ကိုယ်ပေးလိုက်တဲ့မေတ္တာတွေက ပြန်လမ်းတွေမဲ့တယ် …

ကိုယ်ပေးလိုက်တဲ့မေတ္တာတွေက ပြန်လမ်းတွေမဲ့တယ် …

မေတ္တာတွေ စစ်မှန်ခဲ့ရင် ရောင်ပြန်ဟပ်တယ်တယ်တဲ့ ကိုယ်ပေးလိုက်တဲ့ မေတ္တာတွေတော့ အမြဲတမ်း ပြန်လမ်းတွေ မဲ့တတ်တယ် … မေတ္တာပေးလိုက်ပြီးဆိုကတည်းက ပြန်ရပါစေဆိုတဲ့ ရည်ရွယ်ချက်တွေမပါတတ်ပေမယ့်လဲ တစ်ခါတစ်လေတော့ ကိုယ်ပေးတဲ့ မေတ္တာတွေ အလာဟသတော့ မဖြစ်စေချင်ဘူးလေ …

မိသားစုမှာ … မိတ်ဆွေအပေါင်းအသင်းကြားမှာ … အချစ်ရေးမှာ ဘယ်နေရာမှာမဆိုပါ … ကိုယ်ထားတဲ့မေတ္တာနဲ့ ကိုယ်ပြန်ရတဲ့အရာ အမြဲတလွဲတွေပဲဖြစ်နေတတ်တယ် အဲ့လိုဖြစ်ပါများတော့ ကိုယ့်ကိုယ်ကိုတောင် သံသယဝင်နေမိတယ် ကိုယ်ပေးတဲ့မေတ္တာတွေများ မစစ်မှန်နေခဲ့တာလားလို့

တကယ်တော့ ကိုယ်ပေးမိတဲ့သူတွေမှားနေတယ်ထင်ပါတယ် ကျောက်တုန်းကို အလင်းရောင်ဘယ်လောက်ထိုးထိုး ရောင်ပြန်ဟပ်မလာတတ်သလိုပဲပေါ့ ကိုယ်ပေးတဲ့မေတ္တာတွေ စစ်မှန်နေခဲ့ရင် တစ်ဖက်က မေတ္တာဆိုတာ ဘာမှန်းမသိတဲ့သူကိုမှ မေတ္တာတွေပေးမိနေတဲ့ အဖြစ်ပေါ့ …

စိတ်မကောင်းဖြစ်လားလို့မေးရင် … သူ့အတွက်ပဲ စိတ်မကောင်းဖြစ်မိတယ် .. ကိုယ်ပေးလိုက်ကတည်းက ပြန်ရလာပါစေဆိုတဲ့မျှော်လင့်ချက်တွေမပါခဲ့ပေမယ့်လဲ တန်ဖိုးမထားတတ်တဲ့သူကို နောက်တစ်ခါပေးဖို့ကျတော့ လက်တွန့်သွားတတ်ပါတယ် …

အသွားနဲ့အပြန်တဲ့ ကိုယ့်မေတ္တာတွေကတော့ လူတစ်ယောက်ဆီ ခရီးတွေထွက်သွားခဲ့ပါတယ် ဒါပေမယ့် အပြန်လမ်းတွေတော့ မဲ့တယ် ..

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကိုယ္ေပးလုိက္တဲ့ေမတၱာေတြက ျပန္လမ္းေတြမဲ့တယ္ …

ေမတၱာေတြ စစ္မွန္ခဲ့ရင္ ေရာင္ျပန္ဟပ္တယ္တယ္တဲ့ ကုိယ္ေပးလိုက္တဲ့ ေမတၱာေတြေတာ့ အျမဲတမ္း ျပန္လမ္းေတြ မဲ့တတ္တယ္ … ေမတၱာေပးလုိက္ျပီးဆိုကတည္းက ျပန္ရပါေစဆိုတဲ့ ရည္ရြယ္ခ်က္ေတြမပါတတ္ေပမယ့္လဲ တစ္ခါတစ္ေလေတာ့ ကိုယ္ေပးတဲ့ ေမတၱာေတြ အလာဟသေတာ့ မျဖစ္ေစခ်င္ဘူးေလ …

မိသားစုမွာ … မိတ္ေဆြအေပါင္းအသင္းၾကားမွာ … အခ်စ္ေရးမွာ ဘယ္ေနရာမွာမဆုိပါ … ကိုယ္ထားတဲ့ေမတၱာနဲ႕ ကုိယ္ျပန္ရတဲ့အရာ အျမဲတလြဲေတြပဲျဖစ္ေနတတ္တယ္ အဲ့လုိျဖစ္ပါမ်ားေတာ့ ကိုယ့္ကိုယ္ကို္ေတာင္ သံသယ၀င္ေနမိတယ္ ကိုယ္ေပးတဲ့ေမတၱာေတြမ်ား မစစ္မွန္ေနခဲ့တာလားလုိ့

တကယ္ေတာ့ ကိုယ္ေပးမိတဲ့သူေတြမွားေနတယ္ထင္ပါတယ္ ေက်ာက္တုန္းကို အလင္းေရာင္ဘယ္ေလာက္ထိုးထိုး ေရာင္ျပန္ဟပ္မလာတတ္သလုိပဲေပါ့ ကိုယ္ေပးတဲ့ေမတၱာေတြ စစ္မွန္ေနခဲ့ရင္ တစ္ဖက္က ေမတၱာဆိုတာ ဘာမွန္းမသိတဲ့သူကိုမွ ေမတၱာေတြေပးမိေနတဲ့ အျဖစ္ေပါ့ …

စိတ္မေကာင္းျဖစ္လားလုိ့ေမးရင္ … သူ့အတြက္ပဲ စိတ္မေကာင္းျဖစ္မိတယ္ .. ကိုယ္ေပးလုိက္ကတည္းက ျပန္္ရလာပါေစဆိုတဲ့ေမွွ်ာ္လင့္ခ်က္ေတြမပါခဲ့ေပမယ့္လဲ တန္ဖိုးမထားတတ္တဲ့သူကို ေနာက္တစ္ခါေပးဖို့က်ေတာ့ လက္တြန့္သြားတတ္ပါတယ္ …

အသြားနဲ႕အျပန္္တဲ့ ကိုယ့္ေမတၱာေတြကေတာ့ လူတစ္ေယာက္ဆီ ခရီးေတြထြက္သြားခဲ့ပါတယ္ ဒါေပမယ့္ အျပန္လမ္းေတြေတာ့ မဲ့တယ္ ..

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း