ဒီနေ့တစ်ရက်ပဲ လွမ်းတော့မယ် ….

ဒီနေ့တစ်ရက်ပဲ လွမ်းတော့မယ် ….

ကိုယ့်ကိုကျောခိုင်းပြီး တခြားရင်ခွင်မှာပျော်နေတဲ့သူူ့ကို ဒီနေ့တစ်ရက်ပဲလွမ်းတော့မယ် မနက်ဖြန်ထိခေါ်မသွားတော့ဘူး … အဟောင်းမို့မေ့ပစ်လိုက်တော့မယ်ဆိုတာမျိုးမဟုတ်ပဲ ကိုယ်ပျော်အောင်နေဖို့သင့်ပြီလို့တွေးမိလို့သာ မေ့ဖို့တွေးလိုက်တာပါ

မနက်ဖြန် ကိုယ့်စိတ်နဲ့ကိုယ်ထတော့မယ် မနက်ဖြန် ကိုယ့်အကြောင်းကိုယ်တွေးတော့မယ် မနက်ဖြန် ကိုယ့်အိပ်မက်တွေ ကိုယ်ဆက်မက်တော့မယ် ပြန်မလာတော့မယ့် လူကို လွမ်းနေတယ်ဆိုတာ ကိုယ့်ကိုယ်ကို နှိပ်စက်နေရုံသက်သက်ပါပဲ

ကျွန်မ မပျော်ဖြစ်ခဲ့တာ အချိန်ကြာခဲ့သလို သူမေ့နေခဲ့တာလဲ ကိုယ်မရှိတဲ့အချိန်တိုင်းပဲလေ … ဒီနေ့တစ်ရက်ပဲ သူ့ကို လွမ်းတော့မယ် ဒီကတိကို ဘယ်သူ့ကိုမှ မပေးဖြစ်ခဲ့ပေမယ့် ကိုယ့်ကိုယ်ကိုတော့ အကြိမ်ကြိမ် သတိပေးခဲ့ပြီးသားပါ ….

သူ အဆင်ပြေရဲ့လားလို့ တွေးမယ့်အစား ကိုယ်အဆင်ပြေရဲ့လားလို့တွေးတော့မယ် သူပျော်ရဲ့လားလို့ တွေးမယ့်အစား ကိုယ်တကယ်နေလို့ပျော်ရဲ့လားဆိုတာ ဆင်ခြင်မှဖြစ်တော့မယ် ကိုယ်အရေးမပါတဲ့အရပ်မှာ အချိန်အကြာကြီး ရပ်နေရုံနဲ့အရေးပါလာတာမှမဟုတ်ပဲလေ ….

တော်ပါပြီ … ဒီနေ့တစ်ရက်လွမ်းပြီးသွားရင် သူ့ကို တစ်သက်လုံးမေ့ပစ်လိုက်ဖို့ တွေးထားတယ် ….

မိန်းမသားတို့အတွက်
သျှင်ယွန်း

ဒီေန့တစ္ရက္ပဲ လြမ္းေတာ့မယ္ ….

ကိုယ့္ကိုေက်ာခုိင္းျပီး တျခားရင္ခြင္မွာေပ်ာ္ေနတဲ့သူူ့ကို ဒီေန့တစ္ရက္ပဲလြမ္းေတာ့မယ္ မနက္ျဖန္ထိေခၚမသြားေတာ့ဘူး … အေဟာင္းမို့ေမ့ပစ္လုိက္ေတာ့မယ္ဆုိတာမ်ိဳးမဟုတ္ပဲ ကိုယ္ေပ်ာ္ေအာင္ေနဖို့သင့္ျပီလုိ့ေတြးမိလုိ့သာ ေမ့ဖုိ့ေတြးလုိက္တာပါ

မနက္ျဖန္ ကိုယ့္စိတ္နဲ့ကိုယ္ထေတာ့မယ္ မနက္ျဖန္ ကိုယ့္အေၾကာင္းကိုယ္ေတြးေတာ့မယ္ မနက္ျဖန္ ကိုယ့္အိပ္မက္ေတြ ကိုယ္ဆက္မက္ေတာ့မယ္ ျပန္မလာေတာ့မယ့္ လူကို လြမ္းေနတယ္ဆိုတာ ကိုယ့္ကိုယ္ကို နွိပ္စက္ေနရံုသက္သက္ပါပဲ

ကြ်န္မ မေပ်ာ္ျဖစ္ခဲ့တာ အခ်ိန္ၾကာခဲ့သလုိ သူေမ့ေနခဲ့တာလဲ ကိုယ္မရွိတဲ့အခ်ိန္တုိင္းပဲေလ … ဒီေန့တစ္ရက္ပဲ သူ့ကို လြမ္းေတာ့မယ္ ဒီကတိကို ဘယ္သူ့ကိုမွ မေပးျဖစ္ခဲ့ေပမယ့္ ကုိယ့္ကိုယ္ကိုေတာ့ အၾကိမ္ၾကိမ္ သတိေပးခဲ့ျပီးသားပါ ….

သူ အဆင္ေျပရဲ႕လားလုိ့ ေတြးမယ့္အစား ကိုယ္အဆင္ေျပရဲ႕လားလုိ ့ေတြးေတာ့မယ္ သူေပ်ာ္ရဲ႕လားလုိ့ ေတြးမယ့္အစား ကိုယ္တကယ္ေနလုိ့ေပ်ာ္ရဲ႕လားဆိုတာ ဆင္ျခင္မွျဖစ္ေတာ့မယ္ ကိုယ္အေရးမပါတဲ့အရပ္မွာ အခ်ိန္အၾကာၾကီး ရပ္ေနရံုနဲ့အေရးပါလာတာမွမဟုတ္ပဲေလ ….

ေတာ္ပါျပီ … ဒီေန့တစ္ရက္လြမ္းျပီးသြားရင္ သူ့ကို တစ္သက္လံုးေမ့ပစ္လုိက္ဖို့ ေတြးထားတယ္ ….

မိန္းမသားတို့အတြက္
သွ်င္ယြန္း