ခွင့်လွှတ်ဖို့ မဖြစ်နိုင်တော့တဲ့အခါ …

ခွင့်လွှတ်ဖို့ မဖြစ်နိုင်တော့တဲ့အခါ …

ခွင့်လွှတ်တတ်ခြင်းဆိုတာ … ရင့်ကျက်သူတွေ အေးချမ်းတဲ့သူတွေပဲ သုံးတတ်ကြတဲ့ အရာတဲ့ … ကျွန်မ ကိုယ်တိုင်ကလဲ ရင့်ကျက်ချင်တယ် ပြီးတော့ အေးချမ်းချင်ပါတယ် ။ ဒါပေမယ့် တချို့နေရာတွေမှာ အမြဲတမ်းခွင့်လွှတ်နေရလောက်တဲ့အထိ ကျွန်မ မရင့်ကျက်ခဲ့သေးဘူး ။

သူတော့ အမှန်တွေ ပြင်လာမှာပါဆိုတဲ့ အတွေးတွေနဲ့ ကျွန်မ ပထမတစ်ခါ ခွင့်လွှတ်ပေးခဲ့ဖူးတယ် ။ ဒါပေမယ့် အမှန်တွေ မပြင်ခဲ့တဲ့အပြင် နောက်ထပ် အမှားတွေကို အရင်က ကျွန်မက မသိအောင် လုပ်ရာကတဆင့် ကျွန်မ အရှေ့မှာတင် ပေါ်ပေါ်တင်တင်လုပ်လာတဲ့အထိ ဖြစ်လာခဲ့တယ် ။

ဒုတိယတစ်ခါ ကျွန်မ ထပ်ပြီး တုံးအခဲ့သေးတယ် ။ ကျွန်မ ရဲ့စေတနာတွေ မြင်လာမှာပါ … မှားနေတဲ့အရာတွေ မြင်လာမှာပါဆိုတဲ့ အတွေးတွေ ထားခဲ့မိသေးတယ် ။ တကယ်တမ်းကျတော့ သူ့အတွေးမှာ ကိုယ်ဟာ … သူ ဘာမှားလုပ်လုပ် ထပ်ပြီး ထပ်ပြီး ခွင့်လွှတ်နေမှာပါဆိုတဲ့ အတွေးတွေတွေပဲ ရှိနေခဲ့တာပါ ။

ဘယ်တော့မှ အမှားတွေ မြင်လာမှာ မဟုတ်ခဲ့သလို အမှန်တွေ ပြင်လာဖို့လဲ လမ်းတွေ မမြင်တော့ဘူး ။ ထပ်ပြီးခွင့်လွှတ်ဖို့ရာ ဘယ်လို မျှော်လင့်ချက်ထားမလဲ မသိဖြစ်လာရတယ် ။ ပြီးတော့ ကျွန်မ ပြုပြင်ဖို့ကြိုးစားနေတဲ့အရာတွေဟာ ဗီဇတွေ ဖြစ်နေမှန်း တဖြေးဖြေးချင် သဘောပေါက်လာခဲ့တယ် ။

နောက်ဆုံး … ခွင့်လွှတ်လို့ မရတဲ့အဆုံးမှာတော့ စွန့်လွှတ်လိုက်ဖို့ကိုပဲ ကျွန်မ ရင်နာနာနဲ့ ရွေးခဲ့မိတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ခြင့္လႊတ္ဖို႔ မျဖစ္ႏိုင္ေတာ့တဲ့အခါ …

ခြင့္လႊတ္တတ္ျခင္းဆိုတာ … ရင့္က်က္သူေတြ ေအးခ်မ္းတဲ့သူေတြပဲ သုံးတတ္ၾကတဲ့ အရာတဲ့ … ကြၽန္မ ကိုယ္တိုင္ကလဲ ရင့္က်က္ခ်င္တယ္ ၿပီးေတာ့ ေအးခ်မ္းခ်င္ပါတယ္ ။ ဒါေပမယ့္ တခ်ိဳ႕ေနရာေတြမွာ အၿမဲတမ္းခြင့္လႊတ္ေနရေလာက္တဲ့အထိ ကြၽန္မ မရင့္က်က္ခဲ့ေသးဘူး ။

သူေတာ့ အမွန္ေတြ ျပင္လာမွာပါဆိုတဲ့ အေတြးေတြနဲ႔ ကြၽန္မ ပထမတစ္ခါ ခြင့္လႊတ္ေပးခဲ့ဖူးတယ္ ။ ဒါေပမယ့္ အမွန္ေတြ မျပင္ခဲ့တဲ့အျပင္ ေနာက္ထပ္ အမွားေတြကို အရင္က ကြၽန္မက မသိေအာင္ လုပ္ရာကတဆင့္ ကြၽန္မ အေရွ႕မွာတင္ ေပၚေပၚတင္တင္လုပ္လာတဲ့အထိ ျဖစ္လာခဲ့တယ္ ။

ဒုတိယတစ္ခါ ကြၽန္မ ထပ္ၿပီး တုံးအခဲ့ေသးတယ္ ။ ကြၽန္မ ရဲ႕ေစတနာေတြ ျမင္လာမွာပါ … မွားေနတဲ့အရာေတြ ျမင္လာမွာပါဆိုတဲ့ အေတြးေတြ ထားခဲ့မိေသးတယ္ ။ တကယ္တမ္းက်ေတာ့ သူ႔အေတြးမွာ ကိုယ္ဟာ … သူ ဘာမွားလုပ္လုပ္ ထပ္ၿပီး ထပ္ၿပီး ခြင့္လႊတ္ေနမွာပါဆိုတဲ့ အေတြးေတြေတြပဲ ရွိေနခဲ့တာပါ ။

ဘယ္ေတာ့မွ အမွားေတြ ျမင္လာမွာ မဟုတ္ခဲ့သလို အမွန္ေတြ ျပင္လာဖို႔လဲ လမ္းေတြ မျမင္ေတာ့ဘူး ။ ထပ္ၿပီးခြင့္လႊတ္ဖို႔ရာ ဘယ္လို ေမွ်ာ္လင့္ခ်က္ထားမလဲ မသိျဖစ္လာရတယ္ ။ ၿပီးေတာ့ ကြၽန္မ ျပဳျပင္ဖို႔ႀကိဳးစားေနတဲ့အရာေတြဟာ ဗီဇေတြ ျဖစ္ေနမွန္း တေျဖးေျဖးခ်င္ သေဘာေပါက္လာခဲ့တယ္ ။

ေနာက္ဆုံး … ခြင့္လႊတ္လို႔ မရတဲ့အဆုံးမွာေတာ့ စြန္႔လႊတ္လိုက္ဖို႔ကိုပဲ ကြၽန္မ ရင္နာနာနဲ႔ ေ႐ြးခဲ့မိတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း