သူ နင့်ကို သိပ်ချစ်တာပဲ တဲ့ … ခဏလောက်ရီပါရစေ

သူ နင့်ကို သိပ်ချစ်တာပဲ တဲ့ … ခဏလောက်ရီပါရစေ

တစ်ခါတစ်လေမှာ လူတွေအားကျနေတဲ့ကိုယ့်ဘဝမှာ ကိုယ်ကိုယ်တိုင်ကျတော့ ငရဲကျနေသလိုပါပဲ ဒီအဖြစ်အပျက်တွေကို ဘယ်သူ့ကိုပဲ ရှင်းပြရှင်းပြ ဘယ်သူမှ ယုံမှာမဟုတ်ကြဘူးလေ …ပြောရင် ပြောမိတဲ့ကိုယ်ကပဲ ရူးတယ်လို့ထင်တတ်ကြတယ် …

သူနင့်ကို သိပ်ချစ်တာပဲ တဲ့ သူငယ်ချင်းတွေက ပြောကြတယ် ကျွန်မ သိပ်ရီချင်တာပဲ ငိုနိုင်တဲ့ အင်အားတွေမရှိတော့ဘူးလေ … ပြီးတော့ ပြန်ရှင်းပြနိုင်တဲ့အားအင်းတွေလဲမရှိတော့ဘူး ပျော်ချင်ယောင်ဆောင်ပြီးပဲ ရီပြလိုက်တယ် .. တကယ်တမ်းနားထဲမှာ အဲ့စကားက မိုးကြိုးပစ်ချသလိုပါပဲ သိပ်တော့ မသာယာလှဘူး …

နင့်ကိုကြည့်ပြီး အားကျလိုက်တာဆိုတဲ့လူတွေနဲ့ကိုယ့်ဘ၀ လဲပေးလို့ရရင် လဲပေးလိုက်ချင်တယ် ဒါမှသူတို့စာနာတတ်ကြမှာလေ … တချို့လူတွေက သိပ်ကို ဟန်ဆောင်ကောင်းတယ်လို့ပဲပြောရမလား သိပ်ကို ကောက်ကျစ်တယ်လို့ပဲ ပြောရမလား သေချာတာတစ်ခုက လူတွေ ဘယ်တော့မှ အဆိုးမမြင်ခံရဘူးလေ

ကျွန်မကို ပစ်ထားတဲ့အချိန်တွေကို လူတွေမသိဘူး ကျွန်မကို နာကျင်စေခဲ့တာကို လူတွေမသိဘူး လူတွေရှေ့ရောက်ရင် သူက သိပ်ဂရုစိုက်ပြတတ်သလို သိပ်လဲကြင်နာတတ်တယ် မျက်စိအောက်ကနေ မပျောက်အောင်ကို သည်းသည်းလှုပ်ချစ်ပြတယ် ကျွန်မပျော်ရမှာလား

ကျွန်မပျော်တော့ဘူး … ကိုယ်ခံစားရတဲ့အခါ တိတ်တိတ်လေး ငိုကြွေးဖြစ်ပေမယ့် သူနာကျင်ရတဲ့အခါ တစ်လောကလုံးကို လိုက်ပြတယ် လူတွေအမြင်မှာ ကျွန်မပဲ အလိုက်မသိတဲ့ကောင်မလေးပေါ့ ဒါမှမဟုတ်သိပ်ကိုဆိုးသွမ်းနေတဲ့ လူဆိုးလေးပေါ့ …. ဒါကြောင့် ကျွန်မဘာဖြစ်နေတာလဲ မရှင်းပြဖြစ်တော့တာပါ

သူ နင့်ကို သိပ်ချစ်တာပဲ တဲ့ သူငယ်ချင်းတွေက လာပြီး အားကျပြတယ် ဟားဟား … ခဏလောက်ရီပါရစေ … ကိုယ်နာကျင်နေရတာကိုယ်ပဲ သိသလို သူ့ရဲ့မျက်နှာအမှန်ကို ကိုယ်ပဲ မြင်ရပါတယ် …

