ပုံပြင်ဆိုတာကတည်းက….

ပုံပြင် …ဒီပုံပြင်လေးရဲ့အစက … ထာဝရ မင်းကို ချစ်နေမယ်ဆိုတဲ့စကားတွေက စတယ်တစ်သက်လုံးမင်းအနားရှိနေမှာပါဆိုတဲ့ မက်လုံးတွေက ကျွန်မအတွက် … အခုတော့ ပြက်လုံးတွေပေါ့ ။ မင်းကို အချစ်ဆုံးဆိုတဲ့ စကားလုံးတွေက အခုချိန်မှာ အရီရဆုံးပဲ

ပုံပြင်လေးရဲ့ အစကို ပြန်ပြီးသွားရမယ်ဆိုရင် …ကိုယ် မင်းကိုမှ မရရင် သေလိမ့်မယ်ဆိုတဲ့ စကားတွေက အဓိကကျတဲ့ … ဒိုင်ယာလော့တွေပေါ့ အဲ့ဒီစကားလုံးတွေကပဲ မချစ်တတ်တဲ့ ကျွန်မနှလုံးသားကို အတင်းအကျပ်ချစ်တတ်အောင် လှုပ်နိုးခဲ့တာတကယ် ဖြစ်လာနိုးနိုးဆိုတဲ့ မျှော်လင့်ချက်တွေလဲ ထားခဲ့မိတာကိုး။

ကျွန်မ … ငယ်ငယ်တုန်းကတော့ အဖွားပြောပြလေ့ရှိတဲ့ ကလေးပုံပြင်တွေနဲ့ အိပ်မက်လှလှတွေ မက်လေ့ရှိတယ် အသက်ကြီးလာတော့ သူပြောပြတဲ့ ပုံပြင်တွေနဲ့ ကျွန်မ တချို့ညတွေမှာ အိပ်မက်လှလှတွေ မက်တယ် ။ နောက်ပိုင်းကျရင် အိပ်မက်ဆိုးတွေ ဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့တဲ့ အိပ်မက်တွေပေါ့ ။

ဒီပုံပြင်လေးရဲ့ အလယ်ပိုင်းမှာကျ … ထာဝရဆိုတဲ့ စကားလုံးတွေကို အသွင်သွင်သုံးတယ် ။ ဒီတစ်သက် မင်းမှမင်းဆိုတဲ့ စကားလုံးလေးကို ကျွန်မ အကြိုက်ဆုံးပဲ ။ ကိုယ်ကိုယ်တိုင်က သူမှသူ ဖြစ်နေတဲ့အခါ ကျွန်မနဲ့ထပ်တူ ဖြစ်နေလိမ့်မယ်လို့ …တွေးထင်ရင် ပျော်ခဲ့မိတာတွေပေါ့ ။ အဆုံးသတ်တွေကို မသွားခင် ဒီရက်တွေမှာ ကျွန်မ ပျော်ခဲ့တယ်ဆိုတာ ဝန်ခံပါတယ် ။

ပုံပြင်ဆိုတာကတည်းက တကယ်ဖြစ်ပျက်ခဲ့ချင်မှ ဖြစ်ပျက်ခဲ့တာ နေမှာဆိုတဲ့ ယုံမှားသံသယတွေပါတယ် ။ ကျွန်မကို သူပြောပြတဲ့အရာတွေက တကယ်တမ်းကျတော့ ယုံတမ်းပုံပြင်သက်သက်ပါ … ထာဝရတွေနဲ့ စခဲ့တဲ့ပုံပြင်က အချိန်မတန်ခင်မှာပဲဆုံးတယ်လေ ။

ကိုယ်ပြုံးလို့မှ မဝသေးခင် … ကြည်နူးနေသေးလို့မှ မဆုံးသေးခင် … ဒီပုံပြင်လေးဟာ မျက်ရည်တွေနဲ့ ဆုံးတယ် ။ တစ်သက်စာ..ဆိုတဲ့စကားတွေမှာ မုသားတွေ ပါခဲ့မှန်း တကယ်မယုံနိုင်ခဲ့သေးဘူး ပြီးတော့… ထာဝရတွေဟာ ခဏနဲ့ဆုံးခဲ့မှန်း လက်သင့်မခံနိုင်သေးဘူး ။ ဒါပေမယ့် ပုံပြင်ရဲ့ သဘာဝအရ … ဇာတ်သိမ်းတွေကတော့ ရှိလာတာပါပဲ ။

ဒီဇာတ်သိမ်းလေးဟာ … နှစ်ယောက်ပေါင်းဖက်လေသတည်းဆိုတဲ့ … ပျော်ရွှင်စွာနဲ့ ပိတ်ကားတွေမချခဲ့ပဲ သူ့ပုံပြင်တွေက နောက်တစ်ယောက် ရင်ခွင်မှာဆုံးတယ် ။ အရင်က သူပြောပြတဲ့ပုံပြင်တွေကို ခုံမင်ခဲ့တဲ့ကိုယ်ကတော့ ဒီဇာတ်လမ်းမှာ မျက်ရည်တွေနဲ့ ရှုံးတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ပုံျပင္ …ဒီပုံျပင္ေလးရဲ႕အစက … ထာ၀ရ မင္းကို ခ်စ္ေနမယ္ဆိုတဲ့စကားေတြက စတယ္တစ္သက္လုံးမင္းအနားရွိေနမွာပါဆိုတဲ့ မက္လုံးေတြက ကြၽန္မအတြက္ … အခုေတာ့ ျပက္လုံးေတြေပါ့ ။ မင္းကို အခ်စ္ဆုံးဆိုတဲ့ စကားလုံးေတြက အခုခ်ိန္မွာ အရီရဆုံးပဲ

