အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရခဲ့ရင် …

အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရခဲ့ရင် …

မင်းကို ချစ်တယ်လို့ မပြောခင်အချိန်ထိ ပြန်သွားချင်တယ် တစ်ယောက်နဲ့တစ်ယောက်ချစ်သူတွေမဖြစ်ကြပဲ တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးဖူးတဲ့အချိန်တွေကို ပြန်ပြီးရောက်ချင်တယ် ကိုယ်စိတ်ဆိုးနေလို့မင်းမချော့လဲ ဘာမှဖြစ်မသွားဘူးလေ …

ဘယ်သူနဲ့တွဲတွဲ သဝန်တိုစရာမလိုတော့သလို ဘယ်သူနဲ့ရှိနေမလဲဆိုပြီး စိတ်ပူနေစရာမလိုတော့ဘူးလေ … အခုချိန်မှာတော့နဲနဲလေး ဂရုမစိုက်တော့တာနဲ့ ကိုယ့်အတွေးနဲ့ကိုယ်ပူရတဲ့အဖြစ်တွေက ကိုယ့်ကိုယ်ကို မီးလောင်တိုက်သွင်းနေမိသလိုပါပဲ …

အချိန်တွေကိုသာ နောက်ပြန်ဆုတ်လို့ရမယ်ဆိုရင်ပေါ့ … အရင်လို ပျော်ပျော်နေတတ်တဲ့ကောင်မလေးတစ်ယောက် ဖြစ်အောင်ပဲ နေတော့မယ် အချစ်ဆိုတာကို လက်တည့်မစမ်းတော့ဘူး ဒီတစ်ယောက်တော့ ငါ့အပေါ်ကြင်နာကောင်းပါရဲ့ဆိုတဲ့အတွေးတွေ မထားတော့ဘူး အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်မယ်

အရာရာလွန်သွားမှ ရလာတဲ့အရာဟာ နောင်တ တဲ့ ပြီးတော့ အချိန်တွေက ဘယ်တော့မှ နောက်ပြန်ဆုတ်လို့မရဘူးဆိုတာဟာလဲ ပြောင်းလဲလို့မရတဲ့အမှန်တရားလေ တစ်ခါတစ်လေကျပြန်တော့လဲ အဲ့ဒီအမှန်တရားကို ဆန့်ကျင်ပြီး အချိန်တွေကို နောက်ပြန်ဆုတ်ခွင့်တွေ ရချင်တယ် …

ပျော်ပျော်နေဖို့ပဲတွေးမယ် .. .အပူူပေးမယ့်ဘယ်အဖော်မှ မလိုချင်ခဲ့အောင်ပဲ ကိုယ့်ကိုယ်ကို ဂရုစိုက်မယ် ခုချိန်မှာ အဖြစ်ချင်ဆုံး ဆန္ဒကတော့ သူနဲ့မတွေ့ခင်အထိ အချိန်တွေကို နောက်ပြန်ဆုတ်ခွင့်ရချင်မိတယ် …

မိန်းမသားတို့အတွက်
သျှင်ယွန်း

အခ်ိန္ေတြသာ ေနာက္ျပန္ဆုတ္လို့ရခဲ့ရင္ …

မင္းကို ခ်စ္တယ္လုိ့ မေျပာခင္အခ်ိန္ထိ ျပန္သြားခ်င္တယ္ တစ္ေယာက္နဲ႕တစ္ေယာက္ခ်စ္သူေတြမျဖစ္ၾကပဲ တစ္ေယာက္နဲ႕တစ္ေယာက္ ခင္မင္ရင္းႏွီးဖူးတဲ့အခ်ိန္ေတြကို ျပန္ျပီးေရာက္ခ်င္တယ္ ကိုယ္စိတ္ဆိုးေနလို ့မင္းမေခ်ာ့လဲ ဘာမွျဖစ္မသြားဘူးေလ …

ဘယ္သူနဲ႕တြဲတြဲ သ၀န္တိုစရာမလုိေတာ့သလို ဘယ္သူနဲ႕ရွိေနမလဲဆိုျပီး စိတ္ပူေနစရာမလုိေတာ့ဘူးေလ … အခုခ်ိန္မွာေတာ ့နဲနဲေလး ဂရုမစိုက္ေတာ့တာနဲ႕ ကုိယ့္အေတြးနဲ႕ကိုယ္ပူရတဲ့အျဖစ္ေတြက ကိုယ့္ကိုယ္ကို မီးေလာင္တုိက္သြင္းေနမိသလုိပါပဲ …

အခ်ိန္ေတြကိုသာ ေနာက္ျပန္ဆုတ္လုိ့ရမယ္ဆိုရင္ေပါ့ … အရင္လို ေပ်ာ္ေပ်ာ္ေနတတ္တဲ့ေကာင္မေလးတစ္ေယာက္ ျဖစ္ေအာင္ပဲ ေနေတာ့မယ္ အခ်စ္ဆိုတာကို လက္တည့္မစမ္းေတာ့ဘူး ဒီတစ္ေယာက္ေတာ့ ငါ့အေပၚၾကင္နာေကာင္းပါရဲ႕ဆုိတဲ့အေတြးေတြ မထားေတာ့ဘူး အတတ္နိုင္ဆံုး ကိုယ့္ကိုယ္ကိုပဲ ဂရုစို္က္မယ္

အရာရာလြန္သြားမွ ရလာတဲ့အရာဟာ ေနာင္တ တဲ့ ျပီးေတာ့ အခ်ိန္ေတြက ဘယ္ေတာ့မွ ေနာက္ျပန္ဆုတ္လုိ့မရဘူးဆိုတာဟာလဲ ေျပာင္းလဲလုိ့မရတဲ့အမွန္တရားေလ တစ္ခါတစ္ေလက်ျပန္ေတာ့လဲ အဲ့ဒီအမွန္တရားကို ဆန့္က်င္ျပီး အခ်ိန္ေတြကို ေနာက္ျပန္ဆုတ္ခြင့္ေတြ ရခ်င္တယ္ …

ေပ်ာ္ေပ်ာ္ေနဖို့ပဲေတြးမယ္ .. .အပူူေပးမယ့္ဘယ္အေဖာ္မွ မလုိခ်င္ခဲ့ေအာင္ပဲ ကိုယ့္ကုိယ္ကို ဂရုစိုက္မယ္ ခုခ်ိန္မွာ အျဖစ္ခ်င္ဆံုး ဆႏၵကေတာ့ သူနဲ႕မေတြ႕ခင္အထိ အခ်ိန္ေတြကို ေနာက္ျပန္ဆုတ္ခြင့္ရခ်င္မိတယ္ …

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း