သူက ကိုယ်မှမဟုတ်ပဲလေ …

သူက ကိုယ်မှမဟုတ်ပဲလေ …

စပြီးချစ်တယ်ပြောခဲ့တဲ့သူနဲ့ ဆက်ပြီးချစ်နေမိတဲ့ကိုယ် အချစ်တွေထပ်တူညီမယ်ထင်ခဲ့ပေမယ့်လဲ သူက ကိုယ်မှ မဟုတ်ပဲလေ … အချစ်တွေ ထပ်တူမညီခဲ့သလို တစ်ယောက်နဲ့တစ်ယောက်နဲ့စိတ်ကူးတွေလဲ တကယ်မတူခဲ့ဘူး ..လျှောက်မယ့်လမ်းတွေလဲ တူမနေတော့ဘူးလေ …

ကိုယ်က သူ့ကိုချစ်တဲ့စိတ်ကြောင့် အရာအားလုံးမဟုတ်တောင် သူမကြိုက်တဲ့ အရာတော်တော်များများကို ပြောင်းလဲ ပေးခဲ့ပေမယ့် ဒါက သူ့ပုံစံပဲဆိုတဲ့သဘောမျိုးတွေ ကိုယ်မကြိုက်ပေမယ့် သူကြိုက်တယ်ဆိုတဲ့ စကားမျိုးတွေ … ငါ့ကို ချစ်ရင်တော့ သူပြောင်းလဲလာမှာဆိုတဲ့ မျှော်လင့်ချက်တွေလဲ ေ၀ဝါးကုန်တယ်

သူက ကိုယ်မှမဟုတ်ပဲလေ … တစ်ယောက်နဲ့တစ်ယောက်တော့ ဘယ်တူပါ့မလဲ ဆိုတဲ့ အကြောင်းကို အစကတည်းက ကြိုပြီး သိထားခဲ့ပါတယ် … ဒါပေမယ့် တစ်ယောက်ကိုယ်တစ်ယောက် နားလည်ပေးပြီး ရှေ့ဆက်ဖို့ကို ကျွန်မပဲ ရွေးခဲ့မိတာပါ ဒါပေမယ့် ကိုယ်က နားလည်ပေးပေမယ့် သူကတော့ နားလည်ပေးနိုင်ဖို့ခက်တယ် …

ကိုယ်က ဒေါသထွက်တဲ့အခါ သူကပါ ရောပြီးဒေါသထွက်တယ် … ကိုယ်က စိတ်ကောက်တဲ့အခါ သူက အဲ့ထက်ပိုပြီးပစ်ထားတတ်တယ် … ကိုယ်သာဆိုရင်ဆိုပြီး မတွေးတော့ပါဘူး နေရာတကာ ကိုယ်နဲ့ယှဉ်လိုက်လို့မရဘူးလေ … တစ်နည်းအားဖြင့် သူက ကိုယ်မဟုတ်ဘူးလေ …

ဒီအတွေးနဲ့ပဲ နားလည်ပေးနိုင်တဲ့အထိ နားလည်ပေးနိုင်ဖို့ကြိုးစားတယ် အများကြီးတော့ မတွေးထားတော့ဘူး ကိုယ်ချစ်ပေးနိုင်တဲ့အထိ ချစ်ပေးဖို့တွေးတယ် သူငါ့ကို ချစ်ရဲ့လားဆိုတဲ့အဖြေကို မရှာတော့ဘူး အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားဖို့ကြိုးစားတော့မယ် သူ ပျော်အောင်ထားပါစေဆိုတဲ့ဆု မတောင်းတော့ဘူး .. .

မိန်းမသားတို့အတွက်
သျှင်ယွန်း

သူက ကိုယ်မှမဟုတ်ပဲလေ …






မိန်းမသားတို့အတွက်
သျှင်ယွန်း