ကျွန်မ အရင်လို မပြုံးတတ်တော့ဘူး

အရင်လို မပြုံးတတ်တော့ဘူး

လှိုက်လှိုက်လှဲလှဲပြုံးခဲ့ဖူးတဲ့ နှုတ်ခမ်းတွေ အသက်မဲ့သွားတဲ့အထိ ကျွန်မ နှလုံးသားတွေဟာလဲ တဖြေးဖြေး မာကျောလာခဲ့ပြီ . ဘာကြောင့်လဲ မမေးပါနဲ့တော့ အရင်လိုတော့ ကျွန်မ လှလှပပလေး မပြုံးတတ်တော့ဘူး အသက်ရှိတဲ့ လူသားတစ်ယောက်မှာ နှလုံးသားက အလိုလိုနေရင်း မာကျောသွားတာတော့ မဟုတ်ဘူးလေ …

တချို့လူတွေပေးတဲ့ သင်္ခန်းစာပေါ့ … ဒါကိုပဲ ကောင်းကောင်းကျေညှက်ခဲ့ပြီလို့ဆိုရမယ် ..အလွယ်တကူလေး ယုံခဲ့ဖူးတဲ့ကောင်မလေး ခဏခဏအလိမ်ခံ အညာခံရတဲ့အခါ နောက်ထပ်ယုံကြည်ရမှာထပ်ပြီးကြောက်လာတတ်တယ် ။ အချစ်ကြောင့် နာကျင်ခဲ့ဖူးတဲ့ကောင်မလေးက နောက်ထပ် ထပ်ချစ်ရမှာကို ကြောက်သွားတတ်တယ်

ဒီလိုပါပဲ .. ကျွန်မ အချိန်တွေ အကြာကြီးထိ ကိုယ့်ကို နာကျင်စေတဲ့အရပ်မှာ ရပ်နေမိရင်းက ကိုယ့်ပျော်ရွှင်မှုကို ကိုယ်ကိုယ်တိုင် စတေးပစ်ခဲ့တာလေ ။ ကျွန်မမှာ ခံနိုင်ရည်အားမရှိတော့လို့လှည့်ထွက်ခဲ့ပေမယ့် အရင်တုန်းက အပြုံးတွေကပ်ပါမလာခဲ့တော့ဘူးလေ …

ကျွန်မ ပြုံးနေပါတယ် ဒါပေမယ့် အရင်တုန်းကလို လုံးဝမဟုတ်တော့ဘူး .. အရင်တုန်းက ဘယ်လိုပြုံးခဲ့ဖူးတာလဲ မမှတ်မိတော့ထိ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေခဲ့တာလေ … ဘာကြောင့်လဲ မမေးပါနဲ့တော့ သေချာတာတစ်ခုကတော့ ကျွန်မ အရင်လို မပြုံးတတ်တော့ဘူး

နှုတ်ခမ်းတွေဟာ တဖြေးဖြေး အသက်မဲ့လာသလို နှလုံးသွေးတွေဟာလဲ တဖြေးဖြေး အေးစက်လာပါပြီ ဒီထက်ပိုပြီး မာကျောသွားဖို့ကလွဲလို့တခြားလမ်းတွေတော့ ကျွန်မ ကိုယ်တိုင်လဲ မမြင်မိဘူး မပျော်ပဲ ပြုံးခဲ့ဖူးတဲ့ အချိန်တွေကို တစ်ခါတစ်လေတော့လဲ ပြန်လွမ်းတယ် အခုချိန် အဲ့လို ပြုံးတတ်သေးရင်တော့ ကောင်းမှာပေါ့ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

အရင္လို မျပံဳးတတ္ေတာ့ဘူး

လိႈက္လိႈက္လွဲလွဲျပံဳးခဲ့ဖူးတဲ့ နႈတ္ခမ္းေတြ အသက္မဲ့သြားတဲ့အထိ ကြ်န္မ နွလံုးသားေတြဟာလဲ တေျဖးေျဖး မာေက်ာလာခဲ့ျပီ . ဘာေၾကာင့္လဲ မေမးပါနဲ႕ေတာ့ အရင္လိုေတာ့ ကြ်န္မ လွလွပပေလး မျပံဳးတတ္ေတာ့ဘူး အသက္ရွိတဲ့ လူသားတစ္ေယာက္မွာ ႏွလံုးသားက အလုိလုိေနရင္း မာေက်ာသြားတာေတာ့ မဟုတ္ဘူးေလ …

တခ်ိဳ႕လူေတြေပးတဲ့ သခၤန္းစာေပါ့ … ဒါကိုပဲ ေကာင္းေကာင္းေက်ညွက္ခဲ့ျပီလုိ့ဆိုရမယ္ ..အလြယ္တကူေလး ယံုခဲ့ဖူးတဲ့ေကာင္မေလး ခဏခဏအလိမ္ခံ အညာခံရတဲ့အခါ ေနာက္ထပ္ယံုၾကည္ရမွာထပ္ျပီးေၾကာက္လာတတ္တယ္ ။ အခ်စ္ေၾကာင့္ နာက်င္ခဲ့ဖူးတဲ့ေကာင္မေလးက ေနာက္ထပ္ ထပ္ခ်စ္ရမွာကို ေၾကာက္သြားတတ္တယ္

ဒီလိုပါပဲ .. ကြ်န္မ အခ်ိန္ေတြ အၾကာၾကီးထိ ကိုယ့္ကို နာက်င္ေစတဲ့အရပ္မွာ ရပ္ေနမိရင္းက ကိုယ့္ေပ်ာ္ရႊင္မႈကို ကိုယ္ကိုယ္တုိိင္ စေတးပစ္ခဲ့တာေလ ။ ကြ်န္မမွာ ခံနုိင္ရည္အားမရွိေတာ့လုိ ့လွည့္ထြက္ခဲ့ေပမယ့္ အရင္တုန္းက အျပံဳးေတြကပ္ပါမလာခဲ့ေတာ့ဘူးေလ …

ကြ်န္မ ျပံဳးေနပါတယ္ ဒါေပမယ့္ အရင္တုန္းကလို လံုး၀မဟုတ္ေတာ့ဘူး .. အရင္တုန္းက ဘယ္လိုျပံဳးခဲ့ဖူးတာလဲ မမွတ္မိေတာ့ထိ ကိုယ့္ကိုယ္ကိုယ္ ေပ်ာက္ဆံုးေနခဲ့တာေလ … ဘာေၾကာင့္လဲ မေမးပါနဲ႕ေတာ့ ေသခ်ာတာတစ္ခုကေတာ့ ကြ်န္မ အရင္လုိ မျပံဳးတတ္ေတာ့ဘူး

နႈတ္ခမ္းေတြဟာ တေျဖးေျဖး အသက္မဲ့လာသလို နွလံုးေသြးေတြဟာလဲ တေျဖးေျဖး ေအးစက္လာပါျပီ ဒီထက္ပိုျပီး မာေက်ာသြားဖို့ကလြဲလုိ ့တျခားလမ္းေတြေတာ့ ကြ်န္္မ ကိုယ္တုိင္လဲ မျမင္မိဘူး မေပ်ာ္ပဲ ျပံဳးခဲဲ့ဖူးတဲ့ အခ်ိန္ေတြကို တစ္ခါတစ္ေလေတာ့လဲ ျပန္လြမ္းတယ္ အခုခ်ိန္ အဲ့လုိ ျပံဳးတတ္ေသးရင္ေတာ့ ေကာင္းမွာေပါ့ ။

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း