သိပ်ချစ်လား … လက်လွှတ်ပေးလိုက်ပါ

သိပ်ချစ်လား … လက်လွှတ်ပေးလိုက်ပါ

ဘယ်သူ့မှာမဆို ကိုယ်ချစ်ရတဲ့သူကို ပိုင်ဆိုင်လိုတဲ့အတ္တတွေရှိတတ်ကြသလို ဆုံးရှုံးရမှာကြောက်တတ်ကြတယ် ဒါ ဖြစ်လေ့ဖြစ်ထမဟုတ်ပဲ ဒါကိုက သဘာဝပါ ကိုယ်သူ့ကို ချစ်မိပြီဆိုကတည်း သူနဲ့ပဲ သက်ဆုံးတိုင်လက်တွဲချင်ခဲ့တာကတော့ ဆန္ဒပေါ့ ..

ဒါပေမယ့် ချစ်တိုင်းလဲ မညားတဲ့ ဇာတ်လမ်းတွေ အများကြီးရှိခဲ့သလို ဆက်ပြီးလဲ ရှိနေဦးမယ်ထင်ပါတယ် … အချစ် နှစ်ဦးနှစ်ဖက်လုံးက ထပ်တူထပ်မျှချစ်နေရင် တကယ်ချစ်မိတဲ့သူမှာ ရှင်နေရဲ့နဲ့ သေရတတ်တယ် .. အိပ်မက်တွေ သေရတယ် … မျှော်လင့်ချက်တွေ သေရတယ်

သူ မရှိတော့ရင်လို့တွေးပြီး ကြောက်နေတတ်တဲ့စိတ်လေးကြောင့် သူရှိနေရုံနဲ့ဖြစ်ပါတယ်ဆိုပြီး ရူးရူးမိုက်မိုက်တွေ တွေးပစ်လိုက်တယ် ပြီးတော့ ဘယ်လောက်ပဲနာကျင်နာကျင် ဆက်ပြီး ဆွဲထားဖို့ဆုံးဖြတ်လိုက်တယ်လေ … မပျော်တော့ရင်ပြန်လာနော် မျှော်နေမယ်တဲ့ တကယ်ပြောခဲ့ဖူးတယ်

ပျော်မယ်ထင်တဲ့အရပ်ကို ထွက်သွားတဲ့သူကို မျှော်နေမယ်ဆိုတဲ့အထိ ကျွန်မ ရူးခဲ့ဖူးတာပေါ့… ငိုအောင်လုပ်တဲ့ သူ့ကို စိတ်တွေမနာတတ်ခဲ့ပါပဲ ငိုနေမိတဲ့ကိုယ့်ကိုယ်ကိုပဲ မုန်းမိလာခဲ့မိတယ် … အဲ့လိုနေ့ရက်တွေများလာတဲ့အခါ တစ်ခုကို ဆုံးဖြတ်လိုက်တယ် …

ကျွန်မ သူ့ကို သိပ်ချစ်တယ် ဒါကြောင့်ပဲ လက်လွှတ်လိုက်ဖို့ဆုံးဖြတ်လိုက်တာပါ … ချစ်ရင်ဆက်ပြီးဖက်တွယ်ထားရမှာ မဟုတ်ဘူးလားတဲ့ ကိုယ်ဖက်တွယ်ထားကြည့်ခဲ့ဖူးပြီးပြီ ကိုယ်အများကြီးနာကျင်ခဲ့ရပြီးပြီ မျက်ရည်တွေနဲ့လဲ တားခဲ့ဖူးပြီးပြီ

မထူးတော့တဲ့ ဇာတ်လမ်းမှာ သူ့ကိုသိပ်ချစ်တဲ့ စိတ်လေးကုန်မသွားခင် သူ့ကို မုန်းမိမသွားခင် လက်လွှတ်ပေးလိုက်ဖို့ကို ရွေးခဲ့ရုံပါ … နာကျင်နေပြီလား ဒီထက်ပိုပြီး နာကျင်လာတဲ့အခါ နာကျင်နေတဲ့ကိုယ့်ကိုယ်ကို မုန်းမိလာမယ် ပြီးရင် သိပ်ချစ်တဲ့သူ့ကို မုန်းမိလာတော့မယ်လေ ..

