ပျော်အောင်နေဖို့ဆိုရင်…

ပျော်အောင်နေဖို့ဆိုရင်… ကိုယ့်ကို မပျော်စေတဲ့အရာတွေကို ချန်ထားရစ်ဖို့လိုတယ် …

ပျော်အောင်နေဖို့တဲ့…အရင်ဆုံးကိုယ့်ကိုယ် ဘယ်အရာတွေက မပျော်စေတာလဲဆိုတာကို အရင်ဆုံးသိဖို့လိုအပ်တယ် … ကိုယ်ပေးပေမယ့် မယူတတ်တဲ့လူတွေလား ကိုယ်အလေးထားပေမယ့်လဲ ပြန်ပြီးအလေးမထားတော့တဲ့ လူတွေလား ကိုယ့်ကို ပြန်မချစ်နိုင်တော့မယ့်လူလား

တစ်ခုခုကို သိထားဖို့လိုတယ် … တစ်ခါတစ်လေမှာ သူ့ကိုပျော်ပါစေဆိုပြီးထားပေမယ့်လဲ ကိုယ့်ကိုယ်ကိုကျ ဘယ်လိုပျော်အောင်နေရမလဲဆိုတာ မသိတွေဖြစ်နေတတ်တယ် … အဲ့လိုအချိန်တွေများလာတဲ့အခါ ကိုယ်မြတ်နိုးတွယ်တာနေမိတဲ့အရာအပေါ် စိတ်ကုန် စိတ်ပျက်လာတတ်တယ်

လူတစ်ယောက်ပဲ ဖြစ်ဖြစ် ပစ္စည်းတစ်ခုခုပဲ ဖြစ်ဖြစ် ဘယ်အရာမဆို ကိုယ့်ကို ခဏခဏနာကျင်စေလာပြီဆိုရင်တော့ ကိုယ်ဆက်ပြီး ဖက်တွယ်မထားတာအကောင်းဆုံးပါပဲ တချို့မှာ ကိုယ် ပေးရတာနဲ့မတန်လောက်အောင် ပြန်ရလာတာတွေက … နာကျင်စရာတွေ သက်သက်ပဲ ဖြစ်နေတတ်တယ်လေ

ကိုယ်တန်ဖိုးထားသလောက် ကိုယ့်အပေါ်တန်ဖိုးမထားတဲ့လူနဲ့တွေ့လာတဲ့အခါ တန်ဖိုးတွေအကြောင်း ရှင်းပြမနေပါနဲ့တော့ ကိုယ်ချစ်သလောက် ကိုယ့်အပေါ်ပြန်မချစ်နိုင်တဲ့သူအပေါ် မတွယ်တာနဲ့တော့ ကိုယ့်အလေးထားသလောက် ကိုယ့်အပေါ်အလေးပြန်မထားတော့တဲ့လူတွေကို လျစ်လျူရှုလိုက်တော့

တွေးကြည့်ပါ …. ကိုယ့်ကိုယ်ကို နေလို့မပျော်တော့ဘူးလို့တွေးမိလာတဲ့အခါ ဘယ်အရာက ကိုယ့်ကို မပျော်စေတာလဲဆိုတာကိုတော့ ကိုယ့်ကိုယ်ကို သိဖို့လိုတယ် … ပြီးရင် လွှတ်ချခဲ့လိုက်တော့…

မိန်းမသားတို့အတွက်
သျှင်ယွန်း







မိန်းမသားတို့အတွက်
သျှင်ယွန်း