လူတချို့က သိပ်ကိုတရားကျဖို့ကောင်းတယ် ..

လူတချို့က သိပ်ကိုတရားကျဖို့ကောင်းတယ် .. သူတို့ကပဲ နာကျင်အောင်လုပ်ပြီး သူတို့ိုကိုပဲ ကိုယ်က နာကျင်စေသလိုမျိုး တစ်လောကလုံးကို အော်ပြောကြတယ်လေ … သူကြောင့် ကိုယ်နာကျင်ခဲ့ရတုန်းက ကိုယ်ဒဏ်ရာကိုယ်ကုရင်းပဲ တောင်းပန်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ကျေနပ်ခဲ့ရတာ ….

ကိုယ်ကြောင့် မတော်တဆ ထိခိုက်မိသွားတော့ အဲ့ဒီအနာကို တစ်လောကလုံးကို လိုက်ပြတယ်သိပ်ကို တရားကျဖို့ကောင်းတယ် . တောင်းပန်ပါတယ်ဆိုတဲ့စကားတွေနဲ့ ကျေအေးမပေးနိုင်ခဲ့သလို ပြောလို့လဲ မဆုံးနိုင်တော့ဘူး

ကိုယ်အခါတစ်ရာမကကူညီခဲ့တုန်းက ကျေးဇူးဆိုတဲ့စကား ပြောဖို့မေ့တတ်ကြသလောက် ကိုယ်မကူညီနိုင်တဲ့တစ်ခေါက်ရှိလာတဲ့အခါ ရန်သူကြီးတစ်ယောက်လို ပြုမူဆက်ဆံတတ်ကြတယ် … ဟုတ်ပါတယ် ဒါ ကိုယ့်ဘေးနားက လူတွေ လုပ်ကြတာချည်းပါပဲ .. ဘယ်ဒဏ်ရာမှ သူစိမ်းပေးခဲ့တာ မပါဘူး

ကိုယ်ကောင်းခဲ့တုန်းက ပါးစပ်ပိတ်နေတတ်တဲ့ ပတ်ဝန်းကျင်ဆိုတာကလဲ ကိုယ် တစ်ခါမှားသွားတဲ့အခါ အခမဲ့ လိုက်ပြီး ဖြန့်ကြတယ် … အမှန်ကို ပြင်ပေးလိုက်မယ်ဆိုတဲ့အသိတွေ မရှိခဲ့ကြသလို အမှန်ပြင်ဖို့ကြိုးစားနေတာတွေ မသိကြဘူး သူတို့သိတာ အဲ့ဒီအမှားကို ဘယ်လိုထိုးနှက်ကြမလဲဆိုတဲ့ အတေးတွေပဲ ရှိကြတာ …

လူူတွေက သိပ်ကို တရားကျဖို့ကောင်းတယ် … ဖြေရှင်းဖို့မကြိုးစားတော့ဘူး ကိုယ်အောင်နေပါတယ်ဆိုတာ ဘယ်သူမှ သိနေဖို့မလိုအပ်တော့ဘူး ကိုယ်လမ်းလျှောက်တဲ့အခါ ကိုယ့်ကျောကိုယ်လုံနေရင်ဖြစ်ပြီ ကိုယ်ခေါင်းချလိုက်တဲ့အခါ ကိုယ့်လိပ်ပြာကိုယ်လုံနေရင် ရပြီ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

လူတခ်ိဳ႕က သိပ္ကိုတရားက်ဖုိ့ေကာင္းတယ္ .. သူတုိ့ကပဲ နာက်င္ေအာင္လုပ္ျပီး သူတို့ိုကိုပဲ ကိုယ္က နာက်င္ေစသလုိမ်ိဳး တစ္ေလာကလံုးကို ေအာ္ေျပာၾကတယ္ေလ … သူေၾကာင့္ ကိုယ္နာက်င္ခဲ့ရတုန္းက ကိုယ္ဒဏ္ရာကိုယ္ကုရင္းပဲ ေတာင္းပန္ပါတယ္ဆိုတဲ့ စကားေလးတစ္ခြန္းနဲ႕ေက်နပ္ခဲ့ရတာ ….

ကိုယ္ေၾကာင့္ မေတာ္တဆ ထိခိုက္မိသြားေတာ့ အဲ့ဒီအနာကို တစ္ေလာကလံုးကို လုိက္ျပတယ္သိပ္ကို တရားက်ဖို့ေကာင္းတယ္ . ေတာင္းပန္ပါတယ္ဆိုတဲ့စကားေတြနဲ႕ ေက်ေအးမေပးနုိင္ခဲ့သလုိ ေျပာလုိ့လဲ မဆံုးနုိင္ေတာ့ဘူး

ကိုယ္အခါတစ္ရာမကကူညီခဲ့တုန္းက ေက်းဇူးဆုိတဲ့စကား ေျပာဖုိ့ေမ့တတ္ၾကသေလာက္ ကိုယ္မကူညီနိုင္တဲ့တစ္ေခါက္ရွိလာတဲ့အခါ ရန္သူၾကီးတစ္ေယာက္လို ျပဳမူဆက္ဆံတတ္ၾကတယ္ … ဟုတ္ပါတယ္ ဒါ ကုိယ့္ေဘးနားက လူေတြ လုပ္ၾကတာခ်ည္းပါပဲ .. ဘယ္ဒဏ္ရာမွ သူစိမ္းေပးခဲ့တာ မပါဘူး

ကိုယ္ေကာင္းခဲ့တုန္းက ပါးစပ္ပိတ္ေနတတ္တဲ့ ပတ္၀န္းက်င္ဆိုတာကလဲ ကိုယ္ တစ္ခါမွားသြားတဲ့အခါ အခမဲ့ လိုက္ျပီး ျဖန့္ၾကတယ္ … အမွန္ကို ျပင္ေပးလိုက္မယ္ဆိုတဲ့အသိေတြ မရွိခဲ့ၾကသလို အမွန္ျပင္ဖို့ၾကိဳးစားေနတာေတြ မသိၾကဘူး သူတို့သိတာ အဲ့ဒီအမွားကို ဘယ္လိုထိုးနွက္ၾကမလဲဆိုတဲ့ အေတးေတြပဲ ရွိၾကတာ …

လူူေတြက သိပ္ကို တရားက်ဖို့ေကာင္းတယ္ … ေျဖရွင္းဖို့မၾကိဳးစားေတာ့ဘူး ကို္ယ္ေအာင္ေနပါတယ္ဆိုတာ ဘယ္သူမွ သိေနဖို့မလိုအပ္ေတာ့ဘူး ကိုယ္လမ္းေလွ်ာက္တဲ့အခါ ကိုယ့္ေက်ာကုိယ္လံုေနရင္ျဖစ္ျပီ ကိုယ္ေခါင္းခ်လိုက္တဲ့အခါ ကိုယ့္လိပ္ျပာကိုယ္လုံေနရင္ ရျပီ ။

မိန္းမသားတို့အတြက္
သွ်င္ယြန္း