ကိုယ့်ကို ပြုံးပြနေတဲ့မျက်နှာတွေရဲ့ တစ်ဖက်မှာ

ကိုယ့်ကို ပြုံးပြနေတဲ့မျက်နှာတွေရဲ့ တစ်ဖက်မှာ ကိုယ့်ကို မုန်းနေတဲ့စိတ်တွေ ရှိနေတတ်တယ် ….

တကယ်ပါ … တချို့က ကိုယ်ရှေ့ရောက်ရင် ဖော်ရွေတတ်ကြပေမယ့်လဲ ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးဖို့စောင့်နေတဲ့လူတွေများတယ် …. ကိုယ်တကယ် ဒုက္ခဖြစ်တဲ့အချိန်မှသာ အဲ့မျက်နှာအမှန်တွေက ပိုပြီးထင်ထင်ရှားရှား မြင်လာရတတ်တယ် …

မယုံကြည်နဲ့ မဟုတ်ဘူး ယုံကြည်ပါ တစ်ယောက်နဲ့တစ်ယောက် ခင်မင်ပေါင်းသင်မှုမှာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်တဲ့စိတ်လေးရှိဖို့လိုအပ်တယ်လေ … ဒါပေမယ့် အလုံးစုံယုံကြည်လိုက်ရင်တော့ ကိုယ့်အမှားဖြစ်သွားလိမ့်မယ် …

အဆင်ပြေလား မေးတတ်တဲ့ ပါးစပ်တွေကပဲ ကိုယ်အဆင်မပြေတော့တာနဲ့ ဟန်မဆောင်နိုင်လောက်အောင်ပြုံးသွားတတ်တာကိုလဲ ကြုံခဲ့တွေ့ခဲ့ဖူးပြီ … နာကျင်နေတာလားဆိုပြီး ဖေးမချင်ယောင် ဆောင်တဲ့လက်တွေကပဲ ဒဏ်ရာကို ဆားထပ်သိပ်သွားကြတာပါ …

ဒီလူတော့ ယုံကြည်ရလောက်ပါရဲ့ဆိုပြီး ကိုယ်ရင်ဖွင့်ခဲ့မိတာ သိပ်ကို မှားသွားတယ် … အဲ့ဒီလူကပဲ ကိုယ့်အကြောင်းတွေ ဒိုင်ခံဖွတော့တာလေ … ကိုယ်ပြောတဲ့အရာတွေထက် ချဲ့ကားပြီးပြောခဲ့သလို ကိုယ်မမှားခဲ့တာတွေကိုလဲ ကိုယ်မှားခဲ့သယောင် ပြောဆိုကြတယ် …

ကိုယ်ထင်ထားသလောက် မရိုးရှင်းဘူးဆိုတာမှန်း လူတွေကပဲ သင်သွားပေးကြတာပါ … ပြုံးနေတဲ့ မျက်နှာရဲ့တစ်ဖက်မှာ ကိုယ့်ကို မုန်းနေတဲ့စိတ်တွေရှိနေတတ်တယ်… ကိုယ်ဖြစ်မှ ကိုယ်သိလာမယ်ဆိုရင်တော့ အရမ်းနောက်ကျသွားမှာပေါ့… အခုကတည်းက ဆင်ခြင်မိတာကောင်းမယ်

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကိုယ့္ကို ျပံဳးျပေနတဲ့မ်က္ႏွာေတြရဲ႕ တစ္ဖက္မွာ ကိုယ့္ကို မုန္းေနတဲ့စိတ္ေတြ ရွိေနတတ္တယ္ ….

တကယ္ပါ … တခ်ိဳ႕က ကိုယ္ေရွ႕ေရာက္ရင္ ေဖာ္ေရြတတ္ၾကေပမယ့္လဲ ကိုယ့္ေနာက္ေက်ာကို ဓားနဲ႕ထိုးဖုိ့ေစာင့္ေနတဲ့လူေတြမ်ားတယ္ …. ကိုယ္တကယ္ ဒုကၡႃဖစ္တဲ့အခ်ိန္မွသာ အဲ့မ်က္နွာအမွန္ေတြက ပိုျပီးထင္ထင္ရွားရွား ျမင္လာရတတ္တယ္ …

မယံုၾကည္နဲ႕ မဟုတ္ဘူး ယံုၾကည္ပါ တစ္ေယာက္နဲ႕တစ္ေယာက္ ခင္မင္ေပါင္းသင္မႈမွာ တစ္ေယာက္နဲ႕တစ္ေယာက္ ယံုၾကည္တဲ့စိတ္ေလးရွိဖို့လိုအပ္တယ္ေလ … ဒါေပမယ့္ အလံုးစံုယံုၾကည္လိုက္ရင္ေတာ့ ကိုယ့္အမွားျဖစ္သြားလိမ့္မယ္ …

အဆင္ေျပလား ေမးတတ္တဲ့ ပါးစပ္ေတြကပဲ ကိုယ္အဆင္မေျပေတာ့တာနဲ့ ဟန္မေဆာင္နိုင္ေလာက္ေအာင္ျပံဳးသြားတတ္တာကိုလဲ ၾကံဳခဲ့ေတြ႕ခဲ့ဖူးျပီ … နာက်င္ေနတာလားဆုိျပီး ေဖးမခ်င္ေယာင္ ေဆာင္တဲ့လက္ေတြကပဲ ဒဏ္ရာကို ဆားထပ္သိပ္သြားၾကတာပါ …

ဒီလူေတာ့ ယံုၾကည္ရေလာက္ပါရဲ႕ဆိုျပီး ကိုယ္ရင္ဖြင့္ခဲ့မိတာ သိပ္ကို မွားသြားတယ္ … အဲ့ဒီလူကပဲ ကိုယ့္အေၾကာင္းေတြ ဒိုင္ခံဖြေတာ့တာေလ … ကိုယ္ေျပာတဲ့အရာေတြထက္ ခ်ဲ႕ကားျပီးေျပာခဲ့သလုိ ကိုယ္မမွားခဲ့တာေတြကိုလဲ ကိုယ္မွားခဲ့သေယာင္ ေျပာဆိုၾကတယ္ …

ကိုယ္ထင္ထားသေလာက္ မရိုးရွင္းဘူးဆိုတာမွန္း လူေတြကပဲ သင္သြားေပးၾကတာပါ … ျပံဳးေနတဲ့ မ်က္ႏွာရဲ႕တစ္ဖက္မွာ ကိုယ့္ကို မုန္းေနတဲ့စိတ္ေတြရွိေနတတ္တယ္… ကိုယ္ျဖစ္မွ ကိုယ္သိလာမယ္ဆိုရင္ေတာ့ အရမ္းေနာက္က်သြားမွာေပါ ့… အခုကတည္းက ဆင္ျခင္မိတာေကာင္းမယ္

မိန္းမသားတို့အတြက္
သွ်င္ယြန္း