ချစ်ဖို့ပဲသိတဲ့ နှလုံးသားဟာ သိပ်ကို ပူလောင်ရတတ်တယ် ….

ချစ်ခြင်းမေတ္တာ မချစ်တတ်တဲ့လူအတွက်တော့ ပူလောင်ရတယ် …

ချစ်တယ် တကယ်နှစ်နှစ်ကာကာချစ်ပေမယ့်လဲ ချစ်နည်းမမှန်တဲ့အခါ… ချစ်နေရင်းကနေ နာကျင်ရတယ် ပြီးတော့ ပူလောင်ရတယ် … ဘာကြောင့်လဲဆိုရင် ကိုယ်က ချစ်ဖို့ပဲသိခဲ့တာလေ အနောက်မှာ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတဲ့ အကြောင်းအရာတွေကို မတွေးခဲ့ မထင်ခဲ့ဘူး

ကိုယ်က သူ့ကိုချစ်တာပဲလေ သူမခေါ်လဲကိုယ်ခေါ်လိုက်မှာပေါ့ဆိုပြီး ကိုယ့်ဘက်က မာနမထားလိုက်လို့ရတယ် ဒါပေမယ့် တစ်ဖက်ကလဲ အဲ့လိုတွေးတတ်ဦးမှလေ … အဲ့လိုမှမတွေးပဲ ငါခေါ်စရာမလိုပါဘူး သူပဲ ခေါ်လာလိမ့်မယ်ဆိုရင် အဲ့ဒီအချစ်ရေးဟာ ကိုယ်ဘက်က စခေါ်မှပဲ အသက်တွေဝင်လာသလို ဖြစ်သွားလိမ့်မယ်

ကိုယ်က သိပ်ချစ်လွန်းလို့ဂရုစိုက်ခဲ့ပေမယ့် သူက အဲ့ဒီဂရုစိုက်မှုတွေမှာ အကျင့်တွေပါသွားတတ်တယ် နေရာတကာ ကိုယ့်ဘက်က လျှော့လွန်းတော့ ကိုယ်နဲနဲလေးတင်းလိုက်တာနဲ့ ပျက်သွားမယ့် ဆက်ဆံရေးအဖြစ် ပြောင်းသွားတတ်တယ် အရင်ကလို ဖာသိဖာသာ သာနေနေဖြစ်ခဲ့ရင် ကိုယ်ခုလို ပစ်ထားခံရမှာမဟုတ်ဘူးဆိုတဲ့ နောင်တတွေနဲ့ပေါ့

ချစ်ပါ…ဒါပေမယ့် ချစ်တတ်ဖို့လိုတယ် … ပိုပြီးချစ်မိသွားတဲ့အခါ နောက်ဆုံးတွေကျတော့မှ ငါသာ အဲ့လောက်မချစ်ပြခဲ့မိရင်ဆိုပြီး အရင်အချိန်တွေကို ပြန်ရောက်ချင်နေရုံနဲ့ မရတော့ဘူးလေ … ချစ်ဖို့ပဲသိတဲ့ နှလုံးသားဟာ သိပ်ကို ပူလောင်ရတတ်တယ် ….

မိန်းမသားတို့အတွက်
သျှင်ယွန်း

ခ်စ္ျခင္းေမတၱာ မခ်စ္တတ္တဲ့လူအတြက္ေတာ့ ပူေလာင္ရတယ္ …

ခ်စ္တယ္္ တကယ္နွစ္ႏွစ္ကာကာခ်စ္ေပမယ့္လဲ ခ်စ္နည္းမမွန္တဲ့အခါ… ခ်စ္ေနရင္းကေန နာက်င္ရတယ္ ျပီးေတာ့ ပူေလာင္ရတယ္ … ဘာေၾကာင့္လဲဆိုရင္ ကိုယ္က ခ်စ္ဖုိ့ပဲသိခဲ့တာေလ အေနာက္မွာ ဘယ္လိုဆက္ျဖစ္လာမလဲဆိုတဲ့ အေၾကာင္းအရာေတြကို မေတြးခဲ့ မထင္ခဲ့ဘူး

ကိုယ္က သူ့ကိုခ်စ္တာပဲေလ သူမေခၚလဲကိုယ္ေခၚလုိက္မွာေပါ့ဆိုျပီး ကိုယ့္ဘက္က မာနမထားလုိက္လို့ရတယ္ ဒါေပမယ့္ တစ္ဖက္ကလဲ အဲ့လိုေတြးတတ္ဦးမွေလ … အဲ့လုိမွမေတြးပဲ ငါေခၚစရာမလုိပါဘူး သူပဲ ေခၚလာလိမ့္မယ္ဆိုရင္ အဲ့ဒီအခ်စ္ေရးဟာ ကိုယ္ဘက္က စေခၚမွပဲ အသက္ေတြ၀င္လာသလုိ ျဖစ္သြားလိမ့္မယ္

ကိုယ္က သိပ္ခ်စ္လြန္းလို ့ဂရုစိုက္ခဲ့ေပမယ့္ သူက အဲ့ဒီဂရုစိုက္မႈေတြမွာ အက်င့္ေတြပါသြားတတ္တယ္ ေနရာတကာ ကုိယ့္ဘက္က ေလွ်ာ့လြန္းေတာ့ ကိုယ္နဲဲနဲေလးတင္းလုိက္တာနဲ႕ ပ်က္သြားမယ့္ ဆက္ဆံေရးအျဖစ္ ေျပာင္းသြားတတ္တယ္ အရင္ကလို ဖာသိဖာသာ သာေနေနျဖစ္ခဲ့ရင္ ကိုယ္ခုလုိ ပစ္ထားခံရမွာမဟုတ္ဘူးဆိုတဲ့ ေနာင္တေတြနဲ႕ေပါ့

ခ်စ္ပါ…ဒါေပမယ့္ ခ်စ္တတ္ဖို့လုိတယ္ … ပိုျပီးခ်စ္မိသြားတဲ့အခါ ေနာက္ဆံုးေတြက်ေတာ့မွ ငါသာ အဲ့ေလာက္မခ်စ္ျပခဲ့မိရင္ဆိုျပီး အရင္အခ်ိန္ေတြကို ျပန္ေရာက္ခ်င္ေနရံုနဲ႕ မရေတာ့ဘူးေလ … ခ်စ္ဖို့ပဲသိတဲ့ ႏွလံုးသားဟာ သိပ္ကို ပူေလာင္ရတတ္တယ္ ….

မိန္းမသားတို့အတြက္
သ်ွင္ယြန္း