ကိုယ့်လောက်မနာကျင်စေဖို့ဆုတောင်းပါတယ် ကိုယ့်လိုခံနိုင်ရည်မရှိမှာစိုးလို့

၀ဋ်လည်ခဲ့ရင်တောင် ကိုယ့်လောက်မနာကျင်စေဖို့ဆုတောင်းပါတယ် ကိုယ့်လိုခံနိုင်ရည်မရှိမှာစိုးလို့

ကိုယ့်လိုမနာကျင်ပါစေနဲ့ဆိုတဲ့စကားဟာ တချို့က ကျိန်စာလို့ထင်တတ်ကြတယ် မဟုတ်ဘူးနော် တကယ့်ကို စေတနာပါ ကိုယ်ဘယ်လိုနာကျင်ခဲ့ရလဲဆိုတာ ကိုယ်ကိုယ်တိုင်ပဲ သိသလို တစ်စုံတစ်ယောက် ကိုယ့်လိုပြန်ပြီးနာကျင်နေမှာကိုတော့ မလိုလားဘူး ကိုယ်ချင်းစာတယ်လေ ။

မကောင်းတာတွေလုပ်လို့လဲ လုပ်ရက်လေးခြင်းဆိုတဲ့ ဝမ်းနည်းစိတ်ကလွဲလို့တစ်နေ့ ငါ့ကိုလုပ်ခဲ့သလိုပြန်ပြီးလုပ်လိုက်ဦးမယ်ဆိုတဲ့ အာဃာတ အတတ်နိုင်ဆုံးမထားပဲနေတယ် တချို့လူတွေက သူတစ်ပါး နာကျင်နေတာကိုသာ လှောင်ရယ်တတ်တာလေ သူတို့အလှည့်ကျရင်တော့ ခံနိုင်ရည်မရှိကြဘူး

ကိုယ့်အပေါ်မကောင်းကြံတဲ့လူတွေလဲ ကြံပါစေ တစ်နေ့ ကံကြမ္မာက သူ့အလုပ်သူလုပ်သွားလိမ့်မယ်ဆိုတဲ့စိတ်နဲ့ပဲ ကိုယ်အတတ်နိုင်ဆုံးကောင်းအောင်နေတယ် ။ ပါရမီပြည့်ဝလွန်းလို့ မနာကျင်တော့လို့မဟုတ်ပါဘူး ကိုယ့်လို နာကျင်ရတဲ့အခါ ကိုယ့်လို မဖြတ်ကျော်နိုင်မှာစိုးတာပါ

အဲ့ဒီနေ့ရက်တွေက ငါ့အပေါ် လုပ်ရက်လေခြင်းဆိုတဲ့စိတ်တွေနဲ့ ဝမ်းနည်းရတယ် ကိုယ်အယုံကြည်ဆုံးလူက လုပ်ရက်လေခြင်းဆိုပြီး ကိုယ့်မှာပိုလို့နာကျင်ရတယ် ကိုယ့်ဘေးနားမှာ ဘယ်သူမှ ရှိမနေပါလားဆိုတဲ့အတွေးတွေနဲ့ အထီးကျန်ရတယ် တကယ်ကို ပြိုလဲရတာပါ

ကိုယ့်လိုဘယ်သူ့ကိုမှ မနာကျင်စေလိုပါဘူး ကိုယ်နာကျင်ရသလို မနာကျင်ပါစေနဲ့ဆိုတာ တကယ့်ကိုစေတနာပါ ကျိန်စာတွေမဟုတ်ဘူး ဝဋ်တွေပြန်လည်ခဲ့မယ်ဆိုရင်တောင် ကိုယ့်လောက် မနာကျင်ရဖို့ပဲဆုတောင်းပေးပါတယ် ခံနိုင်ရည်မရှိမှာစိုးလို့

