ကိုယ်နာကျင်ခဲ့ပြီးပြီလေ သင်္ခန်းစာလေးတော့ ရအောင်ယူပေါ့ …

လူတစ်ယောက်ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ ဒဏ်ရာတွေနဲ့ ရေတွက်တာမဟုတ်ဘူး ဒဏ်ရာ ဘယ်လောက်ပဲ ရရပါ သင်ခန်းစာမှ မယူတတ်ခဲ့ရင် အမာရွှတ်ဖြစ်နေတာပဲ အဖတ်တင်လာလိမ့်မယ် စိတ်တွေတော့ ရင့်ကျက်လာမယ် မထင်ဘူး

လူတစ်ယောက် ရင့်ကျက်လာတယ် မရင့်ကျက်လာဘူးဆိုတာ အသက်အရွယ်နဲ့လဲ မသက်ဆိုင်ဘူး သူဖြတ်သန်းလာတဲ့ ဘ၀ သူကြုံတွေ့ခဲ့ရတဲ့လောကဓံ နဲ့ ပဲ သက်ဆိုင်တာပါ တချို့ဆို အရွယ်နဲ့မလိုက်အောင် ဘဝတွေ နာခဲ့တော့ အရွယ်နဲ့မလိုက်အောင် ရင့်ကျက်သွားတတ်ကြတယ်

လူတစ်ယောက်ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ သိဖို့ သူ့စကားတွေကြည့်ရင်း သိနိုင်တယ် သူ့လုပ်ရပ်တွေကြည့်ရင်းလဲ သိလာနိုင်တယ် ရင့်ကျက်မှုဆိုတာ အတွေ့အကြုံပါပဲ ခက်ခဲတဲ့ ဘဝတွေကို ဖြတ်လျှောက်ခဲ့ရတဲ့ ခြေထောက်တွေဟာ အခက်ခဲဆုံး အချိန်မှာတောင် ဘယ်လိုရပ်တည်ရမလဲဆိုတာ သိတယ်လေ ..

ကလေးမဆန်ပါနဲ့ … မျက်ရည်တွေလွယ်တယ် မလွယ်ဘူးပြောတာမဟုတ်ဘူးနော် ကလေးဆန်တယ်ဆိုတာ လူတွေကို မြင်ကြည့်တဲ့အခါ သူကလဲကိုယ့်လိုပဲနေမှာဆိုပြီး ကလေးအတွေးတွေနဲ့ လွယ်လွယ်ကူကူလေး ယုံကြည်လိုက်တာတွေ သူကတော့ ကိုယ့်ကို နာကျင်အောင် မလုပ်လောက်ပါဘူးဆိုပြီး ပုံအပ်လိုက်တာလေ

ဒီတစ်ခါ ဒဏ်ရာတွေ ရလာတဲ့အခါ မပြတ်သားတတ်သေးရင်တောင် အမှတ်လေးထားတတ်အောင်လုပ်ပါ ကိုယ်နာကျင်ခဲ့ပြီးပြီလေ သင်္ခန်းစာလေးတော့ ရအောင်ယူပေါ့ …

မိန်းမသားတို့အတွက်
သျှင်ယွန်း

လူတစ္ေယာက္ရင့္က်က္တယ္ မရင့္က်က္ဘူးဆိုတာ ဒဏ္ရာေတြနဲ႕ ေရတြက္တာမဟုတ္ဘူး ဒဏ္ရာ ဘယ္ေလာက္ပဲ ရရပါ သင္ခန္းစာမွ မယူတတ္ခဲ့ရင္ အမာရႊတ္ျဖစ္ေနတာပဲ အဖတ္တင္လာလိမ့္မယ္ စိတ္ေတြေတာ့ ရင့္က်က္လာမယ္ မထင္ဘူး

လူတစ္ေယာက္ ရင့္က်က္လာတယ္ မရင့္က်က္လာဘူးဆုိတာ အသက္အရြယ္နဲ့လဲ မသက္ဆိုင္ဘူး သူျဖတ္သန္းလာတဲ့ ဘ၀ သူၾကံဳေတြ႔ခဲ့ရတဲ့ေလာကဓံ နဲ႕ ပဲ သက္ဆိုင္တာပါ တခ်ိဳ႕ဆို အရြယ္နဲ႕မလိုက္ေအာင္ ဘ၀ေတြ နာခဲ့ေတာ့ အရြယ္နဲ႕မလုိက္ေအာင္ ရင့္က်က္သြားတတ္ၾကတယ္

လူတစ္ေယာက္ရင့္က်က္တယ္ မရင့္က်က္ဘူးဆိုတာ သိဖို့ သူ့စကားေတြၾကည့္ရင္း သိနိုင္တယ္ သူ့လုပ္ရပ္ေတြၾကည့္ရင္းလဲ သိလာနို္င္တယ္ ရင့္က်က္မႈဆိုတာ အေတြ႕အၾကံဳပါပဲ ခက္ခဲတဲ့ ဘ၀ေတြကုိ ျဖတ္ေလွ်ာက္ခဲ့ရတဲ့ ေျခေထာက္ေတြဟာ အခက္ခဲဆံုး အခ်ိန္မွာေတာင္ ဘယ္လိုရပ္တည္ရမလဲဆိုတာ သိတယ္ေလ ..

ကေလးမဆန္ပါနဲ့ … မ်က္ရည္ေတြလြယ္တယ္ မလြယ္ဘူးေျပာတာမဟုတ္ဘူးေနာ္ ကေလးဆန္တယ္ဆိုတာ လူေတြကို ျမင္ၾကည့္တဲ့အခါ သူကလဲကိုယ့္လိုပဲေနမွာဆိုျပီး ကေလးအေတြးေတြနဲ႕ လြယ္လြယ္ကူကူေလး ယံုၾကည္လိုက္တာေတြ သူကေတာ့ ကို္ယ့္္ကို နာက်င္ေအာင္ မလုပ္ေလာက္ပါဘူးဆိုျပီး ပံုအပ္လိုက္တာေလ

ဒီတစ္ခါ ဒဏ္ရာေတြ ရလာတဲ့အခါ မျပတ္သားတတ္ေသးရင္ေတာင္ အမွတ္ေလးထားတတ္ေအာင္လုပ္ပါ ကိုယ္နာက်င္ခဲ့ျပီးျပီေလ သခၤန္းစာေလးေတာ့ ရေအာင္ယူေပါ့ …

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း