သူကိုယ်တိုင်နာကျင်နေတတ်တဲ့လူမျိုးတွေ ပတ်ဝန်းကျင်မှာ အများကြီးရှိပါတယ် ..

သူတစ်ပါးဒဏ်ရာတွေကို ဆေးထည့်ပေးတတ်ပေမယ့်လဲ သူကိုယ်တိုင်နာကျင်နေတတ်တဲ့လူမျိုးတွေ ပတ်ဝန်းကျင်မှာ အများကြီးရှိပါတယ် .. မျက်ရည်တွေ လိုက်သုတ်ပေးရင်းက သူကိုယ်တိုင်ကျတော့ မျက်ရည်တွေကိုတော့ သိုသိုဝှက်ဝှက်လေးကျတယ် …

နာကျင်လို့ပါဆိုပြီး ဝင်လာတဲ့သူတိုင်းကို သူက ကုစားပေးတတ်ပေမယ့်လဲ သူကိုယ်တိုင်နာကျင်နေတာကိုတော့ မြိုသိပ်ထားတတ်တယ် သိပ်ကိုသန်မာလိုက်တာတဲ့ ယောင်ယောင်လေးပဲ ပြုံးမိပါတယ် ကျွန်မသန်မာနေတာမဟုတ်ပဲ တစ်ဖက်မှာ ပြိုလဲချင်နေတဲ့စိတ်ကို ဘယ်သူမှ သိလို့မဖြစ်ဘူးလေ

ကိုယ့်အနားမှာရပ်နေတဲ့သူတွေက နာကျင်နေတဲ့လူတွေချည်းပဲ သူတို့ကို ကိုယ့်ကြောင့် ပူသွားစေလို့မဖြစ်ဘူး ကိုယ့်ကြောင့် အဆင်ပြေသွားတဲ့အခါ ကိုယ့်ကြောင့် ပြုံးသွားတဲ့အခါ အဲ့ဒီကြည်နူးမှုလေးတွေကို ကြည့်ရင်းပဲ ကျွန်မပျော်အောင်နေမယ် ကိုယ်နာကျင်နေတာကို ဒီတိုင်းသိမ်းထားလို့လဲ ဘာမှဖြစ်မသွားပါဘူး

ကိုယ်ပြုံးနေလို့ ပျော်နေတယ်လို့ထင်တဲ့အခါ အဲ့ထက်ပိုလှအောင်ပြုံးမယ် .. ပျော်နေတယ်လို့ထင်ကြပါစေ ငိုနေတဲ့မျက်လုံးတွေကို မငိုပါနဲ့လို့ပြောမယ့်အစား အတူတူရောပြီး ငိုတတ်တဲ့အကျင့်လေးက လွဲရင် ကျွန်မ မျက်ရည်ခိုင်ပါတယ် ဘယ်သူမှမသိတော့တဲ့အခါမှသာ ဘယ်သူမှမရှိတော့တဲ့အခါမှာသာ တိတ်တဆိတ်ကြေကွဲရတာ အကျင့်ဖြစ်နေပါပြီ

ဖေးမပေးတတ်တဲ့လက်တစ်စုံမှာလဲ ဒဏ်ရာတွေ ရခဲ့ဖူးတဲ့အကြောင်းလူတချို့ကိုသိစေချင်သေးတယ် ကိုယ်ကိုယ်တိုင်နာကျင်ခဲ့ဖူးမှသာ သူတစ်ပါးကို စာနာပေးနိုင်တာပါ ဒါပေမယ့်သူတစ်ပါးဒဏ်ရာကို ဆေးထည့်ပေးရင်းက ကိုယ့်ဒဏ်ရာကို မေ့ထားတတ်တာကြာပါပြီ သိပ်ပြီး ရင်မဖွင့်တတ်တော့ဘူး

