ကိုယ်ရိုးသားသလို လူတိုင်းမရိုးသားနိုင်ကြဘူး

ဒဏ်ရာတွေ စာနာမလားဆိုပြီးပြလိုက်တာ ကိုယ့်မှာထပ်ပြီးနာကျင်ရပြန်တယ်

ကိုယ်ညံ့လို့ ကိုယ်ခံနေရတာတွေမှန်း ကောင်းကောင်းကြီး သဘောပေါက်ခဲ့သလို နောင်တတွေလဲ အထပ်ထပ်ရခဲ့ပြီးသားပါ အဲ့ဒါကို နည်းနည်းလေးဖြစ်ဖြစ် ချွေးသိပ်ပေးမလားဆိုပြီး ပြခဲ့မိတာ ထပ်ပြီးနာကျင်ရတာပဲ အဖတ်တင်တယ်

ယုံကြည်ကိုးစားလို့ အားနည်းချက်တွေကိုပဲ ဖြစ်ဖြစ် လျှို့ဝှက်ချက်တွေကိုပဲ ဖြစ်ဖြစ် ရင်ဖွင့်တိုင်ပင်ခဲ့တာ ချနင်းစရာ ပေးသလိုဖြစ်သွားတယ် အများရှေ့ရောက်တဲ့အခါမှာပဲဖြစ်ဖြစ် ပြောစရာစကားတွေရသွားတယ် ကိုယ့်နောက်ကွယ် ကိုယ့်အကြောင်းပြောဖို့ ကုန်ကြမ်းတွေကို ကိုယ်ကိုယ်တိုင်ပေးလိုက်သလိုဖြစ်သွားတယ်

ကျွန်မပဲ အယုံကြည်လွန်ခဲ့တာပါ ပြီးတော့ ကိုယ့်လိုပဲ စောင့်စည်းသင့်တာတွေ စောင့်စည်းနိုင်ခဲ့လိမ့်မယ်လို့ ထင်ခဲ့မိတာ ။ကျွန်မ အရမ်းကို မှားသွားတယ်ကိုယ်ရိုးသားသလို လူတိုင်းမရိုးသားနိုင်ကြဘူး

အဲ့ထက်ပိုဆိုးတာက ရိုးသားတဲ့ လူများတွေ့ရင် သူတို့က အသုံးချဖို့သက်သက် အပေါင်းအသင်းလုပ်ကြတာ သူတို့နဲ့ ဝေးဝေးမှာနေ တစ်ယောက်တည်းဖြစ်နေလို့လဲ အထီးကျန်တယ်လို့ မတွေးနဲ့

လူအများကြီးကြားမှာ ဒဏ်ရာများနေတာထက်စာရင် တစ်ယောက်တည်း နေရတာပိုကောင်းပါတယ် ဒဏ်ရာတွေ ရှိလာတဲ့အခါ မမြင်စေနဲ့ အားနည်းချက်တွေ ရှိလာတဲ့အခါ မတွေ့စေနဲ့ စာနာမယ့်လူထက် အနာပေါ် အနာဆင့်အောင် ထပ်လုပ်မယ့်လူတွေချည်းပဲ ခင်သလိုလို မင်သလိုလိုနဲ့ ရပ်နေကြတာ

ဒီလိုနဲ့ပဲ ကျွန်မ အရာရာကို မြိုသိပ်နိုင်စွမ်းတွေ ရှိလာခဲ့တာ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ဒဏ္ရာေတြ စာနာမလားဆိုၿပီးျပလိုက္တာ ကိုယ့္မွာထပ္ၿပီးနာက်င္ရျပန္တယ္

ကိုယ္ညံ့လို႔ ကိုယ္ခံေနရတာေတြမွန္း ေကာင္းေကာင္းႀကီး သေဘာေပါက္ခဲ့သလို ေနာင္တေတြလဲ အထပ္ထပ္ရခဲ့ၿပီးသားပါ အဲ့ဒါကို နည္းနည္းေလးျဖစ္ျဖစ္ ေခြၽးသိပ္ေပးမလားဆိုၿပီး ျပခဲ့မိတာ ထပ္ၿပီးနာက်င္ရတာပဲ အဖတ္တင္တယ္

ယုံၾကည္ကိုးစားလို႔ အားနည္းခ်က္ေတြကိုပဲ ျဖစ္ျဖစ္ လွ်ိဳ႕ဝွက္ခ်က္ေတြကိုပဲ ျဖစ္ျဖစ္ ရင္ဖြင့္တိုင္ပင္ခဲ့တာ ခ်နင္းစရာ ေပးသလိုျဖစ္သြားတယ္ အမ်ားေရွ႕ေရာက္တဲ့အခါမွာပဲျဖစ္ျဖစ္ ေျပာစရာစကားေတြရသြားတယ္ ကိုယ့္ေနာက္ကြယ္ ကိုယ့္အေၾကာင္းေျပာဖို႔ ကုန္ၾကမ္းေတြကို ကိုယ္ကိုယ္တိုင္ေပးလိုက္သလိုျဖစ္သြားတယ္

ကြၽန္မပဲ အယုံၾကည္လြန္ခဲ့တာပါ ၿပီးေတာ့ ကိုယ့္လိုပဲ ေစာင့္စည္းသင့္တာေတြ ေစာင့္စည္းႏိုင္ခဲ့လိမ့္မယ္လို႔ ထင္ခဲ့မိတာ ။ကြၽန္မ အရမ္းကို မွားသြားတယ္ကိုယ္႐ိုးသားသလို လူတိုင္းမ႐ိုးသားႏိုင္ၾကဘူး

အဲ့ထက္ပိုဆိုးတာက ႐ိုးသားတဲ့ လူမ်ားေတြ႕ရင္ သူတို႔က အသုံးခ်ဖို႔သက္သက္ အေပါင္းအသင္းလုပ္ၾကတာ သူတို႔နဲ႔ ေဝးေဝးမွာေန တစ္ေယာက္တည္းျဖစ္ေနလို႔လဲ အထီးက်န္တယ္လို႔ မေတြးနဲ႔

လူအမ်ားႀကီးၾကားမွာ ဒဏ္ရာမ်ားေနတာထက္စာရင္ တစ္ေယာက္တည္း ေနရတာပိုေကာင္းပါတယ္ ဒဏ္ရာေတြ ရွိလာတဲ့အခါ မျမင္ေစနဲ႔ အားနည္းခ်က္ေတြ ရွိလာတဲ့အခါ မေတြ႕ေစနဲ႔ စာနာမယ့္လူထက္ အနာေပၚ အနာဆင့္ေအာင္ ထပ္လုပ္မယ့္လူေတြခ်ည္းပဲ ခင္သလိုလို မင္သလိုလိုနဲ႔ ရပ္ေနၾကတာ

ဒီလိုနဲ႔ပဲ ကြၽန္မ အရာရာကို ၿမိဳသိပ္ႏိုင္စြမ္းေတြ ရွိလာခဲ့တာ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း