မြိုသိပ်တတ်တဲ့ ကောင်မလေး

ပေါက်ကွဲလွယ်တတ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ဒေါသကို မကြောက်ပါနဲ့… ထစ်ကနဲရှိ အော်မယ် ငေါက်မယ်ဆိုပေမယ့် အဲ့လိုတွေ အော်ပြီး ငေါက်ပြီးသွားတဲ့အခါ စိတ်ထဲကနေ အပြီးတိုင် ထုတ်ပစ်လိုက်ကြတာများတယ် ။ ပေါက်ကွဲလိုက်တဲ့အခါ သက်သာသွားတယ် ဆိုတာမျိုးပေါ့ ။

မြိုသိပ်တတ်တဲ့ မိန်းကလေးကကျတော့ … လွယ်လွယ်လေး မပေါက်ကွဲတတ်ပဲ … စကားလုံးတွေကိုပဲ ဖြစ်ဖြစ် နာကျင်ရတာတွေကိုပဲဖြစ်ဖြစ် ရင်ဘတ်ကြီးထဲ ထည့်ပြီး သိမ်းထားတတ်တယ် ။ သေလောက်အောင် နာကျင်နေရင်တောင် မျက်နှာမှာ မပေါ်တတ်ဘူး ။

သူ့စိတ်ထဲ ဘာတွေရှိနေမလဲ ခန့်မှန်းဖို့ မလွယ်ကူတတ်သလို အဆင်ပြေနေပါတယ်လို့ ပါးစပ်ကပြောတဲ့အခါ သူ့ရင်ဘတ်ထဲ မီးတွေလောင်ချင်လောင်နေတတ်တာလေ ။ အေးဆေးလေးလို့ ထင်ရတတ်ပေမယ့် တကယ်တမ်းကျတော့ လောင်ကျွမ်းနေရတတ်တယ် ။

ဒဏ်ရာပေါ် ဒဏ်ရာဆင့်လာတဲ့အခါ သောကတွေအပေါ် သောကတွေ ထပ်လာတဲ့အခါ မြိုသိပ်တတ်တဲ့ မိန်းကလေးဟာ ဘယ်သူ့မျက်နှာကိုမှ မကြည့်ပဲ ပေါက်ကွဲထွက်လာတတ်တယ် ။ ပြီးရင် လှည့်ထွက်သွားတတ်တယ် ။အနေအေးလိုက်တာဆိုပြီး အပူတွေ ခဏခဏ မပေးပါနဲ့ ။ သည်းခံတတ်လိုက်တာဆိုပြီး ခဏခဏဖိမနင်းပါနဲ့ ။ ခွင့်လွှတ်တတ်တာပဲဆိုပြီး ခဏခဏ အမှားတွေ မလုပ်နဲ့ ။

အရာအားလုံးကို ရင်ဘတ်ထဲ သိမ်းပြီး မြိုသိပ်တတ်သူတွေ ပေါက်ကွဲထွက်တဲ့အခါ သူက လွတ်လပ်သွားပြီး ကိုယ်က နောင်တတွေနဲ့ ကျန်ခဲ့ရလိမ့်မယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေပါက္ကြဲလြယ္တတ္တဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ေဒါသကို မေၾကာက္ပါနဲ႔… ထစ္ကနဲရွိ ေအာ္မယ္ ေငါက္မယ္ဆိုေပမယ့္ အဲ့လိုေတြ ေအာ္ၿပီး ေငါက္ၿပီးသြားတဲ့အခါ စိတ္ထဲကေန အၿပီးတိုင္ ထုတ္ပစ္လိုက္ၾကတာမ်ားတယ္ ။ ေပါက္ကြဲလိုက္တဲ့အခါ သက္သာသြားတယ္ ဆိုတာမ်ိဳးေပါ့ ။

ၿမိဳသိပ္တတ္တဲ့ မိန္းကေလးကက်ေတာ့ … လြယ္လြယ္ေလး မေပါက္ကြဲတတ္ပဲ … စကားလုံးေတြကိုပဲ ျဖစ္ျဖစ္ နာက်င္ရတာေတြကိုပဲျဖစ္ျဖစ္ ရင္ဘတ္ႀကီးထဲ ထည့္ၿပီး သိမ္းထားတတ္တယ္ ။ ေသေလာက္ေအာင္ နာက်င္ေနရင္ေတာင္ မ်က္ႏွာမွာ မေပၚတတ္ဘူး ။

သူ႔စိတ္ထဲ ဘာေတြရွိေနမလဲ ခန္႔မွန္းဖို႔ မလြယ္ကူတတ္သလို အဆင္ေျပေနပါတယ္လို႔ ပါးစပ္ကေျပာတဲ့အခါ သူ႔ရင္ဘတ္ထဲ မီးေတြေလာင္ခ်င္ေလာင္ေနတတ္တာေလ ။ ေအးေဆးေလးလို႔ ထင္ရတတ္ေပမယ့္ တကယ္တမ္းက်ေတာ့ ေလာင္ကြၽမ္းေနရတတ္တယ္ ။

ဒဏ္ရာေပၚ ဒဏ္ရာဆင့္လာတဲ့အခါ ေသာကေတြအေပၚ ေသာကေတြ ထပ္လာတဲ့အခါ ၿမိဳသိပ္တတ္တဲ့ မိန္းကေလးဟာ ဘယ္သူ႔မ်က္ႏွာကိုမွ မၾကည့္ပဲ ေပါက္ကြဲထြက္လာတတ္တယ္ ။ ၿပီးရင္ လွည့္ထြက္သြားတတ္တယ္ ။အေနေအးလိုက္တာဆိုၿပီး အပူေတြ ခဏခဏ မေပးပါနဲ႔ ။ သည္းခံတတ္လိုက္တာဆိုၿပီး ခဏခဏဖိမနင္းပါနဲ႔ ။ ခြင့္လႊတ္တတ္တာပဲဆိုၿပီး ခဏခဏ အမွားေတြ မလုပ္နဲ႔ ။

အရာအားလုံးကို ရင္ဘတ္ထဲ သိမ္းၿပီး ၿမိဳသိပ္တတ္သူေတြ ေပါက္ကြဲထြက္တဲ့အခါ သူက လြတ္လပ္သြားၿပီး ကိုယ္က ေနာင္တေတြနဲ႔ က်န္ခဲ့ရလိမ့္မယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း