ကိုယ်ဆွဲထားမှ မြဲမယ့်လက်ဆိုရင်တော့ ….

နာကျင်နေပါရဲ့နဲ့ ဆွဲထားခဲ့တဲ့လက်တွေကို တကယ်သနားတယ် … သူတို့အတွေးမှာ ငါဆွဲထားရင်တော့ မြဲမှာပါဆိုတဲ့အတွေးပဲ ရှိနေခဲ့ပြီး တစ်နေ့ကျန်ခဲ့ရမှာပါလားဆိုတဲ့ အသိတွေ ရှိမနေခဲ့ဘူးလေ .. အဲ့လိုလူတစ်ယောက် ကိုယ်ဆွဲလို့မြဲနေတယ်ဆိုကတည်းက ကိုယ့်ပျော်ရွှင်ခြင်းတွေအားလုံးပျက်သုန်းသွားခဲ့ပါပြီ …

ကိုယ့်အနားမှာရပ်နေလို့လဲ ကိုယ်ပျော်ရတော့မှာမဟုတ်ဘူး … မရှိတော့ရင်လို့တွေးပြီး နာကျင်နေရတာတွေထက် ပိုပြီးနာကျင်ရတယ်ဆိုတဲ့အကြောင်းကို အချိန်တွေ မနှောင်းခင် သိစေချင်ပါသေးတယ် ..

နာကျင်နေပါရဲ့နဲ့ ဆက်ပြီးဆွဲထားတဲ့လက်တွေမှာ သူ့ကိုသိပ်ချစ်လို့ဆိုတာပဲ ပါတယ် … ဘဝဆိုတာ တိုတိုလေးလို့ပြောကြပေမယ့်လဲ တကယ်တမ်းမပျော်စရာတွေနဲ့ ဖြတ်သန်းရတဲ့အချိန်တိုင်းမှာတော့ သာမန်ထက်ပိုပြီး ကြာတတ်တယ် … သူငါ့ကို မချစ်လို့ပါလားဆိုတဲ့အတွေးနဲ့ ငါဆွဲထားလို့သာ မြဲနေပါလားဆိုတဲ့ အမှန်တရားတွေကို ဆင်ခြင်လာမိတဲ့အခါ ကိုယ့်မှာ သူမသိအောင် ငိုရတယ်

ချစ်တဲ့စိတ်နဲ့ ဒီအချိန်မှာ ရူးမိုက်ခဲ့ခြင်းတွေက နောင်တစ်ချိန် အဲ့ဒီအချိန်ကတည်းက ငါဘာလို့မလွှတ်ချခဲ့တာပါလိမ့်ဆိုတဲ့ နောင်တတွေနဲ့ အချိန်တွေကို နောက်ပြန်ဆုတ်ခွင့်တွေ လိုချင်နေမိတာမျိုး ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပါပဲလေဆိုပြီး ဘဝကို နာနာကျင်ကျင်ဖြတ်သန်းရတဲ့ဘဝတွေ တကယ်ကို ရှိပါတယ်

ကိုယ်ဆွဲထားမှ မြဲမယ့်လက်ဆိုရင်တော့ လွှတ်ချလိုက်ပါတော့ … သူအနားမှာရှိနေလဲ ကိုယ်ပျော်ရမှာမဟုတ်တဲ့အတူတူ ကိုယ်တစ်ယောက်တည်း လွတ်လွတ်လပ်လပ်ငိုတာ ကောင်းပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

နာက်င္ေနပါရဲ႕နဲ႔ ဆြဲထားခဲ့တဲ့လက္ေတြကို တကယ္သနားတယ္ … သူတို႔အေတြးမွာ ငါဆြဲထားရင္ေတာ့ ၿမဲမွာပါဆိုတဲ့အေတြးပဲ ရွိေနခဲ့ၿပီး တစ္ေန႔က်န္ခဲ့ရမွာပါလားဆိုတဲ့ အသိေတြ ရွိမေနခဲ့ဘူးေလ .. အဲ့လိုလူတစ္ေယာက္ ကိုယ္ဆြဲလို႔ၿမဲေနတယ္ဆိုကတည္းက ကိုယ့္ေပ်ာ္႐ႊင္ျခင္းေတြအားလုံးပ်က္သုန္းသြားခဲ့ပါၿပီ …

ကိုယ့္အနားမွာရပ္ေနလို႔လဲ ကိုယ္ေပ်ာ္ရေတာ့မွာမဟုတ္ဘူး … မရွိေတာ့ရင္လို႔ေတြးၿပီး နာက်င္ေနရတာေတြထက္ ပိုၿပီးနာက်င္ရတယ္ဆိုတဲ့အေၾကာင္းကို အခ်ိန္ေတြ မေႏွာင္းခင္ သိေစခ်င္ပါေသးတယ္ ..

နာက်င္ေနပါရဲ႕နဲ႔ ဆက္ၿပီးဆြဲထားတဲ့လက္ေတြမွာ သူ႔ကိုသိပ္ခ်စ္လို႔ဆိုတာပဲ ပါတယ္ … ဘဝဆိုတာ တိုတိုေလးလို႔ေျပာၾကေပမယ့္လဲ တကယ္တမ္းမေပ်ာ္စရာေတြနဲ႔ ျဖတ္သန္းရတဲ့အခ်ိန္တိုင္းမွာေတာ့ သာမန္ထက္ပိုၿပီး ၾကာတတ္တယ္ … သူငါ့ကို မခ်စ္လို႔ပါလားဆိုတဲ့အေတြးနဲ႔ ငါဆြဲထားလို႔သာ ၿမဲေနပါလားဆိုတဲ့ အမွန္တရားေတြကို ဆင္ျခင္လာမိတဲ့အခါ ကိုယ့္မွာ သူမသိေအာင္ ငိုရတယ္

ခ်စ္တဲ့စိတ္နဲ႔ ဒီအခ်ိန္မွာ ႐ူးမိုက္ခဲ့ျခင္းေတြက ေနာင္တစ္ခ်ိန္ အဲ့ဒီအခ်ိန္ကတည္းက ငါဘာလို႔မလႊတ္ခ်ခဲ့တာပါလိမ့္ဆိုတဲ့ ေနာင္တေတြနဲ႔ အခ်ိန္ေတြကို ေနာက္ျပန္ဆုတ္ခြင့္ေတြ လိုခ်င္ေနမိတာမ်ိဳး ကိုယ့္ေ႐ြးခ်ယ္မႈနဲ႔ကိုယ္ပါပဲေလဆိုၿပီး ဘဝကို နာနာက်င္က်င္ျဖတ္သန္းရတဲ့ဘဝေတြ တကယ္ကို ရွိပါတယ္

ကိုယ္ဆြဲထားမွ ၿမဲမယ့္လက္ဆိုရင္ေတာ့ လႊတ္ခ်လိုက္ပါေတာ့ … သူအနားမွာရွိေနလဲ ကိုယ္ေပ်ာ္ရမွာမဟုတ္တဲ့အတူတူ ကိုယ္တစ္ေယာက္တည္း လြတ္လြတ္လပ္လပ္ငိုတာ ေကာင္းပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း