားလည်ပေးခဲ့ဖူးတယ်

နားလည်မှုမရှိတဲ့အချစ်က ပူလောင်ရတတ်တယ် ကျွန်မသူ့ကိုချစ်ခဲ့တာဟာ အတူတူ ပျော်ဖို့လေ မယုံသင်္ကာတွေနဲ့ ကိုယ့်ကိုယ်ကိုယ်လဲ မပူလောင်ချင်ခဲ့သလို သူ့ကိုလဲ အနေမခက်စေချင်ခဲ့ဘူး ။ ဒါက ကျွန်မဘက်က တွေးခဲ့ ဆင်ခြင်ခဲ့တာတွေပါ ။

စပြီးချစ်ခဲ့တုန်းကတော့ မကြိုက်တဲ့အရာတွေ နောက်မလုပ်တော့ပါဘူးဆိုတဲ့ မုသားနဲ့ရောထားတဲ့ကတိတွေ ပေးခဲ့ဖူးတယ် ဒါကိုလဲ ယုံတာပဲလားတဲ့ ယုံကြည်ချင်ခဲ့ဖူးတာပါ ဘယ်သူဘာပြောပြော ကိုယ်က သူ့ကို ယုံကြည်ပေးခဲ့မိတာပါ ။ အစစ်အမှန်မဟုတ်တဲ့အရာတွေဟာ ရေရှည်မခံခဲ့ပါဘူလေ .

ပထမတစ်ခါ … ကိုယ်မကြိုက်ဘူးဆိုတဲ့အရာတွေ လုပ်ခဲ့တုန်းက နောက်ဆိုရင်တော့ မလုပ်ပါနဲ့လားဆိုပြီးတော့ ကျွန်မ မျက်ရည်တွေနဲ့တားတယ် ။ ပြီးရင် သူပြန်လာမှာဆိုတဲ့အတွေးနဲ့ ဆက်ပြီးနားလည်ဖို့ကြိုးစားတယ် ဒါပေမယ့် အကြိမ်ကြိမ်အခါခါ ဖြစ်လာတဲ့အခါ နားလည်ပေးနေရတဲ့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေ မေးနေမိတယ်

ငါပဲ နားလည်ပေးခဲ့လွန်းလို့သူ ကိုယ့်စေတနာတွေကို မမြင်တော့တာလားဆိုတာမျိုးပေါ့ . တစ်နေ့ကျရင်တော့ဆိုပြီး မျှော်လင့်နေရတာတွေဟာ တဖြေးဖြေး ေ၀ဝါးလာသလို ဘာအတွက်ဆက်ပြီး နားလည်ပေးရမလဲ ကျွန်မမတွေးတတ်ဘူး အကြိမ်ကြိမ် ကျွန်မ နားလည်ပေးခဲ့မိပါတယ် ။ ဒါကပဲ သူဘာလုပ်လုပ် ရပါတယ်ဆိုတဲ့ အတွေးတွေ ဝင်သွားစေတာဖြစ်မယ် ။

သူ့အကျင့်တွေ ကိုယ်မကြိုက်တာတွေတော့ ဘယ်တော့မှ ပြင်လာမှာမဟုတ်တော့ဘူး ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

အၾကိမ္ၾကိမ္နားလည္ေပးခဲ့ဖူးပါတယ္ …

ခ်စ္ျခင္းေမတၱာေတြအေၾကာင္းကိုေျပာျပီဆိုတာနဲ႕ အေနာက္မွာ နားလည္မႈေလးေတြဆိုတာကလဲ ကပ္ပါခဲ့တာပါပဲေလ … နားလည္မႈ သူကကိုယ္မွမဟုတ္တာဆိုတဲ့စိတ္နဲ႕ အမွားေတြလုပ္တဲ့အခါေတာင္ ခ်စ္တဲ့စိတ္တစ္ခုတည္းနဲ့ နားလည္ေပးခဲ့ဖူးတယ္

နားလည္မႈမရွိတဲ့အခ်စ္က ပူေလာင္ရတတ္တယ္ ကြ်န္္မသူ့ကိုခ်စ္ခဲ့တာဟာ အတူတူ ေပ်ာ္ဖို့ေလ မယံုသကၤာေတြနဲ႕ ကိုယ့္ကိုယ္ကိုယ္လဲ မပူေလာင္ခ်င္ခဲ့သလို သူ ့ကိုလဲ အေနမခက္ေစခ်င္ခဲ့ဘူး ။ ဒါက ကြ်န္္မဘက္က ေတြးခဲ့ ဆင္ျခင္ခဲ့တာေတြပါ ။

စျပီးခ်စ္ခဲ့တုန္းကေတာ့ မၾကိဳက္တဲ့အရာေတြ ေနာက္မလုပ္ေတာ့ပါဘူးဆိုတဲ့ မုသားနဲ႔ေရာထားတဲ့ကတိေတြ ေပးခဲ့ဖူးတယ္ ဒါကိုလဲ ယံုတာပဲလားတဲ့ ယံုၾကည္ခ်င္ခဲ့ဖူးတာပါ ဘယ္သူဘာေျပာေျပာ ကုိယ္က သူ့ကို ယံုၾကည္ေပးခဲ့မိတာပါ ။ အစစ္အမွန္မဟုတ္တဲ့အရာေတြဟာ ေရရွည္မခံခဲ့ပါဘူေလ .

ပထမတစ္ခါ … ကိုယ္မၾကိဳက္ဘူးဆိုတဲ့အရာေတြ လုပ္ခဲ့တုန္းက ေနာက္ဆိုရင္ေတာ့ မလုပ္ပါနဲ႕လားဆိုျပီးေတာ့ ကြ်န္္မ မ်က္ရည္ေတြနဲ႕တားတယ္ ။ ျပီးရင္ သူျပန္လာမွာဆိုတဲ့အေတြးနဲ႕ ဆက္ျပီးနားလည္ဖို ့ၾကိဳးစားတယ္ ဒါေပမယ့္ အၾကိမ္ၾကိမ္အခါခါ ျဖစ္လာတဲ့အခါ နားလည္ေပးေနရတဲ့ ကိုိယ့္ကိုယ္ကိုယ္ ေမးခြန္းေတြ ေမးေနမိတယ္

ငါပဲ နားလည္ေပးခဲ့လြန္းလို ့သူ ကိုယ့္ေစတနာေတြကို မျမင္ေတာ့တာလားဆိုတာမ်ိဳးေပါ့ . တစ္ေန့က်ရင္ေတာ့ဆိုျပီး ေမွ်ာ္လင့္ေနရတာေတြဟာ တေျဖးေျဖး ေ၀၀ါးလာသလို ဘာအတြက္ဆက္ျပီး နားလည္ေပးရမလဲ ကြ်န္မမေတြးတတ္ဘူး အၾကိမ္ၾကိမ္ ကြ်န္မ နားလည္ေပးခဲ့မိပါတယ္ ။ ဒါကပဲ သူဘာလုပ္လုပ္ ရပါတယ္ဆိုတဲ့ အေတြးေတြ ၀င္သြားေစတာျဖစ္မယ္ ။

သူ ့အက်င့္ေတြ ကိုယ္မၾကိဳက္တာေတြေတာ့ ဘယ္ေတာ့မွ ျပင္လာမွာမဟုတ္ေတာ့ဘူး ။

မိန္္းမသားတုိ့အတြက္
သွ်င္ယြန္း