ကောင်ကလေးရေ … သူမကို တကယ်ချစ်ရင်……

ကောင်ကလေးရေ … သူမကို တကယ်ချစ်ရင် ခဏခဏမငိုစေပါနဲ့ မျက်ရည်တွေကြားမှာ တချို့မိန်းကလေးတွေက ဆုံးဖြတ်ချက်တွေချတတ်တယ် ပြီးတော့ ပြတ်သားသွားတတ်တယ် မျက်ရည်တွေကြားက ဆက်ပြီးချစ်နေတဲ့ သူမကို ကျေးဇူးပြုပြီးတော့ တန်ဖိုးထားပေးပါ …

ကောင်ကလေးရေ .. သူမကို တကယ်ချစ်ရင် ခဏခဏပစ်မထားပါနဲ့ ပစ်ထားခံရတဲ့များလာတဲ့အခါ တချို့မိန်းကလေးတွေက Psycho ဝင်တတ်တယ် ဘာကြောင့်များငါ့ကို ပစ်ထားတာလဲဆိုတာမျိုး ငါက သူ့အတွက် အရေးမပါတော့ဘူးလားဆိုတာမျိုးတွေပေါ့ အဲ့ထက်ပိုဆိုးတာက သူမ တစ်ယောက်တည်း နေနိုင်သွားလိမ့်မယ်

ကောင်ကလေးရေ … သူမကို တကယ်ချစ်ရင် သူစိမ်းမိန်းကလေးတွေနဲ့ ဘယ်တော့မှ မနှိုင်းပါနဲ့ ဘယ်မိန်းကလေးမဆို သူ့ချစ်သူအတွက် အကောင်းဆုံးပဲ ဖြစ်ချင်တဲ့အတ္တရှိကြတယ် … အဲ့ဒီအတ္တကို ချမနင်းလိုက်နဲ့အနှိုင်းခံလိုက်ရတဲ့အခါတိုင်းမှာ … သူမကိုယ်သူမ သိမ်ငယ်သွားတတ်တယ်

ကောင်မလေးရေ…သူမကို တကယ်ချစ်ရင် အားနည်းချက်တွေကို မလှောင်ပါနဲ့ ဖေးမပေး ပြုပြင်ပေးရင် ဘယ်မိန်းကလေးမဆို ချစ်တဲ့စိတ်နဲ့ ပြင်လာတတ်ကြပါတယ် ဒါပေမယ့် အဲ့ဒီအားနည်းချက်ကို ကိုယ်အားကိုးမိတဲ့သူက လှောင်ပြောင်လာတဲ့အခါ သူမ ဘယ်လိုလုပ်ပြီး ခံနိုင်ရည်ရှိပါတော့မလဲ ပြင်လာမိမှာမဟုတ်ပဲ သူမ တစ်သက်လုံး ဖုံးကွယ်ထားမိသွားလိမ့်မယ်

ကောင်ကလေးရေ …. သူမကို တကယ်ချစ်ရင် မလိမ်ပါနဲ့ အချစ်တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုဆိုတာ လိုအပ်သလိုပဲ မိန်းကလေးတစ်ယောက်မှာလဲ ကိုယ့်ချစ်သူကို အနည်းနဲ့အများတော့ ယုံကြည်တတ်ကြတယ် အဲ့ဒီယုံကြည်မှုတွေကို ဖျက်ဆီးခံလိုက်ရတဲ့အခါ ယုံကြည်ချင်ပါရဲ့နဲ့ မယုံကြည်ရဲပဲဖြစ်သွားတတ်တယ် …

ကောင်ကလေးရေ… သူမကိုတကယ်ချစ်ရင် သူမ မျက်လုံးတွေကို ကြည့်ပါ … တစ်ခါတစ်ရံ ဘာအကြောင်းပြချက်မှ မရှိပါပဲနဲ့ အားငယ်နေတတ်တယ် တစ်ခါတစ်ရံ ဝမ်းနည်းနေတတ်တယ် … တစ်ခါတစ်ရံ ရစ်တတ်ကြသေးတယ် စိတ်ပျက်တဲ့ အပြုအမူမျိုးတွေ အတတ်နိုင်ဆုံးရှောင်ပေးပါ မေးခွန်းမေးရင်း စိတ်မရှည်တာမျိုးတွေ မဖြစ်အောင် နေပေးပါ ….

ဒီကောင်မလေးက သူ့ကိုသာချစ်ပေးရင် သူမကိုအဲ့ထက်ပိုတိုးပြီးချစ်ပေးမယ့်ကောင်မလေးမျိုးလေ … မငိုစေပါနဲ့ ကျေးဇူးပြုပြီးတော့ ပျော်အောင်ထားပေးလိုက်ပါ ကိုယ်ပျော်အောင်ထားပေးတာထက်ပိုပြီး သူမက ပိုပြီးပျော်နေတဲ့ မျက်နှာလေးကြည့်ပြီး ကြည်နူးတတ်အောင်လေ့ကျင့်ပါ ဒီလိုသိပ်ချစ်တတ်တဲ့ကောင်မလေးကို အလိုလိုက်ရကျိုးနပ်ပါတယ် … သူမက မင်းကို တစ်သက်လုံးချစ်နေမှာ ….

မိန်းမသားတို့အတွက်
သျှင်ယွန်း

သူမကို တကယ္ခ်စ္ရင္ ….

