သူကိုယ့်အနားရှိနေလို့လဲ ကိုယ်မပျော်ရတော့ပါဘူး

သူကိုယ့်အနားရှိနေလို့လဲ ကိုယ်မပျော်ရတော့ပါဘူး

သူမရှိရင်မနေနိုင်ပါဘူးဆိုတဲ့စကားတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ညာတယ် ပြီးတော့ ကိုယ့်ကိုမစာနာတဲ့သူကိုမှ မျက်ရည်တွေနဲ့ဆွဲထားပြီး ကိုယ့်အနားပါနေပါဆိုပြီးတောင်းပန်တယ် ။ သူရှိနေရင်ကော ကိုယ်ပျော်နေရမယ်လို့ထင်နေတာလား ညီမလေးရယ်

သေချာတွေးကြည့်မယ်ဆိုရင် သေချာပေါက် ညီမလေး ပျော်ရတော့မှာမဟုတ်ဘူး ကိုယ်က ဆွဲထားလိုက်တယ်ဆိုကတည်းက သူ မပျော်ပဲရပ်နေလိုက်ရသလို ကိုယ့်ကို မလိုအပ်ပဲ ကိုယ့်အနားမှာ ရှိနေရုံသက်သက်ပါပဲ အဲ့လိုတွေးမိတဲ့အခါတိုင်း ကိုယ်တစ်ခါ ငိုရတတ်တယ်

ငါမရှိရင် သူမနေနိုင်ပါဘူးဆိုတဲ့အတွေးတွေရယ် ငါဘာလုပ်လုပ် သူငါ့ကို ခွဲမသွားနိုင်ပါဘူးဆိုတဲ့အတွေးတွေ လွယ်လွယ်လေးတွေးသွားကြလိမ့်မယ် အရင်ကတောင် ကိုယ့်ကိုမစာနာတာ အရင်ကထက်ကိုယ့်ကို ပိုပြီးရက်စက်ဖို့ပဲတွေးတော့မှာလေ ။ ကိုယ်ငိုရင် ကိုယ်ကိုယ်တိုင်တိတ်ရပြီး ကိုယ်နဲနဲလေးတင်းလိုက်တာနဲ့ သူလှည့်ထွက်သွားလိမ့်မယ်

ကိုယ့်စိတ်ကိုယ် မပြတ်မသားမချင်း ဒီဝဋ်တွေက ကျွတ်ဖို့လမ်းမမြင်ပါဘူး နှစ်တွေကြာလာတဲ့အခါ ငါဘာကြောင့်ဆွဲထားမိပါလိမ့်ဆိုတဲ့နောင်တတွေ ရလာတဲ့အခါမှ ရုန်းမရအောင် နစ်နေမယ်ဆိုရင် မိအေး နှစ်ခါမက နာပါတယ် ။

ကိုယ်ဆွဲမှမြဲမယ့်လက်ဆို လွှတ်ချပေးလိုက်တော့ ကိုယ်ငိုမှ ပျော်မယ့်ဝဋ်တွေကို ကျေအောင်ဆပ်လိုက်တော့ ဘဝဆိုတာ တိုတိုလေးပါတဲ့ တကယ်တမ်းဒုက္ခတွေနဲ့နေထိုင်ရတဲ့အခါ နေ့ရက်တိုင်းက ရှည်ပါတယ် သူအနားမှာရှိနေပေမယ့် ကိုယ်မပျော်တော့တာထက်စာရင် နှစ်ယောက်သွားဝေးနေကြတာ ပိုကောင်းပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

သူကိုယ့္အနားရွိေနလို့လဲ ကိုယ္မေပ်ာ္ရေတာ့ပါဘူး

သူမရွိရင္မေနနုိိင္ပါဘူးဆိုတဲ့စကားေတြနဲ႕ ကိုယ့္ကိုယ္ကိုယ္ညာတယ္ ျပီးေတာ့ ကိုယ့္ကိုမစာနာတဲ့သူကိုမွ မ်က္ရည္ေတြနဲ႕ဆြဲထားျပီး ကုိယ့္အနားပါေနပါဆိုျပီးေတာင္းပန္တယ္ ။ သူရွိေနရင္ေကာ ကိုယ္ေပ်ာ္ေနရမယ္လုိ့ထင္ေနတာလား ညီမေလးရယ္

ေသခ်ာေတြးၾကည့္မယ္ဆိုရင္ ေသခ်ာေပါက္ ညီမေလး ေပ်ာ္ရေတာ့မွာမဟုတ္ဘူး ကိုယ္က ဆဲြထားလိုက္တယ္ဆုိကတည္းက သူ မေပ်ာ္ပဲရပ္ေနလိုက္ရသလုိ ကိုယ့္ကို မလုိအပ္ပဲ ကိုယ့္အနားမွာ ရွိေနရံုသက္သက္ပါပဲ အဲ့လုိေတြးမိတဲ့အခါတိုင္း ကိုယ္တစ္ခါ ငိုရတတ္တယ္

ငါမရွိရင္ သူမေနနိုင္ပါဘူးဆိုတဲ့အေတြးေတြရယ္ ငါဘာလုပ္လုပ္ သူငါ့ကို ခြဲမသြားနုိင္ပါဘူးဆိုတဲ့အေတြးေတြ လြယ္လြယ္ေလးေတြးသြားၾကလိမ့္မယ္ အရင္ကေတာင္ ကိုယ့္ကိုမစာနာတာ အရင္ကထက္ကိုယ့္ကို ပိုျပီးရက္စက္ဖိုိ့ပဲေတြးေတာ့မွာေလ ။ ကိုယ္ငိုရင္ ကုိယ္ကိုယ္တိုင္တိတ္ရျပီး ကိုယ္နဲနဲေလးတင္းလုိက္တာနဲ႕ သူလွည့္ထြက္သြားလိ္မ့္မယ္

ကိုယ့္စိတ္ကိုယ္ မျပတ္မသားမခ်င္း ဒီ၀ဋ္ေတြက ကြ်တ္ဖို့လမ္းမျမင္ပါဘူး နွစ္ေတြၾကာလာတဲ့အခါ ငါဘာေၾကာင့္ဆြဲထားမိပါလိမ့္ဆိုတဲ့ေနာင္တေတြ ရလာတဲ့အခါမွ ရုန္းမရေအာင္ နစ္ေနမယ္ဆိုရင္ မိေအး နွစ္ခါမက နာပါတယ္ ။

ကိုယ္ဆြဲမွျမဲမယ့္လက္ဆို လႊတ္ခ်ေပးလိုက္ေတာ့ ကိုယ္ငိုမွ ေပ်ာ္မယ့္၀ဋ္ေတြကို ေက်ေအာင္ဆပ္လုိက္ေတာ့ ဘ၀ဆိုတာ တိုတိုေလးပါတဲ့ တကယ္တမ္းဒုကၡေတြနဲ႔ေနထိုင္ရတဲ့အခါ ေန႔ရက္တိုင္းက ရွည္ပါတယ္ သူအနားမွာရွိေနေပမယ့္ ကိုယ္မေပ်ာ္ေတာ့တာထက္စာရင္ နွစ္ေယာက္သြားေ၀းေနၾကတာ ပိုေကာင္းပါတယ္ ။

မိန္းမသားတို့အတြက္
သွ်င္ယြန္း