မိန်းမသားတို့အတွက်
သျှင်ယွန်း

သူ နင့္ကို သိပ္ခ်စ္တာပဲ တဲ့ … ခဏေလာက္ရီပါရေစ

တစ္ခါတစ္ေလမွာ လူေတြအားက်ေနတဲ့ကိုယ့္ဘ၀မွာ ကိုယ္ကိုယ္တိုင္က်ေတာ့ ငရဲက်ေနသလုိပါပဲ ဒီအျဖစ္အပ်က္ေတြကို ဘယ္သူ့ကိုပဲ ရွင္းျပရွင္းျပ ဘယ္သူမွ ယံုမွာမဟုတ္ၾကဘူးေလ …ေျပာရင္ ေျပာမိတဲ့ကိုယ္ကပဲ ရူးတယ္လို့ထင္တတ္ၾကတယ္ …

သူနင့္ကို သိပ္ခ်စ္တာပဲ တဲ့ သူငယ္ခ်င္းေတြက ေျပာၾကတယ္ ကြ်န္မ သိပ္ရီခ်င္တာပဲ ငိုနိုင္တဲ့ အင္အားေတြမရွိေတာ့ဘူးေလ … ျပီးေတာ့ ျပန္ရွင္းျပနုိင္တဲ့အားအင္းေတြလဲမရွိေတာ့ဘူး ေပ်ာ္ခ်င္ေယာင္ေဆာင္ျပီးပဲ ရီျပလိုက္တယ္ .. တကယ္တမ္းနားထဲမွာ အဲ့စကားက မုိးၾကိဳးပစ္ခ်သလိုပါပဲ သိပ္ေတာ့ မသာယာလွဘူး …

နင့္ကိုၾကည့္္ျပီး အားက်လိုက္တာဆုိတဲ့လူေတြနဲ႕ကိုယ့္ဘ၀ လဲေပးလုိ့ရရင္ လဲေပးလုိက္ခ်င္တယ္ ဒါမွသူတို့စာနာတတ္ၾကမွာေလ … တခ်ိဳ႕လူေတြက သိပ္ကို ဟန္ေဆာင္ေကာင္းတယ္လုိ့ပဲေျပာရမလား သိပ္ကို ေကာက္က်စ္တယ္လုိ့ပဲ ေျပာရမလား ေသခ်ာတာတစ္ခုက လူေတြ ဘယ္ေတာ့မွ အဆိုးမျမင္ခံရဘူးေလ

ကြ်န္မကို ပစ္ထားတဲ့အခ်ိန္ေတြကို လူေတြမသိဘူး ကြ်န္မကို နာက်င္ေစခဲ့တာကို လူေတြမသိဘူး လူေတြေရွ႕ေရာက္ရင္ သူက သိပ္ဂရုစိုက္ျပတတ္သလို သိပ္လဲၾကင္နာတတ္တယ္ မ်က္စိေအာက္ကေန မေပ်ာက္ေအာင္ကို သည္းသည္းလႈပ္ခ်စ္ျပတယ္ ကြ်န္မေပ်ာ္ရမွာလား

ကြ်န္္မေပ်ာ္ေတာ့ဘူး … ကိုယ္ခံစားရတဲ့အခါ တိတ္တိတ္ေလး ငိုေၾကြးျဖစ္ေပမယ့္ သူနာက်င္ရတဲ့အခါ တစ္ေလာကလံုးကို လုိက္ျပတယ္ လူေတြအျမင္မွာ ကြ်န္မပဲ အလိုက္မသိတဲ့ေကာင္မေလးေပါ့ ဒါမွမဟုတ္သိပ္ကိုဆိုးသြမ္းေနတဲ့ လူဆိုးေလးေပါ့ …. ဒါေၾကာင့္ ကြ်န္မဘာျဖစ္ေနတာလဲ မရွင္းျပျဖစ္ေတာ့တာပါ

သူ နင့္ကို သိပ္ခ်စ္တာပဲ တဲ့ သူငယ္ခ်င္းေတြက လာျပီး အားက်ျပတယ္ ဟားဟား … ခဏေလာက္ရီပါရေစ … ကို္ယ္နာက်င္ေနရတာကိုယ္ပဲ သိသလို သူ့ရဲ႕မ်က္နွာအမွန္ကို ကိုယ္ပဲ ျမင္ရပါတယ္ …

မိန္းမသားတုိ့အတြက္
သ်ွင္ယြန္း