ဒါကြောင့်ပဲ သိပ်ချစ်လား …. သိပ်ချစ်ရင် လက်လွှတ်ပေးလိုက်ပါ … သူလဲပျော်ပါစေ ကိုယ်လဲ လွတ်လပ်ပါစေပေါ့ …

မိန်းမသားတို့အတွက်
သျှင်ယွန်း

သိပ္ခ်စ္လား … လက္လႊတ္ေပးလုိက္ပါ

ဘယ္သူ့မွာမဆို ကိုယ္ခ်စ္ရတဲ့သူကို ပိုင္ဆုိင္လိုတဲ့အတၱေတြရွိတတ္ၾကသလုိ ဆံုးရံႈးရမွာေၾကာက္တတ္ၾကတယ္ ဒါ ျဖစ္ေလ့ျဖစ္ထမဟုတ္ပဲ ဒါကိုက သဘာ၀ပါ ကိုယ္သူ့ကို ခ်စ္မိျပီဆိုကတည္း သူနဲ႕ပဲ သက္ဆံုးတိုင္လက္တြဲခ်င္ခဲ့တာကေတာ့ ဆႏၵေပါ့ ..

ဒါေပမယ့္ ခ်စ္တုိင္းလဲ မညားတဲ့ ဇာတ္လမ္းေတြ အမ်ားၾကီးရွိခဲ့သလုိ ဆက္ျပီးလဲ ရွိေနဦးမယ္ထင္ပါတယ္ … အခ်စ္ နွစ္ဦးနွစ္ဖက္လံုးက ထပ္တူထပ္မွ်ခ်စ္ေနရင္ တကယ္ခ်စ္မိတဲ့သူမွာ ရွင္ေနရဲ႕နဲ႕ ေသရတတ္တယ္ .. အိပ္မက္ေတြ ေသရတယ္ … ေမွ်ာ္လင့္ခ်က္ေတြ ေသရတယ္

သူ မရွိေတာ့ရင္လုိ့ေတြးျပီး ေၾကာက္ေနတတ္တဲ့စိတ္ေလးေၾကာင့္ သူရွိေနရံုနဲ႕ျဖစ္ပါတယ္ဆိုျပီး ရူးရူးမုိက္မိုက္ေတြ ေတြးပစ္လိုက္တယ္ ျပီးေတာ့ ဘယ္ေလာက္ပဲနာက်င္နာက်င္ ဆက္ျပီး ဆြဲထားဖို ့ဆံုးျဖတ္လိုက္တယ္ေလ … မေပ်ာ္ေတာ့ရင္ျပန္လာေနာ္ ေမွ်ာ္ေနမယ္တဲ့ တကယ္ေျပာခဲ့ဖူးတယ္

ေပ်ာ္မယ္ထင္တဲ့အရပ္ကို ထြက္သြားတဲ့သူကို ေမွ်ာ္ေနမယ္ဆိုတဲ့အထိ ကြ်န္မ ရူးခဲ့ဖူးတာေပါ ့… ငိုေအာင္လုပ္တဲ့ သူ့ကို စိတ္ေတြမနာတတ္ခဲ့ပါပဲ ငိုေနမိတဲ့ကိုယ့္ကိုုယ္ကိုပဲ မုန္းမိလာခဲ့မိတယ္ … အဲ့လုိေန့ရက္ေတြမ်ားလာတဲ့အခါ တစ္ခုကို ဆံုးျဖတ္လိုက္တယ္ …

ကြ်န္္မ သူ့ကို သိပ္ခ်စ္တယ္ ဒါေၾကာင့္ပဲ လက္လႊတ္လုိက္ဖို့ဆံုးျဖတ္လိုက္တာပါ … ခ်စ္ရင္ဆက္ျပီးဖက္တြယ္ထားရမွာ မဟုတ္ဘူးလားတဲ့ ကိုယ္ဖက္တြယ္ထားၾကည့္ခဲ့ဖူးျပီးျပီ ကိုယ္အမ်ားၾကီးနာက်င္ခဲ့ရျပီးျပီ မ်က္ရည္ေတြနဲ႕လဲ တားခဲ့ဖူးျပီးျပီ

မထူးေတာ့တဲ့ ဇာတ္လမ္းမွာ သူ့ကိုသိပ္ခ်စ္တဲ့ စိတ္ေလးကုန္မသြားခင္ သူ့ကို မုန္းမိမသြားခင္ လက္လႊတ္ေပးလုိက္ဖို့ကို ေရြးခဲ့ရံုပါ … နာက်င္ေနျပီလား ဒီထက္ပိုျပီး နာက်င္လာတဲ့အခါ နာက်င္ေနတဲ့ကိုယ့္ကိုယ္ကို မုန္းမိလာမယ္ ျပီးရင္ သိပ္ခ်စ္တဲ့သူ့ကို မုန္းမိလာေတာ့မယ္ေလ ..

ဒါေၾကာင့္ပဲ သိပ္ခ်စ္လား …. သိပ္ခ်စ္ရင္ လက္လႊတ္ေပးလုိက္ပါ … သူလဲေပ်ာ္ပါေစ ကိုယ္လဲ လြတ္လပ္ပါေစေပါ့ …

မိ္န္းမသားတုိ့အတြက္
သွ်င္ယြန္း