တကယ်က အိမ်ဆိုတာထက် အမေ့ကို ပိုပြီးလွမ်းတာပါ

အိမ်ကို လွမ်းတယ် အမေ လို့သာ အော်လိုက်တာပါ တကယ်က အိမ်ဆိုတာထက် အမေ့ကို ပိုပြီးလွမ်းတာပါ

လူတွေက နီးလွန်းရင် မမြင်တတ်ဘူးဆိုတာ တကယ် မှန်တယ် အမေ သမီးလဲ အမေ့ရဲ့ စေတနာတွေ မေတ္တာတွေကို အလုံးစုံမမြင်နိုင်ခဲ့ဘူး အဝေးကြီးကို ရောက်တော့မှ သမီးမှာ တန်ဖိုးတွေ သိလာရတာ အမေကြော်ကျွေးတဲ့ ကန်စွန်းရွက်ကြော်လေးပဲ ဖြစ်ဖြစ် ငပိရည်လေးပဲဖြစ်ဖြစ် ဒီတစ်ခါပြန်လာဖြစ်ရင် ဘာတစ်ခုမှ ဂျီးမများတော့ဘူး အမေချက်ကျွေးတဲ့ ဟင်းမှန်သမျှ အကုန်စားမှာ အဝေးမှာ ဘယ်လောက်စားကောင်းသောက်ကောင်းတွေပဲ ဖြစ်ဖြစ် အမေချက်တဲ့ ဟင်းတွေလောက် သမီးအရသာမတွေ့ဘူး

ခေါက်ဆွဲပြုတ်နဲ့ တစ်နှပ်ပြီးခဲ့တဲ့ရက်တွေ ကြက်ဥကြော်နဲ့ တစ်နှပ် ပြီးခဲ့တဲ့ရက်တွေမှာ အိမ်က ထမင်းဝိုင်းလေးကိုလဲ ပြန်ပြီးလွမ်းတတ်လာခဲ့တယ်အမေကလဲ ဒီအရွယ်ကြီးရောက်နေပြီ စိတ်ပူနေတုန်းဆိုပြီး စိတ်ဆိုးခဲ့မိတာတွေအတွက်လဲ သမီးနောင်တတွေရနေပါပြီ အခု သမီးရောက်တဲ့အရပ်မှာ ဘယ်သူ့မှ သမီးကို ဂရုမစိုက်ကြသလို သမီးကို ဘယ်သူမှ စိတ်မပူပေးကြဘူး အမေ သမီးကို စိတ်ပူပေးပါဦး

နေထိုင်မကောင်းဖြစ်တဲ့အခါ အမေ့ရင်ငွေ့နွေးနွေးလေးကို သာမန်ထက်ပိုပြီး လွမ်းမိတယ် အမေ ခေါက်ဆွဲပြုတ်စားမလား ဆန်ပြုတ်စားမလား အမေ မေးခဲ့သလို ဘယ်သူမှ မေးဖော်မရကြဘူး တစ်ခါတစ်ရံ ကိုယ်နေမကောင်းဖြစ်နေမှန်းတောင် မသိကြဘူး ကိုယ်ပူလေးတဖွဖွ စမ်းပြီး ဘယ်နေရာနာလဲ ဘယ်နေရာကိုက်လဲ အမေ တဖွဖွမေးပါဦး အမေ့အပြုံးတွေအောက်မှာ သမီးရောဂါ တွေ သက်သာတယ် အမေ

နောက်ဆို သမီးမဆိုးတော့ဘူး အမေ အဝေးရောက်လေလေ တန်ဖိုးပိုသိလာလေလေပါပဲ အိမ်တဲ့ မေ့နေတဲ့အချိန်ဆိုတာမရှိပါဘူး ပြန်တမ်းတရင်း မပြန်နိုင်ခဲ့လို့ ပိုလွမ်းရတဲ့ ရက်တွေပဲ ရှိတာပါ ဒီတစ်ခါ အမေ့ဆီပြန်ရောက်တဲ့အခါ အမေ့ကို အကြာကြီးဖက်ထားပြီး အမေ့ကို လွမ်းတဲ့အကြောင်းတွေ အများကြီးပြောချင်တယ် အမေ တစ်ခါတစ်ရံ အရမ်းကို အထီးကျန်တာပဲ ကိုယ့်အနားရပ်နေတဲ့လူတွေအထဲမှာ ကိုယ့်အပေါ်မကောင်းတဲ့လူတွေလဲ အများကြီးပါတယ်

အမေ ဆုံးမခဲ့ဖူးသလိုပါပဲ ဘယ်သူ့အပေါ်မဆို မေတ္တာထားပြီးပဲ ဆက်ဆံပါတယ် ဒါပေမယ့် မေတ္တာတွေ ပြန်မရဘူးအမေ ကိုယ်မေတ္တာထားသလောက် ပြန်ပြီး စော်ကားချင်ကြတဲ့ လူတွေချည်းပါပဲ တစ်ခါတစ်ရံ သမီးအရမ်းကိုနာကျင်ရပါတယ် ဒီတစ်ခါ အိမ်ပြန်လာဖြစ်တဲ့အခါကျရင် အမေနဲ့ စကားတွေ အများကြီးပြောပြီး အမေ့အပြုံးတွေ တစ်၀ကြီးထိုင်ကြည့်ချင်သေးတယ် ။အမေ ကျန်းပါစေနော် အမေ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

အိမ္ကို လြမ္းတယ္ အေမ လို႔သာ ေအာ္လိုက္တာပါ တကယ္က အိမ္ဆိုတာထက္ အေမ့ကို ပိုၿပီးလြမ္းတာပါ

