လုံလောက်တာထက် ပိုပြီး နာကျင်ခဲ့တဲ့နှလုံးသားဟာ များသောအားဖြင့် ထုံအသွားကြတာများတယ်
နာကျင်မှုကြောင့် ပြောင်းလဲသွားတဲ့လူတစ်ယောက်ဟာ အရင်လို ပေါ့ပေါ့ပါးပါးလေး ပြန်ရယ်နိုင်ဖို့ဆိုတာ အတော့်ကို မလွယ်တဲ့ ကိစ္စပါ ။လုံလောက်တာထက် ပိုပြီး နာကျင်ခဲ့တဲ့နှလုံးသားဟာ များသောအားဖြင့် ထုံအသွားကြတာများတယ် ။
အရင်လို မဟုတ်တော့ဘူးနော် ဆိုတဲ့စကားကို လူတိုင်းပြောတတ်ပါတယ် ။ အရင်လို မဟုတ်တော့အောင် သူတို့တွေ ဘာတွေ လုပ်ခဲ့လဲဆိုတာကိုတော့ လူတိုင်း မမှတ်မိတတ်ကြဘူး ။ ဥပမာ အယုံလွယ်တဲ့သူကို ခဏခဏ သစ္စာဖောက်ခဲ့ပြီးမှ အရင်လိုလဲ မယုံတော့ဘူးလို့ ပြောတတ်တဲ့ လူတွေပေါ့ တကယ့်ကို ဟာသပါပဲ ။
လူတစ်ယောက်ပြောင်းလဲသွားခြင်းဟာ ဘယ်တော့မှ အကြောင်းမဲ့သက်သက်မဟုတ်ဘူး ။ မိန်းကလေးတစ်ယောက် ပြောင်းလဲ သွားခြင်းဆိုတာကတော့ ပိုလို့တောင် မဖြစ်နိုင်သေးတယ် ။ မိန်းကလေးဆိုတဲ့ သဘာဝအရ အစွဲအလမ်းကြီးတတ်တဲ့ အကျင့်ရယ် မှီခိုအားကိုးလိုတဲ့ စိတ်ရယ်ဟာ အလိုလိုပါပြီးသားပါ ။ အဲ့လိုမိန်းကလေးတစ်ယောက်က ဘယ်သူကမှ မလိုတော့ဘူးလို့ တကယ်အတည်ကြီးပြောတဲ့အခါ သူတကယ်လိုအပ်ခဲ့တဲ့သူဟာ သူ့ကို နာကျင်စရာတွေ အများကြီး ပေးခဲ့ဖူးလိမ့်မယ် ။
နာကျင်မှု … ဘာကြောင့်ပဲ ရတဲ့ နာကျင်မှုပဲ ဖြစ်ဖြစ်ပါ အဲ့ဒီနာကျင်မှုက ခံနိုင်ရည်ရှိတာထက် ကျော်လွန်သွားတဲ့အခါ ခံစားခဲ့ရတဲ့နှလုံးသားဟာ အသက်မဲ့သွားဖို့လမ်း ပိုများတယ် ။ အချစ်ကြောင့် နာကျင်ခဲ့ရတဲ့ နှလုံးသားဟာ အချစ်ကို နောက်ထပ် ခံစားလို့မရတော့အထိ ဖြစ်သွားနိုင်သလို အစွဲအလမ်းကြီးမှုကြောင့် နာကျင်ခဲ့တဲ့နှလုံးသားဟာ သေချာပါတယ် နောက်ထပ် ဘယ်အရာကိုမှ မစွဲလမ်းဖြစ်တော့ပါ ။
အဲ့လို နာကျင်မှုကြောင့် ပြောင်းလဲသွားတဲ့လူတစ်ယောက်ဟာလဲ အရင်လို ပေါ့ပေါ့ပါးပါးလေးပြုံးဖို့ တော်တော်လေးကို မလွယ်တဲ့ ကိစ္စပါ ။
မိန်းမသားတို့အတွက်
သျှင်ယွန်း
နာက်င္မှုကြောင့်ျေပာင်းလဲသြားတဲ့လူတစ်ယောက်ဟာ အရင္လို ပေါ့ပေါ့ပါးပါးလေျးပန်ရယ္နိုင္ဖို့ဆိုတာ အေတာ့်ကို မလြယ္တဲ့ ကိစ္စပါ ။လုံလောက္တာထက် ပိုပြီး နာက်င္ခဲ့တဲ့နွလုံးသားဟာ မ်ားသောအာျးဖင့် ထုံအသြားကြတာမ်ားတယ် ။
အရင္လို မဟုတ်တော့ဘူးနော် ဆိုတဲ့စကားကို လူတိုင်ျးေပာတတ္ပါတယ် ။ အရင္လို မဟုတ်တော့အောင် သူတို့တြေ ဘာတြေ လုပ္ခဲ့လဲဆိုတာကိုတော့ လူတိုင်း မမွတ္မိတတ်ကြဘူး ။ ဥပမာ အယုံလြယ္တဲ့သူကို ခဏခဏ သစ္စာဖောက္ခဲ့ပြီးမွ အရင္လိုလဲ မယုံတော့ဘူးလို့ျေပာတတ္တဲ့ လူတြေပါ့ တကယ့်ကို ဟာသပါပဲ ။
မိန်းမသားတို့အတွက်
သျှင်ယွန်း