ဆန္ဒနဲ့ဘ၀ဟာ အမြဲတစ်ထပ်တည်းမကျနိုင်ဘူးလေ

ဆန္ဒနဲ့ဘ၀ဟာ အမြဲတစ်ထပ်တည်းမကျနိုင်ဘူးလေ ဖြစ်ချင်တဲ့ အိပ်မက်တွေရှိပေမယ့် ကိုယ်ကိုယ်တိုင် ရင်နာနာနဲ့ မေ့ပစ်လိုက်တာတွေလဲ အတိတ်မှာ အများကြီးပါ ယခုလက်ရှိမှာလဲ အများကြီးပါပဲ နောက်လဲ ထပ်ရှိချင် ရှိလာဦးမှာ

ပြင်းပြင်းပြပြဖြစ်ချင်တဲ့ ဆန္ဒသာရှိရင် ဘယ်အရာမဆို ဖြစ်နိုင်တယ်ဆိုတဲ့စကားဟာ အမြဲတမ်းတော့ မမှန်နိုင်ဘူးထင်တယ် ကိုယ့်မှာ ပြင်းပြတဲ့ဆန္ဒတွေ ရှိပေမယ့် အနောက်မှာ ရပ်နေတဲ့ဘ၀တွေကို ငဲ့ကွက်ဖို့လိုသေးတယ် ကိုယ်တစ်ယောက်တည်း ကိုယ်လွတ်ရုန်းထွက်လိုက်မျိုး မဖြစ်ချင်ဘူးလေ ပြီးတော့ ကိုယ်တစ်ဦးတည်း အဆင်ပြေရပ်တည်နေရတာမျိုးလဲ မဖြစ်သင့်ဘူးလေ ဒီလိုပါပဲ ဘ၀ဆိုတာတစ်ထပ်တည်းမကျနိုင်ဘူးဆိုတဲ့စိတ်နဲ့ အိပ်မက်တွေကို ရင်နာနာနဲ့ မေ့ပစ်လိုက်တာပါ

ဘ၀က အမြဲတမ်း ဖြစ်ချင်တာ နဲ့ ဖြစ်သင့်ကို ရွေးချယ်ခွင့်မပေးဘူး ရွေးချယ်ခွင့်ပေးခဲ့တဲ့အခါတောင် ကိုယ်ဖြစ်ချင်နေတာတွေကိုမေ့ပြီး ဖြစ်သင့်ဖြစ်ထိုက်တာလေးတွေကို ဦးစားပေးရတာက များတယ် လူတွေပြောသလို ဖြစ်သင့်တာလေးကို လုပ်ပြီး ဖြစ်ချင်တာလေးကို လုပ်ပါတဲ့ ပြောသလောက်မှ လွယ်မှ မလွယ်ခဲ့ပဲ အိပ်မက်တွေသာ ရှိပြီး ဖြစ်သင့်တာတွေကိုပဲ ဦးစားပေးရတဲ့ ဘ၀မှာ တစ်ခါတစ်ခါ ကိုယ်ဖြစ်ချင်ခဲ့တဲ့အရာတွေတောင် ခပ်မေ့မေ့ဖြစ်တတ်လာတယ်

ဝါသနာနဲ့ ဘ၀ ထပ်တူကျနေတဲ့လူတွေကိုတော့ အရမ်းကို အားကျပါတယ် ကိုယ်ကတော့ ကိုယ်လုပ်နေတဲ့အလုပ်ကို ဝါသနာ မပါပါအောင်ထည့်ပြီး စိတ်နှစ်ထားရတာ တစ်ခါတစ်ခါကျ အရမ်းပင်ပန်းတယ်လေ ပျော်ရာမှာမနေရ တော်ရမှာ နေနေရတဲ့ဘ၀မှာ ပျော်သလိုသာနေရင်း တချိန်က မက်ခဲ့တဲ့ အိပ်မက်တွေအကြောင်း ပြန်ပြီးအစဖော်ကြည့်တယ် အရာရာဟာ ဝေဝေဝါးဝါးပါပဲ

ဖြစ်နေတာနဲ့ ဖြစ်ချင်ခဲ့တာ ဆန့်ကျင်ဖက်တွေ ဖြစ်နေတတ်တဲ့ဘ၀မှာ ဘယ်အရာကိုမှ အပြစ်မတင်ချင်တော့ပါဘူး တချို့အိပ်မက်တွေကိုတော့ ဆက်ပြီး ဆုပ်ကိုင်ထားဆဲပါ အချိန်တန်လို့ ဖြစ်ခွင့်ရှိခဲ့ရင် ဒါမှမဟုတ် ဖြစ်သင့်ဖြစ်ထိုက်တာတွေ အားလုံး လုပ်ပြီးသွားတဲ့အခါကျရင် လောကကြီးရေ ကိုယ်ဖြစ်ချင်တာလေး တစ်ခုကိုပဲ ဖြစ်ခွင့်ပေးရင် ကျေနပ်ပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ဆႏၵနဲ႔ဘ၀ဟာ အၿမဲတစ္ထပ္တည္းမက်ႏိုင္ဘူးေလ ျဖစ္ခ်င္တဲ့ အိပ္မက္ေတြရွိေပမယ့္ ကိုယ္ကိုယ္တိုင္ ရင္နာနာနဲ႔ ေမ့ပစ္လိုက္တာေတြလဲ အတိတ္မွာ အမ်ားႀကီးပါ ယခုလက္ရွိမွာလဲ အမ်ားႀကီးပါပဲ ေနာက္လဲ ထပ္ရွိခ်င္ ရွိလာဦးမွာ

