သွေးမထွက်ပေမယ့်လဲ ရင်ထဲနာရတယ် ..

သွေးမထွက်ပေမယ့်လဲ ရင်ထဲနာရတယ် ..

ဒဏ်ရာလို့ပြောလိုက်ရင် လူတွေက အပေါ်ယံကိုရှာကြတယ် ဘယ်နေရာ သွေးထွက်သွားလဲ ဘယ်နေရာ ဖူးယောင်သွား ဘယ်နေရာ ညိုမဲသွားသလဲ လူတွေ မြင်နိုင် သိနိုင်ကြတယ် အဲ့လို ထင်ထင်ရှားရှားပေါ်တတ်တဲ့ အပေါ်ယံဒဏ်ရာပေါ့ …

ကိုယ့်ရင်ထဲမှာ ဖြစ်တဲ့ ဒဏ်ရာတွေကျ ကိုယ်ကိုယ်တိုင်ပဲ သိရသလို ကိုယ်ကိုယ်တိုင်ပဲ နာရတယ် … ဘယ်သူကမှ စာနာမပေးနိုင်ကြသလို ကိုယ့်ဒဏ်ရာ ဘယ်လောက်နက်သလဲ ဘယ်သူမှ မမြင်ကြဘူးလေ .. သွေးမထွက်ပေမယ့် သေလောက်အောင် နာရတဲ့ဒဏ်ရာတွေပေါ့ …

စကားလေးတစ်လုံးကြောင့် နာရတဲ့ ဒဏ်ရာတွေ ရှိတတ်ကြသလို အပြုအမူလေးတစ်ခုကြောင့်လဲ ရင်တွေနာရတတ်တယ် … စကားဆိုတာ ပြောတဲ့သူက မေ့ဖို့လွယ်ပေမယ့် ပြောခံရတဲ့သူမှာ ကိုယ်နာရင် နာသလောက် တစ်သက်လုံးမပျောက်ပဲ ရှိနေတတ်တာလေ …

ကိုယ်သိပ်လွမ်းနေမိတဲ့အချိန် အရေးမပါပါဘူးဆိုတဲ့စကားတွေပေါ့ … ကိုယ်ပေးဆပ်ခဲ့ပြီးမှ ဒါလေးကို စကားထဲ ထည့်ထည့်ပြောတယ်ဆိုတာမျိုးတွေပေါ့ .. စကားလေးတစ်လုံးကြောင့် နာခဲ့ရဖူးပါတယ် ဒါပေမယ့် သွေးမထွက်ဘူး ဒဏ်ရာမပေါ်ဘူး ရင်ထဲမှာနာရတာလေ …

ဘာမှမဟုတ်တဲ့ လုပ်ရပ်လေးတွေကြောင့်လဲ နာခဲ့ရဖူးတယ် … ဘာမှမဟုတ်တဲ့လူအတွက် ဘာမှမဟုတ်ဘူးဆိုပေမယ့် အရာရာကို ရင်ဘတ်နဲ့ ရင်းထားတတ်တော့ အရာရာမှာ ရင်နှင့်အမျှ နာကျင်ရတတ်တယ်လေ… ဒါကို စာနာပါဆိုတဲ့စကားလုံးတွေ မသုံးတော့ပါဘူး

မမြင်ရတိုင်း မနာရဘူးလို့မထင်ပါနဲ့ လူတိုင်းမှာ ဒဏ်ရာကိုယ်စီနဲ့ပါ … ဘာကြောင့်ဆိုတဲ့ အကြောင်းအရာတွေချင်း မတူခဲ့ကြပေမယ့် ရင်တွေနာရတာချင်းတော့ အတူတူပါပဲ … မစာနာချင်နေပါ ကျေးဇူးပြုပြီးတော့ မလှောင်ပါနဲ့ ..

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေသြးမထြက္ေပမယ့္လဲ ရင္ထဲနာရတယ္ ..

ဒဏ္ရာလုိ့ေျပာလုိက္ရင္ လူေတြက အေပၚယံကိုရွာၾကတယ္ ဘယ္ေနရာ ေသြးထြက္သြားလဲ ဘယ္ေနရာ ဖူးေယာင္သြား ဘယ္ေနရာ ညိဳမဲသြားသလဲ လူေတြ ျမင္နုိင္ သိနိုင္ၾကတယ္ အဲ့လုိ ထင္ထင္ရွားရွားေပၚတတ္တဲ့ အေပၚယံဒဏ္ရာေပါ့ …

ကိုယ့္ရင္ထဲမွာ ျဖစ္တဲ့ ဒဏ္ရာေတြက် ကိုယ္ကိုယ္တိုင္ပဲ သိရသလို ကုိယ္ကိုယ္တိုင္ပဲ နာရတယ္ … ဘယ္သူကမွ စာနာမေပးနိုင္ၾကသလို ကိုယ့္ဒဏ္ရာ ဘယ္ေလာက္နက္သလဲ ဘယ္သူမွ မျမင္ၾကဘူးေလ .. ေသြးမထြက္ေပမယ့္ ေသေလာက္ေအာင္ နာရတဲ့ဒဏ္ရာေတြေပါ့ …

စကားေလးတစ္လံုးေၾကာင့္ နာရတဲ့ ဒဏ္ရာေတြ ရွိတတ္ၾကသလို အျပဳအမူေလးတစ္ခုေၾကာင့္လဲ ရင္ေတြနာရတတ္တယ္ … စကားဆိုတာ ေျပာတဲ့သူက ေမ့ဖို့လြယ္ေပမယ့္ ေျပာခံရတဲ့သူမွာ ကုိယ္နာရင္ နာသေလာက္ တစ္သက္လံုးမေပ်ာက္ပဲ ရွိေနတတ္တာေလ …

ကိုယ္သိပ္လြမ္းေနမိတဲ့အခ်ိန္ အေရးမပါပါဘူးဆိုတဲ့စကားေတြေပါ့ … ကိုယ္ေပးဆပ္ခဲ့ျပီးမွ ဒါေလးကို စကားထဲ ထည့္ထည့္ေျပာတယ္ဆိုတာမ်ိဳးေတြေပါ့ .. စကားေလးတစ္လံုးေၾကာင့္ နာခဲ့ရဖူးပါတယ္ ဒါေပမယ့္ ေသြးမထြက္ဘူး ဒဏ္ရာမေပၚဘူး ရင္ထဲမွာနာရတာေလ …

ဘာမွမဟုတ္တဲ့ လုပ္ရပ္ေလးေတြေၾကာင့္လဲ နာခဲ့ရဖူးတယ္ … ဘာမွမဟုတ္တဲ့လူအတြက္ ဘာမွမဟုတ္ဘူးဆိုေပမယ့္ အရာရာကို ရင္ဘတ္နဲ႕ ရင္းထားတတ္ေတာ့ အရာရာမွာ ရင္ႏွင့္အမွ် နာက်င္ရတတ္တယ္ေလ… ဒါကို စာနာပါဆုိတဲ့စကားလံုးေတြ မသံုးေတာ့ပါဘူး

မျမင္ရတိုင္း မနာရဘူးလုိ့မထင္ပါနဲ႕ လူတိုင္းမွာ ဒဏ္ရာကိုယ္စီနဲ့ပါ … ဘာေၾကာင့္ဆိုတဲ့ အေၾကာင္းအရာေတြခ်င္း မတူခဲ့ၾကေပမယ့္ ရင္ေတြနာရတာခ်င္းေတာ့ အတူတူပါပဲ … မစာနာခ်င္ေနပါ ေက်းဇူးျပဳျပီးေတာ့ မေလွာင္ပါနဲ႕ ..

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း