အတိတ်ဘဝမှာတော့ သိပ်ကိုဆိုးခဲ့ဖူးတယ်ထင်ပါတယ်

ဒီဘဝမှာတော့ မယုတ်မာဘူး မကောက်ကျစ်ဘူး ဒါပေမယ့် အတိတ်ဘဝတွေမှာတော့ ကျွန်မ သိပ်ဆိုးခဲ့ဖူးတယ်ထင်တယ် ဒီဘဝမှာ ပြန်ပြီးဆပ်နေရတဲ့ဝဋ်ကြွေးတွေက ငါဘယ်လောက်များဆိုးခဲ့လို့ ဒီလောက်ပြန်ပေးဆပ်နေရတာလဲဆိုပြီး အတိတ်ကို ပြန်ပြေးချင်လောက်အောင်ပါပဲ ….

ကိုယ်ဘယ်လောက်ပဲ ကောင်းအောင်နေနေပါ … လူတချို့အတွက်တော့ ကိုယ်ဟာအမြဲတမ်းလူဆိုးကြီးပါပဲ … အဲ့ထက်ဘာမှ မပိုဘူး … အနားမှာရှိနေတဲ့ကိုယ်ကို ကျော်ပြီးမှ အဝေးဆုံးကို ရှိနေတဲ့ တခြားတစ်ယောက်ကို လွမ်းတယ် … အစစအရာရာလုပ်ပေးဖြစ်ခဲ့တဲ့ကိုယ်ဟာ သူတို့အတွက် အပိုပါပဲ …

မိတ်ဆွေအပေါင်းအသင်းလား … ကိုယ့်ဆီက လိုချင်တာရှိမှ သတိရတဲ့သူနဲ့ ကိုယ့်ကို လိုသုံးခဏလုပ်ဖို့တမ်းတတဲ့သူ နဲ့ အဆင်ပြေပါတယ် … ကိုယ်အဆင်မပြေတဲ့အခါ ဘယ်လက်ကိုမှ သွားမဆွဲနဲ့ ဘယ်ခြေသလုံးမှ သွားမဖက်နဲ့ ခေါင်းပေါ်တက်နင်းသွားမယ့်လူတွေချည်းရပ်နေကြတာ ခင်သလိုလို မင်သလိုလိုနဲ့ပေါ့ …

အစစ်အမှန်တွေပေးပေမယ့်လဲ ကိုယ့်ဘက်ကျတော့ အတုအယောင်တွေပဲ ပြန်ကျတယ် … ထပ်တူညီသော တန်ပြန်သက်ရောက်မှုထိတော့ ဆုမတောင်းပါဘူး နဲနဲလေးတောင် ရောင်ပြန်ဟပ်မလာတာတော့ ဝမ်းနည်းတယ် …

အချစ်ရေးတဲ့ … ပိုပြီးတော့ ဆိုးတယ်… ကိုယ်ချစ်နေလို့ရပ်နေကြတာပါ ကိုယ်တင်းလိုက်ရုံနဲ့ ဒီကြိုးက ပြတ်သွားတော့မှာလေ .. စိတ်ကောက်တဲ့အခါ ကိုယ့်စိတ်နဲကိုယ် ပြန်ပြေရတယ် … စိတ်ဆိုးတဲ့အခါ ကိုယ့်မျက်ရည်နဲ့ကိုယ်ဖြေရတယ် ကိုယ်ကပဲ ချစ်နေရရုံပါ.. ဝန်ခံရရင် သူက နဲနဲမှ ချစ်ပုံမပေါ်ဘူး

သေချာတစ်ခုကတော့ ဒီဘဝမှာတော့ ကျွန်မ လူမှန်းသိတတ်စကတည်း တခြားသူအပေါ် မယုတ်မာခဲ့ဘူး … မကောက်ကျစ်ခဲ့ဘူး ကိုယ့်ကြောင့် မတော်တဆ နာကျင်စေခဲ့မိတာတွေတော့ ရှိကောင်းရှိနိုင်ပါတယ် ဒါပေမယ့် နာကျင်ပါစေတော့ဆိုတဲ့ ရည်ရွယ်ချက်တွေမရှိခဲ့ဘူူး

အတိတ်ဘဝမှာတော့ သိပ်ကိုဆိုးခဲ့ဖူးတယ်ထင်ပါတယ် ဒီနေ့ဒီချိန်ထိ ဆပ်နေရတဲ့ ဝဋ်ကြွေးတွေက မကုန်နိုင်သေးဘူး …

မိန်းမသားတို့အတွက်
သျှင်ယွန်း

ဒီဘ၀မွာေတာ့ မယုတ္မာဘူး မေကာက္က်စ္ဘူး ဒါေပမယ့္ အတိတ္ဘ၀ေတြမွာေတာ့ ကြ်န္မ သိပ္ဆိုးခဲ့ဖူးတယ္ထင္တယ္ ဒီဘ၀မွာ ျပန္ျပီးဆပ္ေနရတဲ့၀ဋ္ေၾကြးေတြက ငါဘယ္ေလာက္မ်ားဆိုးခဲ့လုိ့ ဒီေလာက္ျပန္ေပးဆပ္ေနရတာလဲဆိုျပီး အတိတ္ကို ျပန္ေျပးခ်င္ေလာက္ေအာင္ပါပဲ ….

