ကျွန်မကို စိတ်ပျက်တယ်တဲ့ …

ကျွန်မကို စိတ်ပျက်တယ်တဲ့ …

သူချစ်ခဲ့တယ်ဆိုတာ ကျွန်မကိုမှ မဟုတ်ပဲလေ… ကျွန်မမှာရှိနေတဲ့ ကောင်းတဲ့ အမူအကျင့်လေးကိုပဲ ချစ်ခဲ့တာမှန်း အချိန်တွေကြာမှ ကျွန်မတဖြေးဖြေးသိလာရတယ် … ဘာပြောပြော ဟုတ် လို့ ပြောတတ်တဲ့ ကောင်မလေးကိုပဲ သဘောကျခဲ့တာ …

ဒီကောင်မလေးတော့ သူကြိုးဆွဲရာ ကလိမ့်မယ်လို့ သူတွေးပြီးမှ ကျွန်မကို ရွေးခဲ့တယ်ထင်ပါတယ် … ကျွန်မလဲ လူတစ်ယောက်ဆိုတာ သူမေ့ထားပုံရတယ် … သူ့အလိုကျမှမဟုတ်ရင် အဲ့နေ့ ကိုယ့်ကို လမ်းခွဲတော့မယ်ဆိုပြီး ပြောတော့တာပဲပေါ့ …

လူလေ … ဆိုးခြင်း ကောင်းခြင်းတွေ ရှိလိမ့်မယ် … သည်းခံတတ်တယ်ဆိုပေမယ့် သည်းခံရတာတွေများလာတဲ့အခါ ပေါက်ကွဲတတ်တာတွေရှိမယ် အမြဲတမ်းခေါင်းငုံနေတဲ့သူဟာ အမြဲတမ်းခေါင်းငုံ့နေမှ လူချစ်လူခင်ပေါတယ်ဆိုတဲ့စကား သိပ်ကို မှန်လွန်းတယ် ကိုယ်တစ်ခါလောက်ပေါက်ကွဲလိုက်တာနဲ့ အားလုံးအမြင်မှာ ကိုယ့်ကို လူဆိုးကြီးလိုမြင်သွားကြတယ်လေ …

ကျွန်မလဲ ဆိတ်ဆိတ်နေပြီး … အရာရာကို မြိုသိပ်တတ်ချင်ခဲ့တာပါ … ဘာပဲဖြစ်ဖြစ် အဲ့လိုနေရင် အဆင်ပြေနိုင်တယ်လေ … မှားလဲတောင်းပန် မှန်လဲတောင်းပန် ရှင်ဖြစ်စေချင်ခဲ့တာ ဒါလေ … တစ်ခါတစ်လေကျတော့ ကျွန်မကို နားလည်ပါတယ်ဆိုတာ အမှားကြီးလို့ပဲ မြင်လာတယ်

ကျွန်မကို ချစ်ခဲ့ပါတယ်ဆိုတာကလည်း အမှားကြီးပါ … ရှင်ချစ်ခဲ့တာ ကျွန်မကို မဟုတ်ခဲ့ဘူး ကျွန်မရဲ့ ကောင်းသော အမူအကျင့်တွေသက်သက်ပါ အားနည်းချက်တွေကိုတော့ ရှင်ဘယ်နည်းနဲ့မှ လက်သင့်မခံခဲ့ဘူးလေ နောက်ဆုံးတော့ စိတ်ပျက်တယ်ပေါ့ …

နားလည်ဖို့မကြိုးစားခဲ့ပါပဲ အဖြေထုတ်နေတဲ့ပုစ္ဆာဟာ ဘယ်တော့မှ အဖြေမထွက်တတ်ဘူးတဲ့ ကျွန်မက ရှင့်အတွက် ပုစ္ဆာသက်သက်ပေါ့ … စိတ်ပျက်တယ်လို့ရေရွှတ်ပြီး ပစ်ထားလိုက်လို့ရတယ် …

မိန်းမသားတို့အတွက်
သျှင်ယွန်း








မိန်းမသားတို့အတွက်
သျှင်ယွန်း

Item added to cart.
0 items - Ks0.00