မိန်းမသားတို့အတွက်
သျှင်ယွန်း

၀ဋ္လည္ခဲ့ရင္ေတာင္ ကိုယ့္ေလာက္မနာက်င္ေစဖုိ့ဆုေတာင္းပါတယ္ ကိုယ့္လုိခံနိုင္ရည္မရွိမွာစိုးလို့

ကုိယ့္လုိမနာက်င္ပါေစနဲ႕ဆုိတဲ့စကားဟာ တခ်ိဳ႕က က်ိန္စာလို့ထင္တတ္ၾကတယ္ မဟုတ္ဘူးေနာ္ တကယ့္ကို ေစတနာပါ ကိုယ္ဘယ္လုိနာက်င္ခဲ့ရလဲဆုိတာ ကုိယ္ကိုယ္တိုင္ပဲ သိသလို တစ္စံုတစ္ေယာက္ ကိုယ့္လုိျပန္ျပီးနာက်င္ေနမွာကိုေတာ့ မလုိလားဘူး ကိုယ္ခ်င္းစာတယ္ေလ ။

မေကာင္းတာေတြလုပ္လို့လဲ လုပ္ရက္ေလးျခင္းဆိုတဲ့ ၀မ္းနည္းစိတ္ကလြဲလုိ ့တစ္ေန့ ငါ့ကိုလုပ္ခဲ့သလိုျပန္ျပီးလုပ္လုိက္ဦးမယ္ဆိုတဲ့ အာဃာတ အတတ္နိုင္ဆံုးမထားပဲေနတယ္ တခ်ိဳ႕လူေတြက သူတစ္ပါး နာက်င္ေနတာကိုသာ ေလွာင္ရယ္တတ္တာေလ သူတို့အလွည့္က်ရင္ေတာ့ ခံနုိင္ရည္မရွိၾကဘူး

ကိုယ့္အေပၚမေကာင္းၾကံတဲ့လူေတြလဲ ၾကံပါေစ တစ္ေန့ ကံၾကမၼာက သူ့အလုပ္သူလုပ္သြားလိမ့္မယ္ဆိုတဲ့စိတ္နဲ႕ပဲ ကိုယ္အတတ္နုိင္ဆံုးေကာင္းေအာင္ေနတယ္ ။ ပါရမီျပည့္၀လြန္းလို့ မနာက်င္ေတာ့လုိ့မဟုတ္ပါဘူး ကိုယ့္လို နာက်င္ရတဲ့အခါ ကိုယ့္လို မျဖတ္ေက်ာ္နိုင္မွာစိုးတာပါ

အဲ့ဒီေန့ရက္ေတြက ငါ့အေပၚ လုပ္ရက္ေလျခင္းဆုိတဲ့စိတ္ေတြနဲ႕ ၀မ္းနည္းရတယ္ ကိုယ္အယံုၾကည္ဆံုးလူက လုပ္္ရက္ေလျခင္းဆုိျပီး ကိုယ့္မွာပိုလို ့နာက်င္ရတယ္ ကိုယ့္ေဘးနားမွာ ဘယ္သူမွ ရွိမေနပါလားဆိုတဲ့အေတြးေတြနဲ႕ အထီးက်န္ရတယ္ တကယ္ကို ျပိဳလဲရတာပါ

ကိုယ့္လုိဘယ္သူ့ကိုမွ မနာက်င္ေစလိုပါဘူး ကိုယ္နာက်င္ရသလုိ မနာက်င္ပါေစနဲ႕ဆုိတာ တကယ့္ကိုေစတနာပါ က်ိန္စာေတြမဟုတ္ဘူး ၀ဋ္ေတြျပန္လည္ခဲ့မယ္ဆိုရင္ေတာင္ ကိုယ့္ေလာက္ မနာက်င္ရဖုိ့ပဲဆုေတာင္းေပးပါတယ္ ခံနုိင္ရည္မရွိမွာစုိးလုိ့

မိန္္းမသားတုိ့အတြက္
သွ်င္ယြန္း