ဒေါသဆိုတာ ကိုယ့်ကိုယ်ကိုယ် အရင်ပူလောင်စေတာပါ

ဒေါသတွေထွက်နေတဲ့အခါ စကားတွေ သိပ်ပြီးမပြောနဲ့ အမှားတွေပါလာတတ်သလို ငါနိုင်ရင်ပြီးရောဆိုတဲ့စိတ်နဲ့ သူတစ်ပါးကို အနာတရတွေ ပေးမိတတ်တယ် ဒေါသထွက်တဲ့အခါ ဘာစကားမှ မပြောမိတာ အကောင်းဆုံးပဲ

ပုထုဇဥ် ဖြစ်နေတဲ့အလျောက် ဒေါသဆိုတာ အနည်းနဲ့အများ ရှိတတတ်ကြတာပဲလေ ဂရုဏာဒေါသ ၊ ၀မ်းနည်းပြီးဖြစ်တဲ့ ဒေါသ ၊ သည်းခံမှုကုန်ဆုံးသွားလို့ ထွက်လာတဲ့ ဒေါသ အမျိုးမျိုးပဲ ဒေါသထွက်တဲ့အကြောင်းအရင်းတွေပဲ ကွာတာပါ ဒေါသထွက်တာက ထွက်တာပါပဲ ဒေါသဆိုတာ မီးနဲ့ တူတယ်တဲ့ တစ်ဖက်လူကို ပူစေလိုတဲ့ ဆန္ဒနဲ့ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး မီးလောင်တိုက်သွင်းမိတဲ့ မီးမျိုးလေ အရင်ဆုံး ဒေါသထွက်တဲ့ ကိုယ်ကိုယ်တိုင်ပဲ အရင်ဆုံး ပူလောင်ရတာကြီးပါ

ဒေါသတွေ သိပ်ကိုကြီးလာတဲ့အခါ တစ်ဖက်လူအတွက် မတွေးဖြစ်တော့ဘူး ငါ ငါ ငါဆိုတဲ့ အတ္တတွေလောက်သာ ပိုပိုပြီးကြီးလာတာ ငါ့မှာ သူ့ကြောင့်နာကျင်ရတယ်ဆိုတဲ့ ၀မ်းနည်းဒေါသ အဲ့တာတစ်ခုပဲ တွေးမိတော့တယ် ဘာကြောင့်လဲ ဘာများဖြစ်လို့လဲဆိုတဲ့ တစ်ဖက်လူအတွက် မတွေးဖြစ်တော့ဘူး ငါ နိုင်ရင်ပြီးရော ငါ့လို ခံစားရရင်ပြီးရောဆိုတဲ့ စိတ်တွေနဲ့ စိတ်ထဲမှာ ရှိတာပဲဖြစ်ဖြစ် မရှိတာပဲဖြစ်ဖြစ် ပြောမိကြတာချည်းပဲလေ ။ဒေါသတွေ ထွက်တဲ့အခါ ဘာကိုမှ မပြောမိတာ အကောင်းဆုံးပဲ တချို့လူတွေက ဒေါသမဖြစ်ဖြစ်အောင် ဆွတတ်တဲ့အတွက် ဒေါသ မထွက်အောင်လုပ်လို့မရဘူးဒါပေမယ့် ဒေါသကို ထိန်းနိုင်အောင်တော့ လုပ်လို့ရတယ်

ဒေါသအရမ်းထွက်လာတဲ့အခါ ၁ ကနေ ၁၀ ထိ ရေလိုက်တာမျိုးပဲ ဖြစ်ဖြစ် တခြားတစ်ခုခုကို အာရုံစိုက်လိုက်တာမျိုးပဲ ဖြစ်ဖြစ် ဒေါသကို ထိန်းလိုက်တဲ့ နည်းတွေမှ အများကြီးပါ တစ်ခါတစ်လေ ကိုယ့်စိတ်ကိုယ် မနိုင်ပဲ ဒေါသတွေ ထွက်ခဲ့ ပြဿနာတွေ တက်ခဲ့ပြီးမှ ပြန်ပြီး နောင်တရတတ်တာမျိုးတွေ ကြုံရတတ်တယ်လေ

