နောင်တတဲ့ အချိန်တွေ အရမ်းနောက်ကျပြီးမှ ရောက်လာတတ်တဲ့ အရာလေ

နောင်တတဲ့ အချိန်တွေ အရမ်းနောက်ကျပြီးမှ ရောက်လာတတ်တဲ့ အရာလေ သူလာဘယ်လိုမှ မချိုမြိန်တတ်ဘူး

တစ်ခါက ဆေးရုံပေါ်မှာရှိတဲ့ အသက်ခြောက်ဆယ်ကျော် ပင်စင်စားလူတွေကို ဘယ်အရာတွေကြောင့် နောင်တရခဲ့ဖူးလဲလို့ မေးတဲ့အခါ တော်တော်များ ရခဲ့တဲ့ နောင်တက သူတို့ လုပ်ခဲ့ဖူးတဲ့ အရာတွေထက် သူတို့ မလုပ်ဖြစ်ခဲ့တဲ့အရာတွေကို နောင်တရတယ်လို့ပြန်ဖြေကြတယ်

ခရီးတွေ သွားနိုင်တုန်းမှာ မသွားဖြစ်ခဲ့တာတွေ ၊ ငယ်ရွယ်တုန်းမှာ ကျန်းမာရေး ဂရုမစိုက်ခဲ့မိတာတွေ ၊မိသားစုတွေ သိုက်သိုက်၀န်း၀န်းရှိတုန်းမှာ တန်ဖိုးမထားခဲ့မမိတာတွေ စသည်ဖြင့်ပေါ့မလုပ်ဖြစ် မလုပ်မိခဲ့တဲ့အရာတွေကို နောင်တတွေ ရနေတတ်တာ ပိုများတယ်ငါ မလုပ်ခဲ့မိလေခြင်းဆိုတဲ့နောင်တက ငါ လုပ်လိုက်မိလေခြင်းဆိုတဲ့နောင်တထက် ပိုပြီးနာကျင်ရပါတယ်

အရာအားလုံးမှာလို့ ဆိုလိုတာ မဟုတ်ဘူးနော် တော်တော်များများမှာပေါ့ ငါဘာကြောင့်များ လုပ်နိုင်ခဲ့ရဲ့နဲ့ မလုပ်လိုက်မိတာပါလိမ့်ဆိုတာမျိုး အချိန်တော်တော်ကြီးလွန်ကာမှ ရတတ်ကြတာလေနောင်တဆိုတာက နောင်တပါပဲ နောင်မှတာ တကြတာလေ ပြန်သွားလို့ မရတော့ဘူး ပြန်ပြင်ခွင့်မရှိတော့ဘူးနောက်တစ်ခုက အတတ်နိုင်ဆုံးမမှားအောင်နေပါ . . ..

အမှားကို သိလို့ အမှန်ကိုပြင်ဖို့ ဘယ်တော့မှ နောက်မကျဘူးတဲ့ မဟုတ်ဘူးဗျ တချို့အမှားတွေကကျတော့ မှားပြီးသွားတာနဲ့ ဘယ်လိုနည်းနဲ့မှ ပြန်ပြင်ပိုင်ခွင့်မရှိတော့ဘူးနောင်တတွေနဲ့ တစ်သက်လုံး နာနာကျင်ကျင်နဲ့ ဖြတ်သန်းရတာတွေ ရှိတယ် ဒါကြောင့် အတတ်နိုင်ဆုံး မမှားအောင်သာ ဆင်ခြင်ပါ

အပြစ်တင်ရင်းပဲဆိုတဲ့အရာက ဘယ်တော့မှ မချိုမြိန်တတ်ဘူးလေ ငါ ဆိုတဲ့ ခေါင်းစဥ်တပ်ပြီး ကိုယ့်ကိုယ်ကိုယ် နာကျင်နေရတတ်တယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေနာင္တတဲ့ အခ်ိန္ေတြ အရမ္းေနာက္က်ၿပီးမွ ေရာက္လာတတ္တဲ့ အရာေလ သူလာဘယ္လိုမွ မခ်ိဳၿမိန္တတ္ဘူး