ပုံျပင္ေလးရဲ႕ အစကို ျပန္ၿပီးသြားရမယ္ဆိုရင္ …ကိုယ္ မင္းကိုမွ မရရင္ ေသလိမ့္မယ္ဆိုတဲ့ စကားေတြက အဓိကက်တဲ့ … ဒိုင္ယာေလာ့ေတြေပါ့ အဲ့ဒီစကားလုံးေတြကပဲ မခ်စ္တတ္တဲ့ ကြၽန္မႏွလုံးသားကို အတင္းအက်ပ္ခ်စ္တတ္ေအာင္ လႈပ္ႏိုးခဲ့တာတကယ္ ျဖစ္လာႏိုးႏိုးဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြလဲ ထားခဲ့မိတာကိုး။

ကြၽန္မ … ငယ္ငယ္တုန္းကေတာ့ အဖြားေျပာျပေလ့ရွိတဲ့ ကေလးပုံျပင္ေတြနဲ႔ အိပ္မက္လွလွေတြ မက္ေလ့ရွိတယ္ အသက္ႀကီးလာေတာ့ သူေျပာျပတဲ့ ပုံျပင္ေတြနဲ႔ ကြၽန္မ တခ်ိဳ႕ညေတြမွာ အိပ္မက္လွလွေတြ မက္တယ္ ။ ေနာက္ပိုင္းက်ရင္ အိပ္မက္ဆိုးေတြ ျဖစ္လာလိမ့္မယ္လို႔ မထင္ခဲ့တဲ့ အိပ္မက္ေတြေပါ့ ။

ဒီပုံျပင္ေလးရဲ႕ အလယ္ပိုင္းမွာက် … ထာ၀ရဆိုတဲ့ စကားလုံးေတြကို အသြင္သြင္သုံးတယ္ ။ ဒီတစ္သက္ မင္းမွမင္းဆိုတဲ့ စကားလုံးေလးကို ကြၽန္မ အႀကိဳက္ဆုံးပဲ ။ ကိုယ္ကိုယ္တိုင္က သူမွသူ ျဖစ္ေနတဲ့အခါ ကြၽန္မနဲ႔ထပ္တူ ျဖစ္ေနလိမ့္မယ္လို႔ …ေတြးထင္ရင္ ေပ်ာ္ခဲ့မိတာေတြေပါ့ ။ အဆုံးသတ္ေတြကို မသြားခင္ ဒီရက္ေတြမွာ ကြၽန္မ ေပ်ာ္ခဲ့တယ္ဆိုတာ ၀န္ခံပါတယ္ ။

ပုံျပင္ဆိုတာကတည္းက တကယ္ျဖစ္ပ်က္ခဲ့ခ်င္မွ ျဖစ္ပ်က္ခဲ့တာ ေနမွာဆိုတဲ့ ယုံမွားသံသယေတြပါတယ္ ။ ကြၽန္မကို သူေျပာျပတဲ့အရာေတြက တကယ္တမ္းက်ေတာ့ ယုံတမ္းပုံျပင္သက္သက္ပါ … ထာ၀ရေတြနဲ႔ စခဲ့တဲ့ပုံျပင္က အခ်ိန္မတန္ခင္မွာပဲဆုံးတယ္ေလ ။

ကိုယ္ၿပဳံးလို႔မွ မ၀ေသးခင္ … ၾကည္ႏူးေနေသးလို႔မွ မဆုံးေသးခင္ … ဒီပုံျပင္ေလးဟာ မ်က္ရည္ေတြနဲ႔ ဆုံးတယ္ ။ တစ္သက္စာ..ဆိုတဲ့စကားေတြမွာ မုသားေတြ ပါခဲ့မွန္း တကယ္မယုံႏိုင္ခဲ့ေသးဘူး ၿပီးေတာ့… ထာ၀ရေတြဟာ ခဏနဲ႔ဆုံးခဲ့မွန္း လက္သင့္မခံႏိုင္ေသးဘူး ။ ဒါေပမယ့္ ပုံျပင္ရဲ႕ သဘာ၀အရ … ဇာတ္သိမ္းေတြကေတာ့ ရွိလာတာပါပဲ ။

ဒီဇာတ္သိမ္းေလးဟာ … ႏွစ္ေယာက္ေပါင္းဖက္ေလသတည္းဆိုတဲ့ … ေပ်ာ္႐ႊင္စြာနဲ႔ ပိတ္ကားေတြမခ်ခဲ့ပဲ သူ႔ပုံျပင္ေတြက ေနာက္တစ္ေယာက္ ရင္ခြင္မွာဆုံးတယ္ ။ အရင္က သူေျပာျပတဲ့ပုံျပင္ေတြကို ခုံမင္ခဲ့တဲ့ကိုယ္ကေတာ့ ဒီဇာတ္လမ္းမွာ မ်က္ရည္ေတြနဲ႔ ရႈံးတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း