ဒေါသက အရမ်းလဲ ပူလောင်ရသလို လူနှစ်ယောက်ကို ပိုပြီးတော့လဲ ဝေးစေတယ် ။ဒေါသထွက်တဲ့အခါ ဘာလို့ အသံကျယ်လာတတ်သလဲ ဆိုရင် ဒေါသက အသိနဲ့ အမြင်ကို ဖုံးလိုက်တဲ့အတွက် အနီးအနားမှာ ရပ်နေရင်တောင် အဝေးကြီးမှာ ရှိနေသလိုမျိုး တွေးတတ် မြင်တတ်သွားတဲ့အတွက် အသံကျယ်ကျယ်ပဲ ထွက်လာတတ်တာမျိုးလေ ။

ဖြစ်နိုင်ရင် ဒေါသထွက်နေတဲ့အခါ ဘာစကားမှ မပြောနဲ့ အမှားတွေ အများကြီးလဲ ပါသွားတတ်သလို နောင်တတွေ အများကြီးလဲ ရလာတတ်တယ် ပြောချင်တဲ့စကားတွေ ရှိလာခဲ့ရင်တောင် စိတ်အေးချမ်းသွားတဲ့အချိန်မှ လေသံအေးအေးလေးနဲ့ပြောတာ အကောင်းဆုံးပဲ ဒေါသဆိုတာ ကိုယ့်ကိုယ်ကိုယ် အရင်ပူလောင်စေတာပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေဒါသေတြထြက္ေနတဲ့အခါ စကားေတြ သိပ္ၿပီးမေျပာနဲ႔ အမွားေတြပါလာတတ္သလို ငါႏိုင္ရင္ၿပီးေရာဆိုတဲ့စိတ္နဲ႔ သူတစ္ပါးကို အနာတရေတြ ေပးမိတတ္တယ္ ေဒါသထြက္တဲ့အခါ ဘာစကားမွ မေျပာမိတာ အေကာင္းဆုံးပဲ

ပုထုဇဥ္ ျဖစ္ေနတဲ့အေလ်ာက္ ေဒါသဆိုတာ အနည္းနဲ႔အမ်ား ရွိတတတ္ၾကတာပဲေလ ဂ႐ုဏာေဒါသ ၊ ၀မ္းနည္းၿပီးျဖစ္တဲ့ ေဒါသ ၊ သည္းခံမႈကုန္ဆုံးသြားလို႔ ထြက္လာတဲ့ ေဒါသ အမ်ိဳးမ်ိဳးပဲ ေဒါသထြက္တဲ့အေၾကာင္းအရင္းေတြပဲ ကြာတာပါ ေဒါသထြက္တာက ထြက္တာပါပဲ ေဒါသဆိုတာ မီးနဲ႔ တူတယ္တဲ့ တစ္ဖက္လူကို ပူေစလိုတဲ့ ဆႏၵနဲ႔ ကိုယ့္ကိုယ္ကိုယ္ အရင္ဆုံး မီးေလာင္တိုက္သြင္းမိတဲ့ မီးမ်ိဳးေလ အရင္ဆုံး ေဒါသထြက္တဲ့ ကိုယ္ကိုယ္တိုင္ပဲ အရင္ဆုံး ပူေလာင္ရတာႀကီးပါ