မိန်းမသားတို့အတွက်
သျှင်ယွန်း

သူတစ္ပါးဒဏ္ရာေတြကို ေဆးထည့္ေပးတတ္ေပမယ့္လဲ သူကို္ယ္တိုင္နာက်င္ေနတတ္တဲ့လူမ်ိဳးေတြ ပတ္၀န္းက်င္မွာ အမ်ားၾကီးရွိပါတယ္ .. မ်က္ရည္ေတြ လုိက္သုတ္ေပးရင္းက သူကိုယ္တိုင္က်ေတာ့ မ်က္ရည္ေတြကိုေတာ့ သိုသို၀ွက္၀ွက္ေလးက်တယ္ …

နာက်င္လုိ့ပါဆိုျပီး ၀င္လာတဲ့သူတိုင္းကို သူက ကုစားေပးတတ္ေပမယ့္လဲ သူကိုယ္တိုင္နာက်င္ေနတာကိုေတာ့ ျမိဳသိပ္ထားတတ္တယ္ သိပ္ကိုသန္မာလုိက္တာတဲ့ ေယာင္ေယာင္ေလးပဲ ျပံဳးမိပါတယ္ ကြ်န္္မသန္မာေနတာမဟုတ္ပဲ တစ္ဖက္မွာ ျပိဳလဲခ်င္ေနတဲ့စိတ္ကို ဘယ္သူမွ သိလို့မျဖစ္ဘူးေလ

ကိုယ့္အနားမွာရပ္ေနတဲ့သူေတြက နာက်င္ေနတဲ့လူေတြခ်ည္းပဲ သူတို့ကို ကိုယ့္ေၾကာင့္ ပူသြားေစလို့မျဖစ္ဘူး ကို္ယ့္ေၾကာင့္ အဆင္ေျပသြားတဲ့အခါ ကိုယ့္ေၾကာင့္ ျပံဳးသြားတဲ့အခါ အဲ့ဒီၾကည္နူးမႈေလးေတြကို ၾကည့္ရင္းပဲ ကြ်န္မေပ်ာ္ေအာင္ေနမယ္ ကိုယ္နာက်င္ေနတာကို ဒီတိုင္းသိမ္းထားလုိ့လဲ ဘာမွျဖစ္မသြားပါဘူး

ကိုယ္ျပံဳးေနလို့ ေပ်ာ္ေနတယ္လို ့ထင္တဲ့အခါ အဲ့ထက္ပိုလွေအာင္ျပံဳးမယ္ .. ေပ်ာ္ေနတယ္လို့ထင္ၾကပါေစ ငိုေနတဲ့မ်က္လံုးေတြကို မငိုပါနဲ႕လုိ့ေျပာမယ့္အစား အတူတူေရာျပီး ငိုတတ္တဲ့အက်င့္ေလးက လြဲရင္ ကြ်န္္မ မ်က္ရည္ခိုင္ပါတယ္ ဘယ္သူမွမသိေတာ့တဲ့အခါမွသာ ဘယ္သူမွမရွိေတာ့တဲ့အခါမွာသာ တိတ္တဆိိတ္ေၾကကြဲရတာ အက်င့္ျဖစ္ေနပါျပီ

ေဖးမေပးတတ္တဲ့လက္တစ္စံုမွာလဲ ဒဏ္ရာေတြ ရခဲ့ဖူးတဲ့အေၾကာင္းလူတခ်ိိဳ႕ကိုသိေစခ်င္ေသးတယ္ ကိုယ္ကိုယ္တုိင္နာက်င္ခဲ့ဖူးမွသာ သူတစ္ပါးကို စာနာေပးနိုုင္တာပါ ဒါေပမယ္ ့သူတစ္ပါးဒဏ္ရာကို ေဆးထည့္ေပးရင္းက ကိုယ့္ဒဏ္ရာကို ေမ့ထားတတ္တာၾကာပါျပီ သိပ္ျပီး ရင္မဖြင့္တတ္ေတာ့ဘူး

မိန္းမသားတို့အတြက္
သွ်င္ယြန္း