အတိတ်မှာ ပိတ်မိရင်း အချိန်ကုန်မခံနဲ့ …

အတိတ်မှာ ပိတ်မိရင်း အချိန်ကုန်မခံနဲ့ …

အတိတ်မှာ ပိတ်မိနေတဲ့သူဟာ ဂူတစ်လုံးထဲမှာ ပိတ်မိနေတဲ့သူနဲ့တူတယ် … သေသလားဆိုတော့ မသေသေးဘူး ဒါပေမယ့်ရှင်သန်နေရခြင်း အကြောင်းအရင်းတွေလဲ သေသေချာချာမရှိတတ်ဘူးလေ .. အရှေ့ကိုကြည့်ပြန်တော့လဲ မှောင်နေတတ်သလို အနောက်ကိုကြည့်ပြန်တော့လဲ မည်းနေတတ်တယ် …

အတိတ်တဲ့ … များသောအားဖြင့် ပျော်စရာကောင်းတာတွေထက် နာကျင်စရာကောင်းတဲ့အတိတ်ကို ပိုပြီး သတိရနေတတ်ကြတဲ့သူ များတယ်… သူငါ့ကို ဘယ်တုန်း ဘယ်လိုချစ်ခဲ့တာဆိုတဲ့ အတိတ်ကို မှတ်မိပေမယ့်လဲ အခုလက်ရှိငါ့ကို မချစ်တော့ပါလားဆိုတဲ့ ပစ္စုပ္ပန်ကို လက်မခံတတ်ကြဘူးလေ …

တစ်ခုခုစပြောလိုက်ရင် … အရင်တုန်းကဆိုတဲ့ အကြောင်းအရာကပဲစတယ် … လက်ရှိအခြေအနေကို လက်မခံကြဘူး … အရင်တုန်းက သူငါ့ကို ဘယ်လိုပျော်စေခဲ့တာကို တစ်ခွန်းမကျန်ပြန်ပြောပြနိုင်တယ် ခုချိန် ဘယ်လိုငိုစေခဲ့တာကိုတော့ မြိုသိပ်ထားတတ်တယ်လေ …

အဲ့ဒီအတိတ်တွေမှာ ပိတ်မိနေရင်းက ကိုယ့်ကိုယ်ကို အချိန်တွေမဖြုန်းပါနဲ့ အချိန်တွေ ဘယ်လောက်ကြာတဲ့အထိ ချစ်ခဲ့ကြတယ်ဆိုတာ Relationship တစ်ခုရဲ့အဖြေမဟုတ်ဘူး ခု ကိုယ်ပျော်နေလား ကိုယ်ငိုနေရလားဆိုတာကိုပဲ ဖြေပါ …

တစ်ခါတစ်လေမှာ အရင်လိုပြန်ဖြစ်လာမှာဆိုတဲ့အတွေးတွေနဲ့ အတိတ်မှာ ပိတ်မိရင်းက ကိုယ့်ကိုယ်ကို ပျောက်ဆုံးမှန်းမသိပျောက်ဆုံးလာတတ်တယ် အတတ်နိုင်ဆုံးဆင်ခြင်ပါ ….

မိန်းမသားတို့အတွက်
သျှင်ယွန်း

အတိတ္မွာ ပိတ္မိရင္း အခ်ိန္ကုန္မခံနဲ႕ …

အတိတ္မွာ ပိတ္မိေနတဲ့သူဟာ ဂူတစ္လံုးထဲမွာ ပိတ္မိေနတဲ့သူနဲ႕တူတယ္ … ေသသလားဆိုေတာ့ မေသေသးဘူး ဒါေပမယ္ ့ရွင္သန္ေနရျခင္း အေၾကာင္းအရင္းေတြလဲ ေသေသခ်ာခ်ာမရွိတတ္ဘူးေလ .. အေရွ႕ကိုၾကည့္ျပန္္ေတာ့လဲ ေမွာင္ေနတတ္သလို အေနာက္ကိုၾကည့္ျပန္ေတာ့လဲ မည္းေနတတ္တယ္ …

အတိတ္တဲ့ … မ်ားေသာအားျဖင့္ ေပ်ာ္စရာေကာင္းတာေတြထက္ နာက်င္စရာေကာင္းတဲ့အတိတ္ကို ပိုျပီး သတိရေနတတ္ၾကတဲ့သူ မ်ားတယ္… သူငါ့ကုိ ဘယ္တုန္း ဘယ္လိုခ်စ္ခဲ့တာဆိုတဲ့ အတိတ္ကို မွတ္မိေပမယ့္လဲ အခုလက္ရွိငါ့ကို မခ်စ္ေတာ့ပါလားဆုိတဲ့ ပစၥဳပၸန္ကို လက္မခံတတ္ၾကဘူးေလ …

တစ္ခုခုစေျပာလိုက္ရင္ … အရင္တုန္းကဆိုတဲ့ အေၾကာင္းအရာကပဲစတယ္ … လက္ရွိအေျခအေနကို လက္မခံၾကဘူး … အရင္တုန္းက သူငါ့ကို ဘယ္လိုေပ်ာ္ေစခဲ့တာကို တစ္ခြန္းမက်န္ျပန္ေျပာျပနုိင္တယ္ ခုခ်ိန္ ဘယ္လိုငိုေစခဲ့တာကိုေတာ့ ျမိဳသိပ္ထားတတ္တယ္ေလ …

အဲ့ဒီအတိတ္ေတြမွာ ပိတ္မိေနရင္းက ကိုယ့္ကိုယ္ကုိ အခ်ိန္ေတြမျဖဳန္းပါနဲ႕ အခ်ိန္ေတြ ဘယ္ေလာက္ၾကာတဲ့အထိ ခ်စ္ခဲ့ၾကတယ္ဆိုတာ Relationship တစ္ခုရဲ႕အေျဖမဟုတ္ဘူး ခု ကိုယ္ေပ်ာ္ေနလား ကိုယ္ငိုေနရလားဆိုတာကိုပဲ ေျဖပါ …

တစ္ခါတစ္ေလမွာ အရင္လိုျပန္ျဖစ္လာမွာဆိုတဲ့အေတြးေတြနဲ႕ အတိတ္မွာ ပိတ္မိရင္းက ကုိယ့္ကိုယ္ကို ေပ်ာက္ဆံုးမွန္းမသိေပ်ာက္ဆံုးလာတတ္တယ္ အတတ္နိုင္ဆံုးဆင္ျခင္ပါ ….

မိန္းမသားတို့အတြက္
သွ်င္ယြန္း