လမ်းခွဲပြီးသွားမှ ပြန်လာချင်ပါတယ်ဆိုရင် …

လမ်းခွဲပြီးသွားမှ ပြန်လာချင်ပါတယ်ဆိုရင် …

သူတကယ်နောင်တရနေပြီထင်တယ်ဆိုတဲ့အတွေး ကိုယ့်ကိုယ်ကိုပြန်တွေးနေမိပြီဆိုရင် … နောက်တစ်ကြိမ်သေဖို့ကိုယ်ကိုယ်တိုင် ကျင်းတူးလိုက်တာနဲ့အတူတူပါပဲ တချို့တွေက နောင်တရနေတာမဟုတ်ပဲ နားစရာကိုင်း ပျောက်သွားလို့ခဏပြန်လာနားတာပါ ဒါကို အတည်ကြီး မှတ်လိုက်လို့မရဘူး

တစ်ကြိမ်တစ်ခါလောက် အခွင့်အရေးပေးကောင်းပါရဲ့ဆိုတာ အမှားတိုင်းအတွက်မဟုတ်ဘူး အဓိကတော့ ဖောက်ပြားတတ်တဲ့လူတွေအတွက်ဆို ပိုလို့တောင် မဖြစ်နိုင်သေးတယ် ။ ခြံတစ်ခါ ခုန်ဖူးတဲ့ နွားက နောက်တစ်ကြိမ်အလွယ်လေး ခုန်ပြသွားလိမ့်မယ် ကိုယ်တောင်းပန်တာတောင်လှည့်မကြည့်တဲ့သူ နောက်တစ်ကြိမ်လဲ ကိုယ့်ကို ဂရုစိုက်နေမှာမဟုတ်ပါဘူး

သူ ရုန်းခဲ့တုန်းက ဆွဲထားခဲ့ဖူးတဲ့လက်တွေရှိလိမ့်မယ် သူ ထားသွားမယ်ဆိုတုန်းက တောင်းပန်ခဲ့ဖူးတဲ့ မျက်ရည်တွေ ရှိလိမ့်မယ် သူနဲနဲလေးတောင် ငဲ့ဲကြည့်ခဲ့လို့လား သူနဲနဲလေးတောင် သနားပေးခဲ့လို့လား အဲ့ဒီနေ့ရက်တွေတုန်းက ကိုယ်ဘယ်လိုဖြတ်သန်းခဲ့ရတာလဲဆိုတာ ကိုယ်ကိုယ်တိုင်ပဲ သိပါတယ်

သူပျော်နေရယ်နေတဲ့အချိန်တိုင်း ကိုယ်ဘယ်လိုနာကျင်ခဲ့ရတာလဲဆိုတာ ကိုယ်ကိုယ်တိုင်ပဲ သိပါတယ် သူနဲနဲလေးတောင် လှည့်ကြည့်ဖော်ရခဲ့လို့လား …အဲ့လိုလူတစ်ယောက်က ခုမှ နောင်တတွေရနေပါပြီဆိုတဲ့စကားနဲ့ ကိုယ့်ဆီပြန်လှည့်ချင်နေတာကို အဟုတ်ကြီးတကယ်မှတ်နေမယ်ဆိုရင်တော့ နောက်တစ်ကြိမ်ပြန်သေဖို့အဆင်သင့်ဖြစ်နေဖို့လိုတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

လမ္းခြဲၿပီးသြားမွ ျပန္လာခ်င္ပါတယ္ဆိုရင္ …

သူတကယ္ေနာင္တရေနၿပီထင္တယ္ဆိုတဲ့အေတြး ကိုယ့္ကိုယ္ကိုျပန္ေတြးေနမိၿပီဆိုရင္ … ေနာက္တစ္ႀကိမ္ေသဖို႔ကိုယ္ကိုယ္တိုင္ က်င္းတူးလိုက္တာနဲ႔အတူတူပါပဲ တခ်ိဳ႕ေတြက ေနာင္တရေနတာမဟုတ္ပဲ နားစရာကိုင္း ေပ်ာက္သြားလို႔ခဏျပန္လာနားတာပါ ဒါကို အတည္ႀကီး မွတ္လိုက္လို႔မရဘူး

တစ္ႀကိမ္တစ္ခါေလာက္ အခြင့္အေရးေပးေကာင္းပါရဲ႕ဆိုတာ အမွားတိုင္းအတြက္မဟုတ္ဘူး အဓိကေတာ့ ေဖာက္ျပားတတ္တဲ့လူေတြအတြက္ဆို ပိုလို႔ေတာင္ မျဖစ္ႏိုင္ေသးတယ္ ။ ၿခံတစ္ခါ ခုန္ဖူးတဲ့ ႏြားက ေနာက္တစ္ႀကိမ္အလြယ္ေလး ခုန္ျပသြားလိမ့္မယ္ ကိုယ္ေတာင္းပန္တာေတာင္လွည့္မၾကည့္တဲ့သူ ေနာက္တစ္ႀကိမ္လဲ ကိုယ့္ကို ဂ႐ုစိုက္ေနမွာမဟုတ္ပါဘူး

သူ ႐ုန္းခဲ့တုန္းက ဆြဲထားခဲ့ဖူးတဲ့လက္ေတြရွိလိမ့္မယ္ သူ ထားသြားမယ္ဆိုတုန္းက ေတာင္းပန္ခဲ့ဖူးတဲ့ မ်က္ရည္ေတြ ရွိလိမ့္မယ္ သူနဲနဲေလးေတာင္ ငဲ့ဲၾကည့္ခဲ့လို႔လား သူနဲနဲေလးေတာင္ သနားေပးခဲ့လို႔လား အဲ့ဒီေန႔ရက္ေတြတုန္းက ကိုယ္ဘယ္လိုျဖတ္သန္းခဲ့ရတာလဲဆိုတာ ကိုယ္ကိုယ္တိုင္ပဲ သိပါတယ္

သူေပ်ာ္ေနရယ္ေနတဲ့အခ်ိန္တိုင္း ကိုယ္ဘယ္လိုနာက်င္ခဲ့ရတာလဲဆိုတာ ကိုယ္ကိုယ္တိုင္ပဲ သိပါတယ္ သူနဲနဲေလးေတာင္ လွည့္ၾကည့္ေဖာ္ရခဲ့လို႔လား …အဲ့လိုလူတစ္ေယာက္က ခုမွ ေနာင္တေတြရေနပါၿပီဆိုတဲ့စကားနဲ႔ ကိုယ့္ဆီျပန္လွည့္ခ်င္ေနတာကို အဟုတ္ႀကီးတကယ္မွတ္ေနမယ္ဆိုရင္ေတာ့ ေနာက္တစ္ႀကိမ္ျပန္ေသဖို႔အဆင္သင့္ျဖစ္ေနဖို႔လိုတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း