ကိုယ္ဘယ္ေလာက္ပဲ ေကာင္းေအာင္ေနေနပါ … လူတခ်ိဳ႕အတြက္ေတာ့ ကိုယ္ဟာအျမဲတမ္းလူဆိုးၾကီးပါပဲ … အဲ့ထက္ဘာမွ မပိုဘူး … အနားမွာရွိေနတဲ့ကိုယ္ကို ေက်ာ္ျပီးမွ အေ၀းဆံုးကို ရွိေနတဲ့ တျခားတစ္ေယာက္ကို လြမ္းတယ္ … အစစအရာရာလုပ္ေပးျဖစ္ခဲ့တဲ့ကိုယ္ဟာ သူတို့အတြက္ အပိုပါပဲ …

မိတ္ေဆြအေပါင္းအသင္းလား … ကိုယ့္ဆီက လုိခ်င္တာရွိမွ သတိရတဲ့သူနဲ႕ ကိုယ့္ကို လုိသံုးခဏလုပ္ဖုိ့တမ္းတတဲ့သူ နဲ႕ အဆင္ေျပပါတယ္ … ကိုယ္အဆင္မေျပတဲ့အခါ ဘယ္လက္ကိုမွ သြားမဆြဲနဲ႕ ဘယ္ေျခသလံုးမွ သြားမဖက္နဲ႕ ေခါင္းေပၚတက္နင္းသြားမယ့္လူေတြခ်ည္းရပ္ေနၾကတာ ခင္သလုိလို မင္သလိုလုိနဲ႕ေပါ့ …

အစစ္အမွန္ေတြေပးေပမယ့္လဲ ကိုယ့္ဘက္က်ေတာ့ အတုအေယာင္ေတြပဲ ျပန္က်တယ္ … ထပ္တူညီေသာ တန္ျပန္သက္ေရာက္မႈထိေတာ့ ဆုမေတာင္းပါဘူး နဲနဲေလးေတာင္ ေရာင္ျပန္ဟပ္မလာတာေတာ့ ၀မ္းနည္းတယ္ …

အခ်စ္ေရးတဲ့ … ပိုျပီးေတာ့ ဆိုးတယ္… ကိုယ္ခ်စ္ေနလို ့ရပ္ေနၾကတာပါ ကိုယ္တင္းလိုက္ရံုနဲ႕ ဒီၾကိဳးက ျပတ္သြားေတာ့မွာေလ .. စိတ္ေကာက္တဲ့အခါ ကိုယ့္စိတ္နဲကိုယ္ ျပန္ေျပရတယ္ … စိတ္ဆိုးတဲ့အခါ ကိုယ့္မ်က္ရည္နဲ႕ကို္ယ္ေျဖရတယ္ ကိုယ္ကပဲ ခ်စ္ေနရရံုပါ.. ၀န္ခံရရင္ သူက နဲနဲမွ ခ်စ္ပံုမေပၚဘူး

ေသခ်ာတစ္ခုကေတာ့ ဒီဘ၀မွာေတာ့ ကြ်န္မ လူမွန္းသိတတ္စကတည္း တျခားသူအေပၚ မယုတ္မာခဲ့ဘူး … မေကာက္က်စ္ခဲ့ဘူး ကိုယ့္ေၾကာင့္ မေတာ္တဆ နာက်င္ေစခဲ့မိတာေတြေတာ့ ရွိေကာင္းရွိနုိင္ပါတယ္ ဒါေပမယ့္ နာက်င္ပါေစေတာ့ဆိုတဲ့ ရည္ရြယ္ခ်က္ေတြမရွိခဲ့ဘူူး

အတိတ္ဘ၀မွာေတာ့ သိပ္ကိုဆိုးခဲ့ဖူးတယ္ထင္ပါတယ္ ဒီေန့ဒီခ်ိန္ထိ ဆပ္ေနရတဲ့ ၀ဋ္ေၾကြးေတြက မကုန္နိုင္ေသးဘူး …

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း