နေရာတကာ ကိုယ့်လိုထင်နေတတ်တဲ့ အကျင့်ကို ပြင်ပါ

နေရာတကာ ကိုယ့်လိုထင်နေတတ်တဲ့ အကျင့်ကို ပြင်ပါ။

ကိုယ်တွေးနေသလို သူလဲတွေးနေလိမ့်မယ်လို့ … တစ်ထစ်ချကြီးယုံကြည်လိုက်လို့မရဘူးလေ ။ သစ်ပင်ကောက်တာသာ တွေ့ရတတ်ပေမယ့် အတွင်းစိတ်ကောက်တဲ့လူတွေအကြောင်းကတော့ ကိုယ်တကယ် ဒုက္ခဖြစ်တဲ့အခါမှသာ တွေ့ရမြင်ရ သိရတတ်တာပါ ။

နေရာတကာ သူလဲ ငါ့အပေါ် ငါကောင်းသလို ပြန်ပြီးကောင်းနိုင်လိမ့်မယ်လို့လဲ ထင်မထားနဲ့ (မျှော်လင့်မထားနဲ့ ) တချို့လူတွေက ယူဖို့သက်သက် ကိုယ့်အနားမှာ ရပ်နေကြသလို … ဘာကြောင့် ပြန်ပြီးပေးရမှာလဲ ဆိုတဲ့အတွေးတွေပဲ ရှိနေတတ်တယ် ။ ဒါကြောင့်ပဲ ပေးနိုင်တဲ့အရာတွေရှိရင် ပေးလိုက်ပါ ဘာမှ ပြန်ပြီးမျှော်လင့်ထားမနေနဲ့ ကိုယ်ပဲ ပင်ပန်းမယ် ။

အားနည်းချက်တွေ လျှို့ဝှက်ချက်တွေ ကိုယ့်မှာ ရှိနေတဲ့အခါ ဘယ်သူ့ကိုမှ ထုတ်မပြတာဟာ အကောင်းဆုံးပါပဲ ။ ကို်ယ်က ထပ်တူ ခံစားပြီး နားလည်ပေးတတ်ပေမယ့်လဲ တစ်ဖက်လူက ကိုယ့်လိုအတွေး ရှိချင်မှ ရှိနေတတ်တာလေ ။ အနင်းခံရတတ်တယ် ။

နေရာတကာ ကိုယ့်လိုထင်နေတတ်တဲ့ အကျင့်လေးကိုပဲ ပြင်ပါ ။ ဘ၀ဟာ အရင်ကထက် နေရထိုင်ရတာ နဲနဲလေး အဆင်ပြေလာလိမ့်မယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေနရာတကာ ကိုယ့္လိုထင္ေနတတ္တဲ့ အက်င့္ကို ျပင္ပါ။

ကိုယ္ေတြးေနသလို သူလဲေတြးေနလိမ့္မယ္လို႔ … တစ္ထစ္ခ်ႀကီးယုံၾကည္လိုက္လို႔မရဘူးေလ ။ သစ္ပင္ေကာက္တာသာ ေတြ႕ရတတ္ေပမယ့္ အတြင္းစိတ္ေကာက္တဲ့လူေတြအေၾကာင္းကေတာ့ ကိုယ္တကယ္ ဒုကၡျဖစ္တဲ့အခါမွသာ ေတြ႕ရျမင္ရ သိရတတ္တာပါ ။

ေနရာတကာ သူလဲ ငါ့အေပၚ ငါေကာင္းသလို ျပန္ၿပီးေကာင္းႏိုင္လိမ့္မယ္လို႔လဲ ထင္မထားနဲ႔ (ေမွ်ာ္လင့္မထားနဲ႔ ) တခ်ိဳ႕လူေတြက ယူဖို႔သက္သက္ ကိုယ့္အနားမွာ ရပ္ေနၾကသလို … ဘာေၾကာင့္ ျပန္ၿပီးေပးရမွာလဲ ဆိုတဲ့အေတြးေတြပဲ ရွိေနတတ္တယ္ ။ ဒါေၾကာင့္ပဲ ေပးႏိုင္တဲ့အရာေတြရွိရင္ ေပးလိုက္ပါ ဘာမွ ျပန္ၿပီးေမွ်ာ္လင့္ထားမေနနဲ႔ ကိုယ္ပဲ ပင္ပန္းမယ္ ။

အားနည္းခ်က္ေတြ လွ်ိဳ႕ဝွက္ခ်က္ေတြ ကိုယ့္မွာ ရွိေနတဲ့အခါ ဘယ္သူ႔ကိုမွ ထုတ္မျပတာဟာ အေကာင္းဆုံးပါပဲ ။ ကို္ယ္က ထပ္တူ ခံစားၿပီး နားလည္ေပးတတ္ေပမယ့္လဲ တစ္ဖက္လူက ကိုယ့္လိုအေတြး ရွိခ်င္မွ ရွိေနတတ္တာေလ ။ အနင္းခံရတတ္တယ္ ။

ေနရာတကာ ကိုယ့္လိုထင္ေနတတ္တဲ့ အက်င့္ေလးကိုပဲ ျပင္ပါ ။ ဘ၀ဟာ အရင္ကထက္ ေနရထိုင္ရတာ နဲနဲေလး အဆင္ေျပလာလိမ့္မယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း