မနှောင့်ယှက်တော့ပါဘူး …

မနှောင့်ယှက်တော့ပါဘူး …

ကိုယ်မရှိပဲလဲ အဆင်ပြေနေမှန်းသိတဲ့အခါ ကိုယ်က ရှိချင်ရုံစိတ်လေးတစ်ခုတည်းနဲ့ နှောင့်ယှက်နေလို့မဖြစ်သေးဘူးလေ ။ လူဆိုတာ လူမှုရေးသိရသလို ကိုယ့်နေရာနဲ့ကိုယ်နေတတ်ရတယ်တဲ့ ဒီလိုနဲ့ပဲ ကျွန်မ မနေတတ်ခဲ့ပေမယ့် နေတတ်အောင်နေဖို့ပဲ တွေးဖြစ်ခဲ့တယ် ။

ဖုန်းတွေ ဆက်ချင်ပေမယ့် ကိုယ့်အတွက် အမြဲတမ်းမအားတဲ့ဖုန်းဟာ ကိုယ့်အတွက် ဘယ်တော့မှ အချိန်မရခဲ့ပါဘူး ။ ကိုယ်ဆက်တဲ့ဖုန်းတွေဟာ သူ့အတွက် အနှေုာင့်အယှက်သက်သက်ပဲလေ ။ ကိုယ့်ရဲ့ သတိရစိတ်တစ်ခုတည်းနဲ့ သူတစ်ပါးကို မနှိပ်စက်သင့်တော့ပါဘူး ။ မျှော်နေတဲ့စိတ်လေးကိုလဲ ထိန်းချုပ်လိုက်ပါ ။ သူ ဘယ်တော့မှ ခေါ်လာမှာမဟုတ်ဘူး ။

ချစ်တယ်လို့ပြောဖို့ခက်နေတဲ့ လူတစ်ယောက်ကို ချစ်လားဆိုတဲ့ မေးခွန်းတွေနဲ့ အနေမကျပ်စေတော့တာပဲ ကောင်းပါတယ် ။ ကျွန်မ မနှောင့်ယှက်တော့ပါဘူး ။ ကိုယ်မရှိပဲ သူတောင် ပျော်အောင်နေနေသေးရင် ကိုယ်လဲ မပျော်လဲ ပြုံးတတ်ရမှာပေါ့ ။
ကိုယ်က သတိတရရှိပေမယ့် သူက အရာရာကို မေ့ပြီးနေနိုင်တဲ့အထိ ပြောင်းပြန်အချိုးတွေကျနေတာဟာ ၀မ်းနည်းစရာပါ ။

ဒါပေမယ့် မငိုဖြစ်တော့ဘူး ကိုယ်၀မ်းနည်းလို့ကျတဲ့မျက်ရည်တွေဟာလဲ သူ့အတွက်တော့ ဟာသသက်သက်ပဲ ဖြစ်နေပါတယ် တစ်ချက်မှ ပြန်လှည့်မကြည့်တတ်တဲ့သူကို တစ်ချက်လောက်ပြန်ကြည့်ပေးပါဆိုတဲ့ စကားတွေနဲ့ မနှောင့်ယှက်တော့ပါဘူး ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

မေႏွာင့္ယွက္ေတာ့ပါဘူး …

ကိုယ္မရွိပဲလဲ အဆင္ေျပေနမွန္းသိတဲ့အခါ ကိုယ္က ရွိခ်င္႐ုံစိတ္ေလးတစ္ခုတည္းနဲ႔ ေႏွာင့္ယွက္ေနလို႔မျဖစ္ေသးဘူးေလ ။ လူဆိုတာ လူမႈေရးသိရသလို ကိုယ့္ေနရာနဲ႔ကိုယ္ေနတတ္ရတယ္တဲ့ ဒီလိုနဲ႔ပဲ ကြၽန္မ မေနတတ္ခဲ့ေပမယ့္ ေနတတ္ေအာင္ေနဖို႔ပဲ ေတြးျဖစ္ခဲ့တယ္ ။

ဖုန္းေတြ ဆက္ခ်င္ေပမယ့္ ကိုယ့္အတြက္ အၿမဲတမ္းမအားတဲ့ဖုန္းဟာ ကိုယ့္အတြက္ ဘယ္ေတာ့မွ အခ်ိန္မရခဲ့ပါဘူး ။ ကိုယ္ဆက္တဲ့ဖုန္းေတြဟာ သူ႔အတြက္ အေႏႈာင့္အယွက္သက္သက္ပဲေလ ။ ကိုယ့္ရဲ႕ သတိရစိတ္တစ္ခုတည္းနဲ႔ သူတစ္ပါးကို မႏွိပ္စက္သင့္ေတာ့ပါဘူး ။ ေမွ်ာ္ေနတဲ့စိတ္ေလးကိုလဲ ထိန္းခ်ဳပ္လိုက္ပါ ။ သူ ဘယ္ေတာ့မွ ေခၚလာမွာမဟုတ္ဘူး ။

ခ်စ္တယ္လို႔ေျပာဖို႔ခက္ေနတဲ့ လူတစ္ေယာက္ကို ခ်စ္လားဆိုတဲ့ ေမးခြန္းေတြနဲ႔ အေနမက်ပ္ေစေတာ့တာပဲ ေကာင္းပါတယ္ ။ ကြၽန္မ မေႏွာင့္ယွက္ေတာ့ပါဘူး ။ ကိုယ္မရွိပဲ သူေတာင္ ေပ်ာ္ေအာင္ေနေနေသးရင္ ကိုယ္လဲ မေပ်ာ္လဲ ၿပဳံးတတ္ရမွာေပါ့ ။
ကိုယ္က သတိတရရွိေပမယ့္ သူက အရာရာကို ေမ့ၿပီးေနႏိုင္တဲ့အထိ ေျပာင္းျပန္အခ်ိဳးေတြက်ေနတာဟာ ၀မ္းနည္းစရာပါ ။

ဒါေပမယ့္ မငိုျဖစ္ေတာ့ဘူး ကိုယ္၀မ္းနည္းလို႔က်တဲ့မ်က္ရည္ေတြဟာလဲ သူ႔အတြက္ေတာ့ ဟာသသက္သက္ပဲ ျဖစ္ေနပါတယ္ တစ္ခ်က္မွ ျပန္လွည့္မၾကည့္တတ္တဲ့သူကို တစ္ခ်က္ေလာက္ျပန္ၾကည့္ေပးပါဆိုတဲ့ စကားေတြနဲ႔ မေႏွာင့္ယွက္ေတာ့ပါဘူး ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း