ေဒါသေတြ သိပ္ကိုႀကီးလာတဲ့အခါ တစ္ဖက္လူအတြက္ မေတြးျဖစ္ေတာ့ဘူး ငါ ငါ ငါဆိုတဲ့ အတၱေတြေလာက္သာ ပိုပိုၿပီးႀကီးလာတာ ငါ့မွာ သူ႔ေၾကာင့္နာက်င္ရတယ္ဆိုတဲ့ ၀မ္းနည္းေဒါသ အဲ့တာတစ္ခုပဲ ေတြးမိေတာ့တယ္ ဘာေၾကာင့္လဲ ဘာမ်ားျဖစ္လို႔လဲဆိုတဲ့ တစ္ဖက္လူအတြက္ မေတြးျဖစ္ေတာ့ဘူး ငါ ႏိုင္ရင္ၿပီးေရာ ငါ့လို ခံစားရရင္ၿပီးေရာဆိုတဲ့ စိတ္ေတြနဲ႔ စိတ္ထဲမွာ ရွိတာပဲျဖစ္ျဖစ္ မရွိတာပဲျဖစ္ျဖစ္ ေျပာမိၾကတာခ်ည္းပဲေလ ။ေဒါသေတြ ထြက္တဲ့အခါ ဘာကိုမွ မေျပာမိတာ အေကာင္းဆုံးပဲ တခ်ိဳ႕လူေတြက ေဒါသမျဖစ္ျဖစ္ေအာင္ ဆြတတ္တဲ့အတြက္ ေဒါသ မထြက္ေအာင္လုပ္လို႔မရဘူးဒါေပမယ့္ ေဒါသကို ထိန္းႏိုင္ေအာင္ေတာ့ လုပ္လို႔ရတယ္

ေဒါသအရမ္းထြက္လာတဲ့အခါ ၁ ကေန ၁၀ ထိ ေရလိုက္တာမ်ိဳးပဲ ျဖစ္ျဖစ္ တျခားတစ္ခုခုကို အာ႐ုံစိုက္လိုက္တာမ်ိဳးပဲ ျဖစ္ျဖစ္ ေဒါသကို ထိန္းလိုက္တဲ့ နည္းေတြမွ အမ်ားႀကီးပါ တစ္ခါတစ္ေလ ကိုယ့္စိတ္ကိုယ္ မႏိုင္ပဲ ေဒါသေတြ ထြက္ခဲ့ ျပႆနာေတြ တက္ခဲ့ၿပီးမွ ျပန္ၿပီး ေနာင္တရတတ္တာမ်ိဳးေတြ ႀကဳံရတတ္တယ္ေလ

ေဒါသက အရမ္းလဲ ပူေလာင္ရသလို လူႏွစ္ေယာက္ကို ပိုၿပီးေတာ့လဲ ေဝးေစတယ္ ။ေဒါသထြက္တဲ့အခါ ဘာလို႔ အသံက်ယ္လာတတ္သလဲ ဆိုရင္ ေဒါသက အသိနဲ႔ အျမင္ကို ဖုံးလိုက္တဲ့အတြက္ အနီးအနားမွာ ရပ္ေနရင္ေတာင္ အေဝးႀကီးမွာ ရွိေနသလိုမ်ိဳး ေတြးတတ္ ျမင္တတ္သြားတဲ့အတြက္ အသံက်ယ္က်ယ္ပဲ ထြက္လာတတ္တာမ်ိဳးေလ ။

ျဖစ္ႏိုင္ရင္ ေဒါသထြက္ေနတဲ့အခါ ဘာစကားမွ မေျပာနဲ႔ အမွားေတြ အမ်ားႀကီးလဲ ပါသြားတတ္သလို ေနာင္တေတြ အမ်ားႀကီးလဲ ရလာတတ္တယ္ ေျပာခ်င္တဲ့စကားေတြ ရွိလာခဲ့ရင္ေတာင္ စိတ္ေအးခ်မ္းသြားတဲ့အခ်ိန္မွ ေလသံေအးေအးေလးနဲ႔ေျပာတာ အေကာင္းဆုံးပဲ ေဒါသဆိုတာ ကိုယ့္ကိုယ္ကိုယ္ အရင္ပူေလာင္ေစတာပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း