ကိုယ့်ကို တကယ်မချစ်တဲ့သူမှာ ကိုယ်နဲ့ဝေးရမယ် အကြောင်းပြချက်တွေအများကြီးရှိပါတယ်

ကိုယ့်ကို တကယ်မချစ်တဲ့သူမှာ ကိုယ်နဲ့ဝေးရမယ် အကြောင်းပြချက်တွေအများကြီးရှိပါတယ်

တစ်ခါတစ်လေမှာ ဘာကြောင့်လဲဆိုတာအဖြေရှာနေတာထက်စာရင် … ကိုယ့်သိနေမြင်နေတဲ့အရာတွေကို လက်သင့်ခံရဲတဲ့သတ္တိတွေလိုတယ် … ငါတို့တွေ ဒီလောက်နှစ်တွေအကြာကြီးချစ်ခဲ့ကြတာဆိုတဲ့ ရက်တွေကို ရေတွက်မနေပါနဲ့ ကိုယ်ပဲချစ်ခဲ့တာလေ သူက ချစ်ခဲ့တာမှ မဟုတ်ပဲဟာ …

ဒီကြားထဲမှာ ကိုယ့်ဘက်ကဒီလောက်လျှော့ပေးခဲ့တာကိုတောင် သူက မမြင်နိုင်ဘူးဆိုပြီး ဝမ်းနည်းမိခဲ့ဖူးတယ် သူ မမြင်ခဲ့တာမဟုတ်ပဲ မြင်နေပါရဲ့နဲ့ ကိုယ့်ကိုယ်ကြည့်မနေတော့ မတွေ့ခဲ့တာပါ … ကိုယ်ဘယ်လောက်ပဲ လုပ်ပေးလုပ်ပေး သူ့အတွက်မလိုတဲ့ကိုယ်ဟာ အပိုပေါ့ …

မျက်လုံးတွေ ကန်းနေတာထက် အကြင်နာတွေကန်းနေဟာ ပိုပြီးဆိုပါတယ် .. မြင်နိုင်တဲ့မျက်လုံးတွေရှိနေပါရဲ့နဲ့ မြင်ချင်တဲ့ စိတ်တွေရှိမနေတဲ့အခါ ကိုယ်ဘယ်လောက်ကြင်နာကြင်နာ ကိုယ်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ် … သူ မြင်မှာမဟုတ်ဘူးလေ …

ကိုယ်ချစ်လို့ နီးစပ်ချစ်ပေမယ့် တကယ်မချစ်တဲ့ လူတစ်ယောက်အတွက်တော့ဝေးရမယ့်အကြောင်းပြချက်တွေ အများကြီး ရှိနေနိုင်ပါတယ် .. ခြေလှမ်းတရာမှာ ကိုယ့်ဘက်က ၉၉ လှမ်းပြီးရင်တော့ သူ့ဘက်ကတစ်လှမ်း လှမ်းရခက်တယ်လေ …

ဒီလိုအခြေအနေတွေ ဖြစ်လာတဲ့အခါ .. .ကိုယ့်ဘက်က အမှန်ကိုမြင်နိုင်တဲ့ အသိတွေ ရှိနေဖို့လိုတယ် သူတော့ ငါနဲ့ရပြီးသွားရင် ပြင်လာမှာပါဆိုတဲ့ … အတွေးက ကလေးအတွေးသက်သက်ပါပဲ လက်တွေ့တွေဟာ အဲ့လောက်မရိုးရှင်းတတ်ဘူးလေ …

မိန်းမသားတို့အတွက်
သျှင်ယွန်း







မိန်းမသားတို့အတွက်
သျှင်ယွန်း