ေကာင္ကေလးေရ … သူမကို တကယ္ခ်စ္ရင္ ခဏခဏမငိုေစပါနဲ႕ မ်က္ရည္ေတြၾကားမွာ တခ်ိဳ႕မိန္းကေလးေတြက ဆံုးျဖတ္ခ်က္ေတြခ်တတ္တယ္ ျပီးေတာ့ ျပတ္သားသြားတတ္တယ္ မ်က္ရည္ေတြၾကားက ဆက္ျပီးခ်စ္ေနတဲ့ သူမကို ေက်းဇူးျပဳျပီးေတာ့ တန္ဖိုးထားေပးပါ …

ေကာင္ကေလးေရ .. သူမကို တကယ္ခ်စ္ရင္ ခဏခဏပစ္မထားပါနဲ႕ ပစ္ထားခံရတဲ့မ်ားလာတဲ့အခါ တခ်ိဳ႕မိန္းကေလးေတြက Psycho ၀င္တတ္တယ္ ဘာေၾကာင့္မ်ားငါ့ကို ပစ္ထားတာလဲဆိုတာမ်ိဳး ငါက သူ့အတြက္ အေရးမပါေတာ့ဘူးလားဆိုတာမ်ိဳးေတြေပါ့ အဲ့ထက္ပိုဆိုးတာက သူမ တစ္ေယာက္တည္း ေနနိုင္သြားလိမ့္မယ္

ေကာင္ကေလးေရ … သူမကို တကယ္ခ်စ္ရင္ သူစိမ္းမိန္းကေလးေတြနဲ႕ ဘယ္ေတာ့မွ မနႈိင္းပါနဲ႕ ဘယ္မိန္းကေလးမဆို သူ့ခ်စ္သူအတြက္ အေကာင္းဆံုးပဲ ျဖစ္ခ်င္တဲ့အတၱ႐ွိၾကတယ္ … အဲ့ဒီအတၱကို ခ်မနင္းလုိက္နဲ႕အနႈိင္းခံလုိက္ရတဲ့အခါတိုင္းမွာ … သူမကိုယ္သူမ သိမ္ငယ္သြားတတ္တယ္

ေကာင္မေလးေရ…သူမကို တကယ္ခ်စ္ရင္ အားနည္းခ်က္ေတြကို မေလွာင္ပါနဲ႕ ေဖးမေပး ျပဳျပင္ေပးရင္ ဘယ္မိန္းကေလးမဆုိ ခ်စ္တဲ့စိတ္နဲ႕ ျပင္လာတတ္ၾကပါတယ္ ဒါေပမယ့္ အဲ့ဒီအားနည္းခ်က္ကို ကိုယ္အားကိုးမိတဲ့သူက ေလွာင္ေျပာင္လာတဲ့အခါ သူမ ဘယ္လိုလုပ္ျပီး ခံနိုင္ရည္ရွိပါေတာ့မလဲ ျပင္လာမိမွာမဟုတ္ပဲ သူမ တစ္သက္လံုး ဖံုးကြယ္ထားမိသြားလိမ့္မယ္

ေကာင္ကေလးေရ …. သူမကို တကယ္ခ်စ္ရင္ မလိမ္ပါနဲ႕ အခ်စ္တစ္ခုမွာ တစ္ေယာက္နဲ႕တစ္ေယာက္ ယံုၾကည္မႈဆုိတာ လိုအပ္သလိုပဲ မိန္းကေလးတစ္ေယာက္မွာလဲ ကိုယ့္ခ်စ္သူကို အနည္းနဲ႕အမ်ားေတာ့ ယံုၾကည္တတ္ၾကတယ္ အဲ့ဒီယံုၾကည္မႈေတြကို ဖ်က္ဆီးခံလုိက္ရတဲ့အခါ ယံုၾကည္ခ်င္ပါရဲ႕နဲ႕ မယံုၾကည္ရဲပဲျဖစ္သြားတတ္တယ္ …

ေကာင္ကေလးေရ… သူမကိုတကယ္ခ်စ္ရင္ သူမ မ်က္လံုးေတြကို ၾကည့္ပါ … တစ္ခါတစ္ရံ ဘာအေၾကာင္းျပခ်က္မွ မရွိပါပဲနဲ႕ အားငယ္ေနတတ္တယ္ တစ္ခါတစ္ရံ ၀မ္းနည္းေနတတ္တယ္ … တစ္ခါတစ္ရံ ရစ္တတ္ၾကေသးတယ္ စိတ္ပ်က္တဲ့ အျပဳအမူမ်ိဳးေတြ အတတ္နိုင္ဆံုးေရွာင္ေပးပါ ေမးခြန္းေမးရင္း စိတ္မရွည္တာမ်ိဳးေတြ မျဖစ္ေအာင္ ေနေပးပါ ….

ဒီေကာင္မေလးက သူ့ကိုသာခ်စ္ေပးရင္ သူမကိုအဲ့ထက္ပိုတိုးျပီးခ်စ္ေပးမယ့္ေကာင္မေလးမ်ိဳးေလ … မငိုေစပါနဲ႕ ေက်းဇူးျပဳျပီးေတာ့ ေပ်ာ္ေအာင္ထားေပးလုိက္ပါ ကိုယ္ေပ်ာ္ေအာင္ထားေပးတာထက္ပိုျပီး သူမက ပိုျပီးေပ်ာ္ေနတဲ့ မ်က္ႏွာေလးၾကည့္ျပီး ၾကည္နူးတတ္ေအာင္ေလ့က်င့္ပါ ဒီလုိသိပ္ခ်စ္တတ္တဲ့ေကာင္မေလးကို အလိုလိုက္ရက်ိဳးနပ္ပါတယ္ … သူမက မင္းကို တစ္သက္လံုးခ်စ္ေနမွာ ….

မိန္းမသားတို့အတြက္
သွ်င္ယြန္း