သူ့လိုလူကို ကျွန်မ မလွမ်းလောက်ပါဘူး …
သူ့လိုလူကို ကျွန်မ မလွမ်းလောက်ပါဘူး …
လမ်းခွဲခြင်းတွေတိုင်းက ဝမ်းနည်းစရာမကောင်းနေတာတော့အမှန်ပါ … တချို့လူတွေက ကိုယ်ဖြူစင်သလို မဖြူစင်ကြဘူး တချို့လူတွေက ကိုယ်ရိုးသားသလို မရိုးသားကြဘူးလေ ။ တချို့ကတော့ ကိုယ်ချစ်ခဲ့သလို မချစ်ခဲ့ကြဘူး အဲ့လိုလူတွေကို ကျွန်မ မလွမ်းလောက်ပါဘူး
သူမရှိတော့ရင် ကျွန်မမပျော်တော့ဘူးလို့ထင်နေခဲ့မိတာ တကယ်တမ်းကျတော့မှားတယ် ရေစက်ဆုံခဲ့ကြတာမဟုတ်ပဲ ဝဋ်ကြွေးကြောင့် ဆုံခဲ့တဲ့လူတစ်ယောက်အတွက်ကျတော့ ကျွန်မ ဝမ်းမနည်းခဲ့မိဘူး
သူူကိုယ့်ဘေးနားရှိတဲ့အချိန် နဲ့ သူ ကိုယ့်ဘေးနားမရှိတော့တဲ့အချိန် နှစ်ခုယှဉ်ကြည့်မိတဲ့အခါ သူမရှိတဲ့ကိုယ့်ဘဝဟာ ပိုပြီးသာယာလာခဲ့တယ် ။ ဟိုလူနဲ့ မခေါ်ရ မပြောရဆိုတဲ့ စကားတွေကြောင့် အပေါင်းအသင်းများတဲ့ကိုယ် တစ်ယောက်တည်းအထီးကျန်ခဲ့ဖူးတယ် ။
ကိုယ်က အချစ်ခံနေရတယ်လို့ထင်နေခဲ့တာ တကယ်တမ်းကျတော့ အကျဉ်းကျနေခဲ့တာပါပဲ … သူနဲ့လမ်းခွဲပြီးသွားမှ ကိုယ်အချိန်တွေ အများကြီးဖြုန်းခဲ့မိမှန်းနောင်တတွေရတယ် သူ့လိုလူကို ကျွန်မ မလွမ်းလောက်ပါဘူး ဘာကြောင့်လဲလို့မေးရင် ကျွန်မကသာ ဖြူဖြူစင်စင်ချစ်ခဲ့တာလေ ကျွန်မကို သူက အတ္တတွေကြောင့်သာ ဆွဲထားခဲ့တာ
ခုမှတကယ်လွတ်မြောက်သွားခဲ့တာပါ ဒီလိုပေ့ါပါးမှုမျိုးကို မခံစားရခဲ့တာတော့်တော့်ကို ကြာပြီ ကိုယ့်စိတ်နဲ့ ကိုယ် အသက်၀၀ရှုခွင့်ရတဲ့ တန်ဖိုးတွေကို တဖြေးဖြေး နားလည်လာခဲ့ပြီလေ ။
မိန်းမသားတို့အတွက်
သျှင်ယွန်း
ခုမှတကယ်လွတ်မြောက်သွားခဲ့တာပါ ဒီလိုပေါ့ပါးမှုမျိုးကို မခံစားရခဲ့တာတော့်တော့်ကို ကြာပြီ ကိုယ့်စိတ်နဲ့ ကိုယ် အသက်၀၀ရှုခွင့်ရတဲ့ တန်ဖိုးတွေကို တဖြေးဖြေး နားလည်လာခဲ့ပြီလေ ။
မိန်းမသားတို့အတွက်
သျှင်ယွန်း