မနှောင့်ယှက်ခြင်းဖြင့် မင်းကိုချစ်ပါတယ် ….

မနှောင့်ယှက်ခြင်းဖြင့် မင်းကိုချစ်ပါတယ် ….

မီးစိမ်းနေတာတွေ့သားရဲ့သားနဲ့ စကားတွေလာမပြောဖြစ်ဘူးဆိုတာ …. သူတောင်မခေါ်ပဲနေနိုင်သေးတာ ငါလဲမခေါ်ပဲ နေလိုက်မယ်ဆိုတဲ့မာနလေး ထားလိုက်တာမဟုတ်ဘူး … အော် ငါကသာ စကားပြောချင်နေတာ သူက မပြောချင်လို့တိတ်ဆိတ်နေတာလေလို့အလိုက်သိပေးလိုက်တာပါ …

ရိုက်လက်စစာလေးကို ဖျက်လိုက်ပြီး ပြောချင်တဲ့စကားလုံးတွေကို မြိုချပစ်လိုက်ပါတယ် … မင်းကို ဘယ်နေ့မှာမဆို ပျော်ချင်တယ်လေ … ဒီနေ့လဲ မနှောင့်ယှက်ခြင်းတွေနဲ့မင်းကို အတတ်နိုင်ဆုံးချစ်ပေးခဲ့ပါတယ် မင်းပျော်ပါစေ …

ကိုယ်လွမ်းနေတယ်ဆိုပေမယ့် သူလွမ်းချင်မှလွမ်းမှာပါဆိုတဲ့ အတွေးခေါင်းထဲရောက်လာတဲ့အခါ .. နှိပ်ပြီးသားဖုန်းနံပါတ်လေးကို ဖျက်ပြီး ဟာသဗီဒီယိုလေးကြည့်နေလိုက်တယ် အင်း မျက်ရည်တွေနဲ့ ပျော်ပါတယ် … မင်းလဲပျော်ပါစေပေါ့ ….

တစ်ခါတစ်လေမှာ ကိုယ်က သတိတရနဲ့ဆက်တဲ့ဖုန်းတွေဟာ မျှော်မနေတဲ့သူ့အတွက် အနှောင့်အယှက်တွေ ဖြစ်သွားတတ်တယ် အရင်လို မနွေးထွေးတော့ဘူးဆိုရင်တောင် ဝတ်ကျေတမ်းကျေစကားလုံးတွေကြောင့် ထပ်ပြီး မနာကျင်လိုတော့ဘူးလေ …

ကိုယ်ချစ်ပေးနိုင်တာထက် ပိုပြီး ချစ်ပေးနေမှာဖြစ်သလို ဆက်ပြီးလဲချစ်နေမိဦးမှာပါ ဒီနေ့တော့ မင်းရဲ့လှပတဲ့ရက်လေး ကိုယ့်ကြောင့် ပျက်စီးမသွားစေဖို့ မနှောင့်ယှက်ခြင်းတွေနဲ့ မင်းကို ချစ်ပါတယ် …

မိန်းမသားတို့အတွက်
သျှင်ယွန်း

မေနွာင့္ယွက္ျခင္းျဖင့္ မင္းကိုခ်စ္ပါတယ္ ….

မီးစိမ္းေနတာေတြ႕သားရဲ႕သားနဲ႕ စကားေတြလာမေျပာျဖစ္ဘူးဆိုတာ …. သူေတာင္မေခၚပဲေနနိုင္ေသးတာ ငါလဲမေခၚပဲ ေနလုိက္မယ္ဆိုတဲ့မာနေလး ထားလိုက္တာမဟုတ္ဘူး … ေအာ္ ငါကသာ စကားေျပာခ်င္ေနတာ သူက မေျပာခ်င္လို့တိတ္ဆိတ္ေနတာေလလို ့အလုိက္သိေပးလုိက္တာပါ …

ရိုက္လက္စစာေလးကို ဖ်က္လုိက္ျပီး ေျပာခ်င္တဲ့စကားလံုးေတြကို ျမိဳခ်ပစ္လိုက္ပါတယ္ … မင္းကို ဘယ္ေန့မွာမဆို ေပ်ာ္ခ်င္တယ္ေလ … ဒီေန့လဲ မေနွာင့္ယွက္ျခင္းေတြနဲ႕မင္းကို အတတ္နိုင္ဆံုးခ်စ္ေပးခဲ့ပါတယ္ မင္းေပ်ာ္ပါေစ …

ကိုယ္လြမ္းေနတယ္ဆိုေပမယ့္ သူလြမ္းခ်င္မွလြမ္းမွာပါဆိုတဲ့ အေတြးေခါင္းထဲေရာက္လာတဲ့အခါ .. ႏွိပ္ျပီးသားဖုန္းနံပါတ္ေလးကို ဖ်က္ျပီး ဟာသဗီဒီယိုေလးၾကည့္ေနလိုက္တယ္ အင္း မ်က္ရည္ေတြနဲ႕ ေပ်ာ္ပါတယ္ … မင္းလဲေပ်ာ္ပါေစေပါ့ ….

တစ္ခါတစ္ေလမွာ ကိုယ္က သတိတရနဲ႕ဆက္တဲ့ဖုန္းေတြဟာ ေမွ်ာ္မေနတဲ့သူ့အတြက္ အေနွာင့္အယွက္ေတြ ျဖစ္သြားတတ္တယ္ အရင္လို မေႏြးေထြးေတာ့ဘူးဆိုရင္ေတာင္ ၀တ္ေက်တမ္းေက်စကားလံုးေတြေၾကာင့္ ထပ္ျပီး မနာက်င္လုိေတာ့ဘူးေလ …

ကိုယ္ခ်စ္ေပးနုိင္တာထက္ ပိုျပီး ခ်စ္ေပးေနမွာျဖစ္သလို ဆက္ျပီးလဲခ်စ္ေနမိဦးမွာပါ ဒီေန့ေတာ့ မင္းရဲ႕လွပတဲ့ရက္ေလး ကိုယ့္ေၾကာင့္ ပ်က္စီးမသြားေစဖို့ မေနွာင့္ယွက္ျခင္းေတြနဲ႕ မင္းကို ခ်စ္ပါတယ္ …

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း