လူတွေရဲ့သရုပ်မှန်ဆိုတာ ကိုယ်ဒုက္ခ ဖြစ်မှသာ ထင်ထင်ရှားရှားတွေ့လာရတာမျိုးလေ …

လူတွေရဲ့ သရုပ်မှန်ကိုသိရဖို့ တစ်ခါတစ်လေမှာ အချိန်တွေအများကြီးရင်းလိုက်ရတာမျိုးတွေရှိတယ် တချို့မျက်နှာဖုံးတွေက သိပ်ကို ခိုင်လွန်းတယ်လေ … ဘယ်ဖက်ကပဲ ကြည့်ကြည့် အစစ်အမှန်လို့ထင်ရလောက်ကို ဟန်ဆောင်ကောင်းကြတယ် …

နောက်ဆုံး ကိုယ်တကယ် ခက်ခဲသွားပြီဆိုတဲ့အခါမှသာ အဲ့လိုလူတွေရဲ့ သရုပ်မှန်တွေကိုမြင်ရတွေ့ရတတ်တာလေ … ကိုယ်အဆင်ပြေနေတဲ့အခါ ကိုယ်နဲ့တူတူ ရီမောဖို့ မခက်ကြပေမယ့် ကိုယ်အဆင်မပြေတဲ့ ကိုယ့်ကို ပြန်ငဲ့ကြည့်ဖို့ကြတော့ ခက်ခဲတတ်ကြတယ် ..

အကူအညီလိုတုန်းက လက်ဖြန့်တောင်းခဲ့တဲ့လက်တွေဟာလဲ ကိုယ်အကူအညီလိုတဲ့အခါ အလုပ်တွေများ နေတတ်ကြတယ် … ကိုယ်ကူခဲ့ဖူးတဲ့ လူတွေဟာလဲ တစ်နေနေရာရာမှာ ပုန်းရှောင်နေကြလိမ့်မယ်… ဒီလိုအခြေအနေတွေ ကြုံလာရတဲ့အခါမှ ငါ့အနားမှာ ငါပဲရှိပါလားဆိုတဲ့ အသိတွေဝင်လာတတ်ကြတယ်

အရင်ကတည်းက ဆင်ခြင်ခဲ့ရမှာပါ … ပြီးရင်အရင်ကတည်းက ရင့်ကျက်နေခဲ့ရမှာ ကိုယ်လဲကျတဲ့အခါ ပြန်ထရမှာ ကိုယ်ကိုယ်တိုင်ကလွဲလို့ဘယ်သူမှ လာမကူတတ်ဘူးလေ … လူတွေရဲ့သရုပ်မှန်ဆိုတာ ကိုယ်ဒုက္ခ ဖြစ်မှသာ ထင်ထင်ရှားရှားတွေ့လာရတာမျိုးလေ …

မိန်းမသားတို့အတွက်
သျှင်ယွန်း





မိန်းမသားတို့အတွက်
သျှင်ယွန်း