အရင်တုန်းကလိုဖြစ်ချင်ပေမယ့်လဲ အရင်တုန်းကလို ပြန်မဖြစ်နိုင်တော့တဲ့ဘဝတွေ တကယ်ရှိတယ် …

အရင်တုန်းကလိုဖြစ်ချင်ပေမယ့်လဲ အရင်တုန်းကလို ပြန်မဖြစ်နိုင်တော့တဲ့ဘဝတွေ တကယ်ရှိတယ် …

ချစ်နေတယ်ဆိုတဲ့ စိတ်တွေရှိပေမယ့် ဘယ်လိုနည်းနဲ့မှ ပြန်ပြီးမဆုံနိုင်တော့တဲ့လူတွေရှိတယ် … စိတ်ထဲမှာ သိမ်းထားရင်းနဲ့ တိတ်တိတ်လေးလွမ်းနေရင်ခြင်းတွေကို ခုန်မင်တာမဟုတ်ပဲ မဖြစ်မနေမို့သာ ရွေးချယ်ခဲ့ရတာပါ .. လွမ်းတဲ့စိတ်တွေ ရှိပေမယ့်လဲ လွမ်းလိုက်တာဆိုပြီး နာမည်တပ်ပြောပိုင်ခွင့်တွေတော့ မရှိဘူး …

လှမ်းတွေ့ချင်စိတ်တွေပဲ ရှိတော့တာပါ အနီးအနားသွားဖို့သတ္တိတွေတော့မရှိတော့ဘူး … တကယ်ချစ်ရင်တဲ့ တကယ်မချစ်ခဲ့တာမဟုတ်ပဲ တကယ်ချစ်ပြီးတော့မှ တကယ်ကြီး ဘယ်တော့မှမနီးစပ်တော့မယ့် ဇာတ်လမ်းတွေ ရှိပါတယ် … လာချင်ရင် အနီးလေးတဲ့ သွားချင်တဲ့စိတ်တွေပဲရှိပြီး မသွားနိုင်တဲ့ခရီးတွေမှ အများကြီးပါ

အချစ်စစ်မှန်ရင် ဘယ်တော့မှ မဖြောင့်တန်းတတ်ဘူးဆိုတဲ့စကားတွေကိုလဲ အမှတ်ရသလို အချစ်တစ်ခုတည်းနဲ့ အရာရာမဖြစ်ဘူးဆိုတဲ့ အမှန်တရားတွေကို တဖြေးဖြေး သိလာရတယ် ကိုယ်က ချစ်ရုံပဲတတ်နိုင်ခဲ့တာလေ … ဘယ်လောက်ပဲပဲ ပြေးပြေး မရောက်နိုင်ခဲ့တဲ့ ပန်းတိုင်တစ်ခုအဖြစ် အချစ်ဆိုတဲ့အနောက်မှာ သူ့နာမည်လေးကို တစ်သက်လုံးအမှတ်ရနေမှာပါ …

အရင်လိုဆိုတဲ့ အတိတ်တွေကို ပြန်လွမ်းလို့ပဲ ရတော့တယ် အရင်လိုပြန်ဖြစ်ချင်လို့မရတော့တဲ့အခြေအနေတွေ တကယ်ကို အများကြီးရှိပါတယ် …

မိန်းမသားတို့အတွက်
သျှင်ယွန်း

အရင္တုန္းကလိုျဖစ္ခ်င္ေပမယ့္လဲ အရင္တုန္းကလုိ ျပန္မျဖစ္နုိင္ေတာ့တဲ့ဘ၀ေတြ တကယ္ရွိတယ္ …

ခ်စ္ေနတယ္ဆုိုတဲ့ စိတ္ေတြရွိေပမယ့္ ဘယ္လိုနည္းနဲ့မွ ျပန္ျပီးမဆံုနုိင္ေတာ့တဲ့လူေတြရွိတယ္ … စိတ္ထဲမွာ သိမ္းထားရင္းနဲ႕ တိတ္တိတ္ေလးလြမ္းေနရင္ျခင္းေတြကို ခုန္မင္တာမဟုတ္ပဲ မျဖစ္မေနမို့သာ ေရြးခ်ယ္ခဲ့ရတာပါ .. လြမ္းတဲ့စိတ္ေတြ ရွိေပမယ့္လဲ လြမ္းလိုက္တာဆိုျပီး နာမည္တပ္ေျပာပိုင္ခြင့္ေတြေတာ့ မရွိဘူး …

လွမ္းေတြ႕ခ်င္စိတ္ေတြပဲ ရွိေတာ့တာပါ အနီးအနားသြားဖုိိ့သတၱိေတြေတာ့မရွိေတာ့ဘူး … တကယ္ခ်စ္ရင္တဲ့ တကယ္မခ်စ္ခဲ့တာမဟုတ္ပဲ တကယ္ခ်စ္ျပီးေတာ့မွ တကယ္ၾကီး ဘယ္ေတာ့မွမနီးစပ္ေတာ့မယ့္ ဇာတ္လမ္းေတြ ရွိပါတယ္ … လာခ်င္ရင္ အနီးေလးတဲ့ သြားခ်င္တဲ့စိတ္ေတြပဲရွိျပီး မသြားနုိင္တဲ့ခရီးေတြမွ အမ်ားၾကီးပါ

အခ်စ္စစ္မွန္ရင္ ဘယ္ေတာ့မွ မေျဖာင့္တန္းတတ္ဘူးဆိုတဲ့စကားေတြကိုလဲ အမွတ္ရသလုိ အခ်စ္တစ္ခုတည္းနဲ႕ အရာရာမျဖစ္ဘူးဆိုတဲ့ အမွန္တရားေတြကို တေျဖးေျဖး သိလာရတယ္ ကိုယ္က ခ်စ္ရံုပဲတတ္နိုင္ခဲ့တာေလ … ဘယ္ေလာက္ပဲပဲ ေျပးေျပး မေရာက္နိုင္ခဲ့တဲ့ ပန္းတိုင္တစ္ခုုအျဖစ္ အခ်စ္ဆိုတဲ့အေနာက္မွာ သူ့နာမည္ေလးကို တစ္သက္လံုးအမွတ္ရေနမွာပါ …

အရင္လိုဆိုတဲ့ အတိတ္ေတြကို ျပန္လြမ္းလို့ပဲ ရေတာ့တယ္ အရင္လိုျပန္္ျဖစ္ခ်င္လုိ့မရေတာ့တဲ့အေျခအေနေတြ တကယ္ကို အမ်ားၾကီးရွိပါတယ္ …

မိန္းမသားတို့အတြက္
သွ်င္ယြန္း