အဖြေတွေရှိပေမယ့် လက်ခံရဲတဲ့သတ္တိတွေ မရှိခဲ့ဘူး …

အဖြေတွေရှိပေမယ့် လက်ခံရဲတဲ့သတ္တိတွေ မရှိခဲ့ဘူး …

လိမ်နေမှန်းမသိတာမဟုတ်ပဲ လိမ်နေမှန်းသိသိနဲ့ ပျော်ပျော်ကြီးအလိမ်ခံနေတဲ့ ဘဝတွေတကယ်ရှိပါတယ် ဘာကြောင့်လဲမေးရင် သူနဲ့အဝေးကြီးမှာ မနေနိုင်သေးလို့ဆိုတဲ့အဖြေတွေပဲ ရလာလိမ့်မယ် ဘယ်လောက်ဆိုးလိုက်တာတဲ့ ကံလဲ မဟုတ်ပဲ ဘယ်လောက်နည်းလိုက်တဲ့ သတ္တိလဲ ။

မချစ်မှန်းသိသိနေရဲ့ အလိုက်သင့်လေးဆက်ဆံပေးနေတာကို မအေးစက်သွားအောင် ကြိုးစားပြီး နွေးထွေးအောင် လုပ်နေရတဲ့အဖြစ်တွေကလဲ တကယ်ရှိပါတယ် .. ကိုယ်တိတ်ဆိတ်လိုက်ရင် အားလုံး ခြောက်ကပ်သွားလိမ့်မယ်ဆိုတဲ့စိတ်နဲ့ မျှော်မနေမှန်းသိပေမယ့် အချိန်မှန်ခေါ်ဖြစ်ခဲ့တဲ့ ဖုန်းတွေပေါ့

သိပ်ချစ်လို့ဆိုတဲ့ အသိတစ်ခုကိုပဲ နှလုံးသားထဲမှာကော ဦးဏှောက်ထဲမှာကော အသေရိုက်သွင်းထားလိုက်တာလေ သူမရှိတော့ရင်ဆိုပြီး ယောင်လို့တောင် မစဉ်းစားခဲ့ဘူးတဲ့ လူအတွက်တော့ သူမချစ်တော့ပါလားဆိုပြီး အရှိကို အရှိအတိုင်း လက်ခံဖိုး ဘယ်လွယ်ကူပါ့မလဲ …

ကိုယ့်အနားမှာ မပျော်မှန်းလဲသိတယ် ဒါကိုပဲ တစ်နေ့တော့ပျော်လာမှာပါဆိုတဲ့အတွေးနဲ့ ဆွဲထားလက်တွေကို မလွတ်ချခဲ့ကြသေးဘူး … အဲ့ဒီလူတွေမှာ အဖြေတွေမရှိခဲ့တာမဟုတ်ပဲ အရှိကို အရှိအတိုင်းလက်ခံရဲတဲ့ သတ္တိတွေမရှိခဲ့ကြလို့ ဆက်ပြီး ရူးမိုက်နေကြတာပါ …

လိမ်နေမှန်းသိသိနဲ့လဲ ပျော်တယ် .. မနွေးထွေးမှန်းသိရဲ့နဲ့လဲ ပြုံးတယ် … တကယ်ဆို အဖြေတွေသိပြီးနေပြီး လက်ခံရဲတဲ့သတ္တိလေးပဲ လိုတော့တာပါ … အဲ့ဒီအမှန်တရားကို လက်ခံလိုက်မယ်ဆိုရင် ကိုယ်ကိုယ်တိုင် လွတ်လပ်သွားလိမ့်မယ် ….

မိန်းမသားတို့အတွက်
သျှင်ယွန်း

အေျဖေတြရွိေပမယ့္ လက္ခံရဲတဲ့သတၱိေတြ မရွိခဲ့ဘူး …

လိမ္ေနမွန္းမသိတာမဟုတ္ပဲ လိမ္ေနမွန္းသိသိနဲ႕ ေပ်ာ္ေပ်ာ္ၾကီးအလိမ္ခံေနတဲ့ ဘ၀ေတြတကယ္ရွိပါတယ္ ဘာေၾကာင့္လဲေမးရင္ သူနဲ႕အေ၀းၾကီးမွာ မေနနိုင္ေသးလို့ဆိုတဲ့အေျဖေတြပဲ ရလာလိမ့္မယ္ ဘယ္ေလာက္ဆိုးလုိက္တာတဲ့ ကံလဲ မဟုတ္ပဲ ဘယ္ေလာက္နည္းလုိ္က္တဲ့ သတၱိလဲ ။

မခ်စ္မွန္းသိသိေနရဲ႕ အလိုက္သင့္ေလးဆက္ဆံေပးေနတာကို မေအးစက္သြားေအာင္ ၾကိဳးစားျပီး ေႏြးေထြးေအာင္ လုပ္ေနရတဲ့အျဖစ္ေတြကလဲ တကယ္ရွိပါတယ္ .. ကိုယ္တိတ္ဆိတ္လုိက္ရင္ အားလံုး ေျခာက္ကပ္သြားလိမ့္မယ္ဆိုတဲ့စိတ္နဲ႕ ေမွွ်ာ္မေနမွန္းသိေပမယ့္ အခ်ိန္မွန္ေခၚျဖစ္ခဲ့တဲ့ ဖုန္းေတြေပါ့

သိပ္ခ်စ္လုိ့ဆိုတဲ့ အသိတစ္ခုကိုပဲ ႏွလံုးသားထဲမွာေကာ ဦးေဏွာက္ထဲမွာေကာ အေသရိုက္သြင္းထားလုိက္တာေလ သူမရွိေတာ့ရင္ဆိုျပီး ေယာင္လို့ေတာင္ မစဥ္းစားခဲ့ဘူးတဲ့ လူအတြက္ေတာ့ သူမခ်စ္ေတာ့ပါလားဆိုျပီး အရွိကို အရွိအတိုင္း လက္ခံဖိုး ဘယ္လြယ္ကူပါ့မလဲ …

ကိုယ့္အနားမွာ မေပ်ာ္မွန္းလဲသိတယ္ ဒါကိုပဲ တစ္ေန့ေတာ့ေပ်ာ္လာမွာပါဆိုတဲ့အေတြးနဲ႕ ဆြဲထားလက္ေတြကို မလြတ္ခ်ခဲ့ၾကေသးဘူး … အဲ့ဒီလူေတြမွာ အေျဖေတြမရွိခဲ့တာမဟုတ္ပဲ အရွိကုိ အရွိအတိုင္းလက္ခံရဲတဲ့ သတၱိေတြမရွိခဲ့ၾကလို့ ဆက္ျပီး ရူးမုိက္ေနၾကတာပါ …

လိမ္ေနမွန္းသိသိနဲ႕လဲ ေပ်ာ္တယ္ .. မေႏြးေထြးမွန္းသိရဲ႕နဲ႕လဲ ျပံဳးတယ္ … တကယ္ဆို အေျဖေတြသိျပီးေနျပီး လက္ခံရဲတဲ့သတၱိေလးပဲ လုိေတာ့တာပါ … အဲ့ဒီအမွန္တရားကို လက္ခံလုိက္မယ္ဆိုရင္ ကိုယ္ကိုယ္တိုင္ လြတ္လပ္သြားလိမ့္မယ္ ….

မိန္းမသားတို့အတြက္
သွ်င္ယြန္း

Item added to cart.
0 items - Ks0.00