လူေတြက နီးလြန္းရင္ မျမင္တတ္ဘူးဆိုတာ တကယ္ မွန္တယ္ အေမ သမီးလဲ အေမ့ရဲ႕ ေစတနာေတြ ေမတၱာေတြကို အလုံးစုံမျမင္ႏိုင္ခဲ့ဘူး အေဝးႀကီးကို ေရာက္ေတာ့မွ သမီးမွာ တန္ဖိုးေတြ သိလာရတာ အေမေၾကာ္ေကြၽးတဲ့ ကန္စြန္း႐ြက္ေၾကာ္ေလးပဲ ျဖစ္ျဖစ္ ငပိရည္ေလးပဲျဖစ္ျဖစ္ ဒီတစ္ခါျပန္လာျဖစ္ရင္ ဘာတစ္ခုမွ ဂ်ီးမမ်ားေတာ့ဘူး အေမခ်က္ေကြၽးတဲ့ ဟင္းမွန္သမွ် အကုန္စားမွာ အေဝးမွာ ဘယ္ေလာက္စားေကာင္းေသာက္ေကာင္းေတြပဲ ျဖစ္ျဖစ္ အေမခ်က္တဲ့ ဟင္းေတြေလာက္ သမီးအရသာမေတြ႕ဘူး

ေခါက္ဆြဲျပဳတ္နဲ႔ တစ္ႏွပ္ၿပီးခဲ့တဲ့ရက္ေတြ ၾကက္ဥေၾကာ္နဲ႔ တစ္ႏွပ္ ၿပီးခဲ့တဲ့ရက္ေတြမွာ အိမ္က ထမင္းဝိုင္းေလးကိုလဲ ျပန္ၿပီးလြမ္းတတ္လာခဲ့တယ္အေမကလဲ ဒီအ႐ြယ္ႀကီးေရာက္ေနၿပီ စိတ္ပူေနတုန္းဆိုၿပီး စိတ္ဆိုးခဲ့မိတာေတြအတြက္လဲ သမီးေနာင္တေတြရေနပါၿပီ အခု သမီးေရာက္တဲ့အရပ္မွာ ဘယ္သူ႔မွ သမီးကို ဂ႐ုမစိုက္ၾကသလို သမီးကို ဘယ္သူမွ စိတ္မပူေပးၾကဘူး အေမ သမီးကို စိတ္ပူေပးပါဦး

ေနထိုင္မေကာင္းျဖစ္တဲ့အခါ အေမ့ရင္ေငြ႕ေႏြးေႏြးေလးကို သာမန္ထက္ပိုၿပီး လြမ္းမိတယ္ အေမ ေခါက္ဆြဲျပဳတ္စားမလား ဆန္ျပဳတ္စားမလား အေမ ေမးခဲ့သလို ဘယ္သူမွ ေမးေဖာ္မရၾကဘူး တစ္ခါတစ္ရံ ကိုယ္ေနမေကာင္းျဖစ္ေနမွန္းေတာင္ မသိၾကဘူး ကိုယ္ပူေလးတဖြဖြ စမ္းၿပီး ဘယ္ေနရာနာလဲ ဘယ္ေနရာကိုက္လဲ အေမ တဖြဖြေမးပါဦး အေမ့အၿပဳံးေတြေအာက္မွာ သမီးေရာဂါ ေတြ သက္သာတယ္ အေမ

ေနာက္ဆို သမီးမဆိုးေတာ့ဘူး အေမ အေဝးေရာက္ေလေလ တန္ဖိုးပိုသိလာေလေလပါပဲ အိမ္တဲ့ ေမ့ေနတဲ့အခ်ိန္ဆိုတာမရွိပါဘူး ျပန္တမ္းတရင္း မျပန္ႏိုင္ခဲ့လို႔ ပိုလြမ္းရတဲ့ ရက္ေတြပဲ ရွိတာပါ ဒီတစ္ခါ အေမ့ဆီျပန္ေရာက္တဲ့အခါ အေမ့ကို အၾကာႀကီးဖက္ထားၿပီး အေမ့ကို လြမ္းတဲ့အေၾကာင္းေတြ အမ်ားႀကီးေျပာခ်င္တယ္ အေမ တစ္ခါတစ္ရံ အရမ္းကို အထီးက်န္တာပဲ ကိုယ့္အနားရပ္ေနတဲ့လူေတြအထဲမွာ ကိုယ့္အေပၚမေကာင္းတဲ့လူေတြလဲ အမ်ားႀကီးပါတယ္

အေမ ဆုံးမခဲ့ဖူးသလိုပါပဲ ဘယ္သူ႔အေပၚမဆို ေမတၱာထားၿပီးပဲ ဆက္ဆံပါတယ္ ဒါေပမယ့္ ေမတၱာေတြ ျပန္မရဘူးအေမ ကိုယ္ေမတၱာထားသေလာက္ ျပန္ၿပီး ေစာ္ကားခ်င္ၾကတဲ့ လူေတြခ်ည္းပါပဲ တစ္ခါတစ္ရံ သမီးအရမ္းကိုနာက်င္ရပါတယ္ ဒီတစ္ခါ အိမ္ျပန္လာျဖစ္တဲ့အခါက်ရင္ အေမနဲ႔ စကားေတြ အမ်ားႀကီးေျပာၿပီး အေမ့အၿပဳံးေတြ တစ္၀ႀကီးထိုင္ၾကည့္ခ်င္ေသးတယ္ ။အေမ က်န္းပါေစေနာ္ အေမ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း