ငိုချင်နေတဲ့အခါ ကောင်းကင်ကို မော့ကြည့်ပါ …

ငိုချင်နေတဲ့အခါ ကောင်းကင်ကို မော့ကြည့်ပါ …

မျက်လုံးအိမ်မှာ မျက်ရည်တွေပြည့်လာတဲ့အခါ စီးကျမလာခင် ကောင်းကင်ကို မော့ကြည့်တတ်တဲ့အကျင့်လေး ရှိတယ် ဘာကြောင့်လဲဆိုရင် ကိုယ်ရပ်နေတဲ့အရပ်ဟာ ကိုယ့်မျက်ရည်ကို နားလည်ပေမယ့်လူတွေထက် ပုတ်ချတတ်တဲ့သူတွေ အများကြီးရပ်နေခဲ့တာလေ …

ငိုချင်ငိုချလိုက်လေ မြိုသိပ်မထားနဲ့တဲ့ မရလို့ပေါ့ … ကလေးတစ်ယောက်လို အော်ဟစ်ပြီး ငိုချလို့ရတဲ့ ဘဝလေးကို ပြန်ပြီးတမ်းတတယ် … လိုချင်တာတွေရမလာတဲ့အခါ ကိုယ်ပိုင်တဲ့အရာကို ဆုံးရှုံးလိုက်ရတဲ့အခါ လွတ်လွတ်လပ်လပ် ငိုခွင့်တွေရှိခဲ့တဲ့ ကလေးဘဝပေါ့ …

ခုတော့ … မျက်ရည်တွေဝဲလာတိုင်း ကောင်းကင်ကို မော့ကြည့်နေရတာ အကျင့်တောင် ဖြစ်နေပါပြီ ကိုယ်ငိုနေတာ ဘယ်သူ့ကိုမှ မသိစေချင်ခဲ့သလို ကိုယ့်မျက်ရည်တွေကို ဘယ်သူ့ကိုမှ မမြင်စေချင်တော့ဘူး နားလည်ပေးမယ်ထင်လို့ငိုခဲ့ဖူးတာပေါ့ ဒါပေမယ့် မျက်ရည်လွယ်လိုက်တာဆိုတဲ့ စကားပဲ ပြန်ရတယ်

ထစ်ကနဲရှိ ငိုဖို့ပဲသိတယ်တဲ့ ကိုယ်ဘာကြောင့်မျက်ရည်ကျရတယ်ဆိုတာ ဘယ်သူမှ စာနာနားလည်ပေးမှာမဟုတ်ပါဘူး ဒါကြောင့် ဒီတစ်ခါ မျက်ရည်တွေ ဝဲခဲ့ရင် ကောင်းကင်ကို မော့ကြည့်ပါ အနည်းဆုံးတော့ မျက်ရည်တွေ ကျမလာတော့ဘူးပေါ့

ဘယ်သူမှ မရှိ ဘယ်သူမှ မသိတဲ့အရပ်မှသာ ကိုယ့်မျက်ရည်တွေကျပါ … ဒါဆို ဘယ်သူမှ ကိုယ့်မျက်ရည်ကို မလှောင်တော့ဘူးပေါ့ …

မိန်းမသားတို့အတွက်
သျှင်ယွန်း

ငိုခ်င္ေနတဲ့အခါ ေကာင္းကင္ကို ေမာ့ၾကည့္ပါ …

မ်က္လံုးအိမ္မွာ မ်က္ရည္ေတြျပည့့္လာတဲ့အခါ စီးက်မလာခင္ ေကာင္းကင္ကို ေမာ့ၾကည့္တတ္တဲ့အက်င့္ေလး ရွိတယ္ ဘာေၾကာင့္လဲဆိုရင္ ကုိယ္ရပ္ေနတဲ့အရပ္ဟာ ကိုယ့္မ်က္ရည္ကို နားလည္ေပမယ့္လူေတြထက္ ပုတ္ခ်တတ္တဲ့သူေတြ အမ်ားၾကီးရပ္ေနခဲ့တာေလ …

ငိုခ်င္ငိုခ်လုိက္ေလ ျမိဳသိပ္မထားနဲ႕တဲ့ မရလို့ေပါ့ … ကေလးတစ္ေယာက္လို ေအာ္ဟစ္ျပီး ငိုခ်လုိ့ရတဲ့ ဘ၀ေလးကို ျပန္ျပီးတမ္းတတယ္ … လုိခ်င္တာေတြရမလာတဲ့အခါ ကိုယ္ပုိင္တဲ့အရာကို ဆံုးရံႈးလိုက္ရတဲ့အခါ လြတ္လြတ္လပ္လပ္ ငိုခြင့္ေတြရွိခဲ့တဲ့ ကေလးဘ၀ေပါ့ …

ခုေတာ့ … မ်က္ရည္ေတြ၀ဲလာတုိင္း ေကာင္းကင္ကို ေမာ့ၾကည့္ေနရတာ အက်င့္ေတာင္ ျဖစ္ေနပါျပီ ကိုယ္ငိုေနတာ ဘယ္သူ့ကိုမွ မသိေစခ်င္ခဲ့သလို ကိုယ့္မ်က္ရည္ေတြကို ဘယ္သူ့ကိုမွ မျမင္ေစခ်င္ေတာ့ဘူး နားလည္ေပးမယ္ထင္လို ့ငိုခဲ့ဖူးတာေပါ့ ဒါေပမယ့္ မ်က္ရည္လြယ္လုိက္တာဆိုတဲ့ စကားပဲ ျပန္ရတယ္

ထစ္ကနဲရွိ ငိုဖို့ပဲသိတယ္တဲ့ ကိုယ္ဘာေၾကာင့္မ်က္ရည္က်ရတယ္ဆိုတာ ဘယ္သူမွ စာနာနားလည္ေပးမွာမဟုတ္ပါဘူး ဒါေၾကာင့္ ဒီတစ္ခါ မ်က္ရည္ေတြ ၀ဲခဲ့ရင္ ေကာင္းကင္ကို ေမာ့ၾကည့္ပါ အနည္းဆံုးေတာ့ မ်က္ရည္ေတြ က်မလာေတာ့ဘူးေပါ့

ဘယ္သူမွ မရွိ ဘယ္သူမွ မသိတဲ့အရပ္မွသာ ကိုယ့္မ်က္ရည္ေတြက်ပါ … ဒါဆို ဘယ္သူမွ ကိုယ့္မ်က္ရည္ကို မေလွာင္ေတာ့ဘူးေပါ့ …

မိန္းမသားတို့အတြက္
သွ်င္ယြန္း