အပျိုကြီးဘ၀နဲ့ ကိုယ့်ဘ၀ကိုယ်ကိုယ် သာသာယာယာဖြတ်သန်းနေရတာကိုပဲ ပျော်ရွှင်ပါတယ်

အပျိုကြီးတဲ့ ၃၀နားကပ်လာတဲ့ မိန်းကလေးတွေကို လှောင်တဲ့ပြောင်တဲ့ နေရာမှာ သုံးတတ်ကြတယ်

တကယ်ဆို အပျိုကြီးဖြစ်ဖို့ လွယ်တယ်များ မှတ်နေလားမသိဘူး လင်ယူသားမွေးပြီး အပူမီးတွေကို မလိုချင်လို့ တစ်ဦးတည်းတစ်ယောက်တည်း ရပ်တည်ဖို့ဆိုတာ ဘယ်လောက်ခက်ခဲမယ်လို့ထင်လဲ တခြားသူတွေလို နားလည်ပေးတတ်တဲ့ ပုခုံးလေးတစ်စုံလောက် ပေးသနားပါလို့ အသနားခံပြီး တောင်းနေစရာမလိုဘူး ကိုယ့်ကိုယ်နားလည်တတ်အောင် ​ဖေးမတတ်အောင် ကိုယ်ကိုယ်တိုင်ပဲ ကြိုးစားယူခဲ့ရတာ

နွေးထွေးတဲ့ ရင်ခွင်တစ်စုံလေး ရှိစေချင်လိုက်တာဆိုတဲ့ ဆန္ဒတွေက ပူမှန်းသိလို့ အပူတွေ မရှာတာပါ တချို့ကပြောကြသေးတာ . . . ချစ်မယ့် ကြိုက်မယ့်သူ မရှိလို့ အပျိုကြီးဖြစ်နေတာတဲ့ မဟုတ်ဘူး လွယ်လွယ်လေးချစ်ပြီး လွယ်လွယ်လေးမုန်းတတ်တာကို မလိုချင်လို့ တစ်ကိုယ်တည်းနေနေတာ ယောက်ျားယူတယ်ဆိုတာ ကံစမ်းမဲနှိုက်ရသလိုပဲ ကံကောင်းဖို့ထက် ကံဆိုးဖို့က အဆပိုများတယ်လေ ယူပြီးမှ မကောင်းဘူး ပြန်လဲပေးလုပ်ရအောင် ကုန်ရောင်းကုန်၀ယ်နေတာလဲ မဟုတ် နောက်ဆုံးကိုယ်ပဲ ဒုက္ခတွေ ခါးစည်းခံရမှာ

အပျိုကြီးတဲ့ လှောင်သလိုလို ပြောင်သလိုလိုခေါ်ပေမယ့် အပျိုကြီးဆိုတဲ့ ဂုဏ်ကို မက်ပါတယ် ဘယ်သူတွေ ဘယ်လိုပဲ ပြောကြပါစေ အပူတွေလူက ကိုယ့်ရဲ့ အေးချမ်းနေတဲ့ဘ၀ကို မနာလိုမရှုစိမ့် ဖြစ်နေတယ်လို့ပဲ မှတ်ပါတယ် ကိုယ်စားချင်တာစားဖို့ ကိုယ်၀တ်ချင်တာ၀တ်ဖို့ ဘယ်သူ့ဆီမှ ခွင့်တောင်းဖို့မလိုအပ်ဘူး ခရီးတွေထွက်ချင်ထွက်မယ် နောက်ဆံတင်းဖို့ မလိုဘူး ကိုယ်၀ယ်ချင်တာ၀ယ်ဖို့ ဘယ်သူ့မျက်နှာမှ ကြည့်နေဖို့မလိုအပ်ဘူး

အပျိုကြီးတဲ့ နာမည်သာဆိုးတာပါ တကယ်တမ်းဘ၀မှာကျတော့ ထင်ထားတာထက် ပိုပြီးသာယာပါတယ် အသက်တွေကြီးလာတဲ့အခါ ဘယ်သူကပြန်ကြည့်မလဲတဲ့ အိုစာမင်းစာကို ခုကတည်းက ကြိုပြီးရှာထားပြီးသားပါ မလိုအပ်ပါဘူး ကိုယ့်ကို နှစ်သိမ့်ပေးမယ့် ပုခုံးတစ်စုံလဲ မလိုအပ်ဘူး နွေးထွေးပါတယ်ဆိုတဲ့ ရင်ခွင်လဲ မလိုအပ်ဘူး

မျက်ရည်နဲ့ မျက်ခွက်လဲ မဖြတ်သန်းချင်ဘူး တစ်ကိုယ်တည်း အပျိုကြီးဘ၀နဲ့ ကိုယ့်ဘ၀ကိုယ်ကိုယ် သာသာယာယာဖြတ်သန်းနေရတာကိုပဲ ပျော်ရွှင်ပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

