မိန်းမသားတစ်ယောက်နဲ့ နာကျင်မှု

မိန်းမသားတစ်ယောက်နဲ့ နာကျင်မှု

မိန်းမသားတွေက ပိုပြီးခံစားတတ်ကြသလို ပိုပြီးနာကျင်ရတတ်တယ်လေ … ဘာမှမဟုတ်တာလေးကအစ မျက်ရည်တွေကျတတ်သလို စကားလုံးတစ်လုံးချင်းကိုကအစ နားနဲ့တင်မဟုတ်ပဲ နှလုံးသားနဲ့ပါ ခံစားလိုက်ကြတာလေ …

ပြီးတော့ သဘာဝတရားကြီးကလဲ မိန်းမသားတွေကို နာကျင်ခြင်းတွေပေးထားသေးတယ် ဘာကြောင့်လဲလို့တော့ မေးခွန်းတွေမထုတ်တော့ပါဘူး ကိုယ်က မိန်းမသားတစ်ယောက်အဖြစ်မွေးဖွားလာခြင်းကပဲ ကိုယ့်ရဲ့ကံပါပဲလေ ..ဒါကို ဘယ်ယောက်ျားလေးကမှ မစာနာပါဘူး

လူတချို့ကလဲထပ်ပြီးနာကျင်စရာတွေ ပေးကြသေးတယ် ချစ်ပါတယ်ဆိုပြီးတော့ ချစ်ယောင်ဆောင်ခဲ့တဲ့လူတွေပေါ့ … နားလည်ပါတယ်ဆိုပြီး တကယ်နားလည်မပေးခဲ့တဲ့လူတွေပေါ့ ဘယ်လိုပဲဖြစ်ဖြစ် လွယ်လွယ်လေး ယုံကြည်တတ်တဲ့ မိန်းကလေးတွေကပဲ အမှားဖြစ်ရသေးတယ်

တစ်ခုခုဆို ပုံမှန်ထက်ပိုပြီး အစွဲအလမ်းကြီးတတ်တာက မျက်ရည်လွယ်ရခြင်းရဲ့ အကြောင်းပြချက်ပါ အလကားသက်သက် ဘယ်မိန်းကလေးမှ မျက်ရည်တွေ မကျတတ်ဘူးလေ သူတကယ်နာကျင်မှသာ မျက်ရည်တွေ ဝဲရတာပါ …

ဒီလိုနာကျင်မှုတွေကြားမှာ အတတ်နိုင်ဆုံးပြုံးအောင်နေတယ် ပျော်အောင်နေတယ် ဒါပေမယ့် နောက်ထပ်ပြီးနာကျင်စရာတွေပေးတတ်တာကတော့ ပတ်ဝန်းကျင်ပါပဲ မိန်းကလေးဖြစ်ပြီးတော့ ဆိုတဲ့စကားတွေလေ မိန်းကလေးဆိုတာလဲလူပါပဲဆိုတာ သူတို့ကို သိစေချင်တယ်

နာကျင်မှုတဲ့ … မိန်းမသားတွေနဲ့ နာကျင်မှုတွေက အမြဲတမ်းတစ်သားတည်းဖြစ်နေပြီးသားပါ ထပ်ပြီးမနာကျင်စေတဲ့သူ ထပ်ပြီး ဒဏ်ရာဒဏ်ရာတွေမပေးတဲ့သူကို လိုချင်တာပါ မစာနာချင်နေပါ ကျွန်မကို ထပ်ပြီး မနာကျင်စေရင်ရပါပြီ ..

မိန်းမသားတို့အတွက်
သျှင်ယွန်း

မိန္းမသားတစ္ေယာက္နဲ႕ နာက်င္မႈ

မိန္းမသားေတြက ပိုျပီးခံစားတတ္ၾကသလုိ ပိုျပီးနာက်င္ရတတ္တယ္ေလ … ဘာမွမဟုတ္တာေလးကအစ မ်က္ရည္ေတြက်တတ္သလုိ စကားလံုးတစ္လံုးခ်င္းကိုကအစ နားနဲ႕တင္မဟုတ္ပဲ ႏွလံုးသားနဲ႕ပါ ခံစားလုိက္ၾကတာေလ …

ျပီးေတာ့ သဘာ၀တရားၾကီးကလဲ မိန္းမသားေတြကို နာက်င္ျခင္းေတြေပးထားေသးတယ္ ဘာေၾကာင့္လဲလုိိ့ေတာ့ ေမးခြန္းေတြမထုတ္ေတာ့ပါဘူး ကိုယ္က မိန္းမသားတစ္ေယာက္အျဖစ္ေမြးဖြားလာျခင္းကပဲ ကိုယ့္ရဲ႕ကံပါပဲေလ ..ဒါကို ဘယ္ေယာက္်ားေလးကမွ မစာနာပါဘူး

လူတခ်ိဳ႕ကလဲထပ္ျပီးနာက်င္စရာေတြ ေပးၾကေသးတယ္ ခ်စ္ပါတယ္ဆိုျပီးေတာ့ ခ်စ္ေယာင္ေဆာင္ခဲ့တဲ့လူေတြေပါ့ … နားလည္ပါတယ္ဆိုျပီး တကယ္နားလည္မေပးခဲ့တဲ့လူေတြေပါ့ ဘယ္လုိပဲျဖစ္ျဖစ္ လြယ္လြယ္ေလး ယံုၾကည္တတ္တဲ့ မိန္းကေလးေတြကပဲ အမွားျဖစ္ရေသးတယ္

တစ္ခုခုဆို ပံုမွန္ထက္ပိုျပီး အစြဲအလမ္းၾကီးတတ္တာက မ်က္ရည္လြယ္ရျခင္းရဲ႕ အေၾကာင္းျပခ်က္ပါ အလကားသက္သက္ ဘယ္မိန္းကေလးမွ မ်က္ရည္ေတြ မက်တတ္ဘူးေလ သူတကယ္နာက်င္မွသာ မ်က္ရည္ေတြ ၀ဲရတာပါ …

ဒီလိုနာက်င္မႈေတြၾကားမွာ အတတ္နိုင္ဆံုးျပံဳးေအာင္ေနတယ္ ေပ်ာ္ေအာင္ေနတယ္ ဒါေပမယ့္ ေနာက္ထပ္ျပီးနာက်င္စရာေတြေပးတတ္တာကေတာ့ ပတ္၀န္းက်င္ပါပဲ မိန္းကေလးျဖစ္ျပီးေတာ့ ဆုိတဲ့စကားေတြေလ မိန္းကေလးဆုိတာလဲလူပါပဲဆုိတာ သူတိုု့ကို သိေစခ်င္တယ္

နာက်င္မႈတဲ့ … မိန္းမသားေတြနဲ႕ နာက်င္မႈေတြက အျမဲတမ္းတစ္သားတည္းျဖစ္ေနျပီးသားပါ ထပ္ျပီးမနာက်င္ေစတဲ့သူ ထပ္ျပီး ဒဏ္ရာဒဏ္ရာေတြမေပးတဲ့သူကို လုိခ်င္တာပါ မစာနာခ်င္ေနပါ ကြ်န္မကို ထပ္ျပီး မနာက်င္ေစရင္ရပါျပီ ..

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း