တစ္ခါက ေဆး႐ုံေပၚမွာရွိတဲ့ အသက္ေျခာက္ဆယ္ေက်ာ္ ပင္စင္စားလူေတြကို ဘယ္အရာေတြေၾကာင့္ ေနာင္တရခဲ့ဖူးလဲလို႔ ေမးတဲ့အခါ ေတာ္ေတာ္မ်ား ရခဲ့တဲ့ ေနာင္တက သူတို႔ လုပ္ခဲ့ဖူးတဲ့ အရာေတြထက္ သူတို႔ မလုပ္ျဖစ္ခဲ့တဲ့အရာေတြကို ေနာင္တရတယ္လို႔ျပန္ေျဖၾကတယ္

ခရီးေတြ သြားႏိုင္တုန္းမွာ မသြားျဖစ္ခဲ့တာေတြ ၊ ငယ္႐ြယ္တုန္းမွာ က်န္းမာေရး ဂ႐ုမစိုက္ခဲ့မိတာေတြ ၊မိသားစုေတြ သိုက္သိုက္၀န္း၀န္းရွိတုန္းမွာ တန္ဖိုးမထားခဲ့မမိတာေတြ စသည္ျဖင့္ေပါ့မလုပ္ျဖစ္ မလုပ္မိခဲ့တဲ့အရာေတြကို ေနာင္တေတြ ရေနတတ္တာ ပိုမ်ားတယ္ငါ မလုပ္ခဲ့မိေလျခင္းဆိုတဲ့ေနာင္တက ငါ လုပ္လိုက္မိေလျခင္းဆိုတဲ့ေနာင္တထက္ ပိုၿပီးနာက်င္ရပါတယ္

အရာအားလုံးမွာလို႔ ဆိုလိုတာ မဟုတ္ဘူးေနာ္ ေတာ္ေတာ္မ်ားမ်ားမွာေပါ့ ငါဘာေၾကာင့္မ်ား လုပ္ႏိုင္ခဲ့ရဲ႕နဲ႔ မလုပ္လိုက္မိတာပါလိမ့္ဆိုတာမ်ိဳး အခ်ိန္ေတာ္ေတာ္ႀကီးလြန္ကာမွ ရတတ္ၾကတာေလေနာင္တဆိုတာက ေနာင္တပါပဲ ေနာင္မွတာ တၾကတာေလ ျပန္သြားလို႔ မရေတာ့ဘူး ျပန္ျပင္ခြင့္မရွိေတာ့ဘူးေနာက္တစ္ခုက အတတ္ႏိုင္ဆုံးမမွားေအာင္ေနပါ . . ..

အမွားကို သိလို႔ အမွန္ကိုျပင္ဖို႔ ဘယ္ေတာ့မွ ေနာက္မက်ဘူးတဲ့ မဟုတ္ဘူးဗ် တခ်ိဳ႕အမွားေတြကက်ေတာ့ မွားၿပီးသြားတာနဲ႔ ဘယ္လိုနည္းနဲ႔မွ ျပန္ျပင္ပိုင္ခြင့္မရွိေတာ့ဘူးေနာင္တေတြနဲ႔ တစ္သက္လုံး နာနာက်င္က်င္နဲ႔ ျဖတ္သန္းရတာေတြ ရွိတယ္ ဒါေၾကာင့္ အတတ္ႏိုင္ဆုံး မမွားေအာင္သာ ဆင္ျခင္ပါ

အျပစ္တင္ရင္းပဲဆိုတဲ့အရာက ဘယ္ေတာ့မွ မခ်ိဳၿမိန္တတ္ဘူးေလ ငါ ဆိုတဲ့ ေခါင္းစဥ္တပ္ၿပီး ကိုယ့္ကိုယ္ကိုယ္ နာက်င္ေနရတတ္တယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း