ျပင္းျပင္းျပျပျဖစ္ခ်င္တဲ့ ဆႏၵသာရွိရင္ ဘယ္အရာမဆို ျဖစ္ႏိုင္တယ္ဆိုတဲ့စကားဟာ အၿမဲတမ္းေတာ့ မမွန္ႏိုင္ဘူးထင္တယ္ ကိုယ့္မွာ ျပင္းျပတဲ့ဆႏၵေတြ ရွိေပမယ့္ အေနာက္မွာ ရပ္ေနတဲ့ဘ၀ေတြကို ငဲ့ကြက္ဖို႔လိုေသးတယ္ ကိုယ္တစ္ေယာက္တည္း ကိုယ္လြတ္႐ုန္းထြက္လိုက္မ်ိဳး မျဖစ္ခ်င္ဘူးေလ ၿပီးေတာ့ ကိုယ္တစ္ဦးတည္း အဆင္ေျပရပ္တည္ေနရတာမ်ိဳးလဲ မျဖစ္သင့္ဘူးေလ ဒီလိုပါပဲ ဘ၀ဆိုတာတစ္ထပ္တည္းမက်ႏိုင္ဘူးဆိုတဲ့စိတ္နဲ႔ အိပ္မက္ေတြကို ရင္နာနာနဲ႔ ေမ့ပစ္လိုက္တာပါ

ဘ၀က အၿမဲတမ္း ျဖစ္ခ်င္တာ နဲ႔ ျဖစ္သင့္ကို ေ႐ြးခ်ယ္ခြင့္မေပးဘူး ေ႐ြးခ်ယ္ခြင့္ေပးခဲ့တဲ့အခါေတာင္ ကိုယ္ျဖစ္ခ်င္ေနတာေတြကိုေမ့ၿပီး ျဖစ္သင့္ျဖစ္ထိုက္တာေလးေတြကို ဦးစားေပးရတာက မ်ားတယ္ လူေတြေျပာသလို ျဖစ္သင့္တာေလးကို လုပ္ၿပီး ျဖစ္ခ်င္တာေလးကို လုပ္ပါတဲ့ ေျပာသေလာက္မွ လြယ္မွ မလြယ္ခဲ့ပဲ အိပ္မက္ေတြသာ ရွိၿပီး ျဖစ္သင့္တာေတြကိုပဲ ဦးစားေပးရတဲ့ ဘ၀မွာ တစ္ခါတစ္ခါ ကိုယ္ျဖစ္ခ်င္ခဲ့တဲ့အရာေတြေတာင္ ခပ္ေမ့ေမ့ျဖစ္တတ္လာတယ္

ဝါသနာနဲ႔ ဘ၀ ထပ္တူက်ေနတဲ့လူေတြကိုေတာ့ အရမ္းကို အားက်ပါတယ္ ကိုယ္ကေတာ့ ကိုယ္လုပ္ေနတဲ့အလုပ္ကို ဝါသနာ မပါပါေအာင္ထည့္ၿပီး စိတ္ႏွစ္ထားရတာ တစ္ခါတစ္ခါက် အရမ္းပင္ပန္းတယ္ေလ ေပ်ာ္ရာမွာမေနရ ေတာ္ရမွာ ေနေနရတဲ့ဘ၀မွာ ေပ်ာ္သလိုသာေနရင္း တခ်ိန္က မက္ခဲ့တဲ့ အိပ္မက္ေတြအေၾကာင္း ျပန္ၿပီးအစေဖာ္ၾကည့္တယ္ အရာရာဟာ ေဝေဝဝါးဝါးပါပဲ

ျဖစ္ေနတာနဲ႔ ျဖစ္ခ်င္ခဲ့တာ ဆန္႔က်င္ဖက္ေတြ ျဖစ္ေနတတ္တဲ့ဘ၀မွာ ဘယ္အရာကိုမွ အျပစ္မတင္ခ်င္ေတာ့ပါဘူး တခ်ိဳ႕အိပ္မက္ေတြကိုေတာ့ ဆက္ၿပီး ဆုပ္ကိုင္ထားဆဲပါ အခ်ိန္တန္လို႔ ျဖစ္ခြင့္ရွိခဲ့ရင္ ဒါမွမဟုတ္ ျဖစ္သင့္ျဖစ္ထိုက္တာေတြ အားလုံး လုပ္ၿပီးသြားတဲ့အခါက်ရင္ ေလာကႀကီးေရ ကိုယ္ျဖစ္ခ်င္တာေလး တစ္ခုကိုပဲ ျဖစ္ခြင့္ေပးရင္ ေက်နပ္ပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း