အပ်ိဳႀကီးတဲ့ ၃၀နားကပ္လာတဲ့ မိန္းကေလးေတြကို ေလွာင္တဲ့ေျပာင္တဲ့ ေနရာမွာ သုံးတတ္ၾကတယ္

တကယ္ဆို အပ်ိဳႀကီးျဖစ္ဖို႔ လြယ္တယ္မ်ား မွတ္ေနလားမသိဘူး လင္ယူသားေမြးၿပီး အပူမီးေတြကို မလိုခ်င္လို႔ တစ္ဦးတည္းတစ္ေယာက္တည္း ရပ္တည္ဖို႔ဆိုတာ ဘယ္ေလာက္ခက္ခဲမယ္လို႔ထင္လဲ တျခားသူေတြလို နားလည္ေပးတတ္တဲ့ ပုခုံးေလးတစ္စုံေလာက္ ေပးသနားပါလို႔ အသနားခံၿပီး ေတာင္းေနစရာမလိုဘူး ကိုယ့္ကိုယ္နားလည္တတ္ေအာင္ ​ေဖးမတတ္ေအာင္ ကိုယ္ကိုယ္တိုင္ပဲ ႀကိဳးစားယူခဲ့ရတာ

ေႏြးေထြးတဲ့ ရင္ခြင္တစ္စုံေလး ရွိေစခ်င္လိုက္တာဆိုတဲ့ ဆႏၵေတြက ပူမွန္းသိလို႔ အပူေတြ မရွာတာပါ တခ်ိဳ႕ကေျပာၾကေသးတာ . . . ခ်စ္မယ့္ ႀကိဳက္မယ့္သူ မရွိလို႔ အပ်ိဳႀကီးျဖစ္ေနတာတဲ့ မဟုတ္ဘူး လြယ္လြယ္ေလးခ်စ္ၿပီး လြယ္လြယ္ေလးမုန္းတတ္တာကို မလိုခ်င္လို႔ တစ္ကိုယ္တည္းေနေနတာ ေယာက္်ားယူတယ္ဆိုတာ ကံစမ္းမဲႏႈိက္ရသလိုပဲ ကံေကာင္းဖို႔ထက္ ကံဆိုးဖို႔က အဆပိုမ်ားတယ္ေလ ယူၿပီးမွ မေကာင္းဘူး ျပန္လဲေပးလုပ္ရေအာင္ ကုန္ေရာင္းကုန္၀ယ္ေနတာလဲ မဟုတ္ ေနာက္ဆုံးကိုယ္ပဲ ဒုကၡေတြ ခါးစည္းခံရမွာ

အပ်ိဳႀကီးတဲ့ ေလွာင္သလိုလို ေျပာင္သလိုလိုေခၚေပမယ့္ အပ်ိဳႀကီးဆိုတဲ့ ဂုဏ္ကို မက္ပါတယ္ ဘယ္သူေတြ ဘယ္လိုပဲ ေျပာၾကပါေစ အပူေတြလူက ကိုယ့္ရဲ႕ ေအးခ်မ္းေနတဲ့ဘ၀ကို မနာလိုမရႈစိမ့္ ျဖစ္ေနတယ္လို႔ပဲ မွတ္ပါတယ္ ကိုယ္စားခ်င္တာစားဖို႔ ကိုယ္၀တ္ခ်င္တာ၀တ္ဖို႔ ဘယ္သူ႔ဆီမွ ခြင့္ေတာင္းဖို႔မလိုအပ္ဘူး ခရီးေတြထြက္ခ်င္ထြက္မယ္ ေနာက္ဆံတင္းဖို႔ မလိုဘူး ကိုယ္၀ယ္ခ်င္တာ၀ယ္ဖို႔ ဘယ္သူ႔မ်က္ႏွာမွ ၾကည့္ေနဖို႔မလိုအပ္ဘူး

အပ်ိဳႀကီးတဲ့ နာမည္သာဆိုးတာပါ တကယ္တမ္းဘ၀မွာက်ေတာ့ ထင္ထားတာထက္ ပိုၿပီးသာယာပါတယ္ အသက္ေတြႀကီးလာတဲ့အခါ ဘယ္သူကျပန္ၾကည့္မလဲတဲ့ အိုစာမင္းစာကို ခုကတည္းက ႀကိဳၿပီးရွာထားၿပီးသားပါ မလိုအပ္ပါဘူး ကိုယ့္ကို ႏွစ္သိမ့္ေပးမယ့္ ပုခုံးတစ္စုံလဲ မလိုအပ္ဘူး ေႏြးေထြးပါတယ္ဆိုတဲ့ ရင္ခြင္လဲ မလိုအပ္ဘူး

မ်က္ရည္နဲ႔ မ်က္ခြက္လဲ မျဖတ္သန္းခ်င္ဘူး တစ္ကိုယ္တည္း အပ်ိဳႀကီးဘ၀နဲ႔ ကိုယ့္ဘ၀ကိုယ္ကိုယ္ သာသာယာယာျဖတ္သန္းေနရတာကိုပဲ ေပ်ာ္႐ႊင္ပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း