မိန်းကလေးတစ်ယောက် ဘယ်လောက်နာကျင်ပြီးမှ လက်လွှတ်ဖို့ကို တွေးလဲ ….
မိန်းကလေးတစ်ယောက် ဘယ်လောက်နာကျင်ပြီးမှ လက်လွှတ်ဖို့ကို တွေးလဲ ….
သေချာတာတစ်ခုကတော့ မိန်းကလေးတစ်ယောက်ဟာ လွယ်လွယ်လေး ချစ်နိုင်ပေမယ့်လဲ လွွယ်လွယ်လေးနဲ့ လက်လွှတ်ရဲတဲ့ သတ္တိတွေ မရှိဘူး ။ ပထမတစ်ခု သူ့နှလုံးသားကို သူအလုံးစုံ ပုံအပ်ထားတယ် ။ ဒုတိယတစ်ခု စချစ်တဲ့အချိန်ကတည်းက ဒီလူနဲ့ပဲ အိုမင်းသွားချင်တယ်လို့ တွေးထားတတ်ကြတယ် ။
ဒါတွေကြောင့်ပဲ … မိန်းကလေးတစ်ယောက်ဟာ သူချစ်မိတဲ့သူကို လွယ်လွယ်လေးနဲ့ လက်လွှတ်သွားကြမှာမဟုတ်ဘူး ။ စိတ်ကူးယဥ္တဲ့သူဆိုရင် … အနာဂတ်တွေအထိ အတူတူဆိုပြီး စိတ်ကူးတွေ ယဥ်​ေနမိလိမ့်မယ် ။ အိပ်မက်တွေ မက်နေမိလိမ့်မယ် ။
သိပ်ချစ်တတ်တဲ့မိန်းကလေးရဲ့ ဦးဏှောက်ဟာ နှလုံးသားရဲ့ အနောက်မှာပဲ ရှိနေတတ်တာလေ ။ သူ့ကို ချစ်တယ် ရင်ဘတ်ကြီးနဲ့ ခံစားလိုက်မယ် နာစရာရှိတဲ့အခါ ကြေကွဲစရာရှိတဲ့အခါ ရင်ဘတ်ကြီးထဲထည့် နာကျင်နေလိမ့်မယ် ။ ငါ စွန့်လွှတ်လိုက်ရတော့မလားဆိုပြီး ဦးဏှောက်က နည်းနည်းလေးမှာ တွေးမိမှာ မဟုတ်ဘူး ။
နှလုံးသားက နာကျင်ရတဲ့ ဒဏ်ကို ခံနိုင်ရည်မရှိတော့တဲ့အခါမှသာ ရင်နာနာနဲ့ လက်လွှတ်လိုက်ရတော့မှာလားဆိုပြီး စတွေးတယ် ။ အဲ့လိုတွေးမိလိုက်တဲ့အချိန်ဟာ သူ့နှလုံးသား စပြီးထုံအသွားတဲ့ အချိန်ပါပဲ ။ လွယ်လွွယ်လေးလို့ မပြောပါနဲ့ မျက်ရည်တွေ … အများကြီးရင်းခဲ့ရတယ် ။
အချိန်တွေ အများကြီး ရင်းခဲ့ရတယ် ။ ပျော်ရွှင်မှုတွေ အများကြီးစတေးခဲ့ရတယ် ။ တန်ဖိုးမထားခြင်းတွေ လျစ်လျူရှုခြင်းတွေ အများကြီး ခံခဲ့ရတယ် ။ ဒီလိုတွေ နာကျင်နေရဲ့တောင် လက်လွှတ်ဖို့ မတွေးသေးတဲ့ မိန်းမသားတွေ တကယ်အများကြီး ရှိပါတယ် ။
မိန်းမသားတို့အတွက်
သျှင်ယွန်း
မိန်းမသားတို့အတွက်
သျှင်ယွန်း