ခဏတဖြုတ် နားခိုခဲ့သူ …

ခဏတဖြုတ် နားခိုခဲ့သူ …

ဧည့်သည်ဆိုတာက ကိုယ့်ဆီကို တန်းတန်းမတ်မတ်လာပြီး ကိုယ့်အနားကထွက်သွားခဲ့တဲ့သူပေါ့ .. ဒီလူကတော့ ဧည့်သည်နဲ့တူခဲ့တယ် ဒါပေမယ့် ဧည့်သည်မဟုတ်ဘူး ကိုယ့်ဆီမှာ ခဏတဖြုတ်လာနားခိုခဲ့သူ သက်သက်ပါပဲ …

ကောင်းကင်မှာ ပျံသန်းနေတဲ့ငှက်ကလေးတစ်ကောင် အတောင်ညောင်းလို့ပဲ ဖြစ်ဖြစ် ဒဏ်ရာအနာတရ ရလို့ပဲဖြစ်ဖြစ် ခဏလာနားခိုတတ်သလိုမျိုးပဲ … သူလဲ ဒဏ်ရာတွေအများကြီးနဲ့ ကျွန်မဆီ ခဏတဖြုတ်နားခိုခဲ့ရုံပါ … အသည်းတွေကွဲနေတယ်ဆိုတဲ့ စကားလေးကစတယ် … ပြီးတော့ သူ့ကောင်မလေး ပစ်သွားတဲ့အကြောင်းတွေပြောတယ် …

ကျွန်မလဲ အယုံလွယ်မိခဲ့တယ်ထင်တယ် ဒါမှမဟုတ် အသနားပိုခဲ့မိတယ်ထင်တယ် … တစ်ယောက်နဲ့တစ်ယောက် စကားတွေပြောနေရင်းက တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေ ပိုလာခဲ့မိတယ် … သူနာကျင်ခဲ့ပြီးပြီပဲ ငါ့ကိုတော့ အဲ့လိုနာကျင်အောင်မလုပ်လောက်ပါဘူးဆိုတဲ့ ယုံကြည်မှုလေး ပိုခဲ့တာလေ …

တကယ်တမ်းကျတော့ ကိုယ်က အသုံးချခံပါ .. သူနာကျင်နေတဲ့အခါ ကိုယ့်ဆီခဏလာနားခိုရုံလောက်ပါပဲ ပြီးရင် နောက်ဆုံးအသိုက်အမြုံလေးဆီပြန်သွားခဲ့တာပါပဲ … အဲ့လို ခဏလာနားခိုတဲ့ငှက်လေးကို တွယ်တာမိတဲ့ သစ်ကိုင်းခြောက်လေးက တမျှော်မျှော်နဲ့ အချိန်တွေကျော်ဖြတ်ရတယ် …

စာနာပါ .. တချို့လူတွေက သနားစရာသတ္တဝါတစ်ကောင်လို ဘဝထဲဝင်လာတတ်ကြတယ် … မိန်းကလေးတွေက သိပ်ကို သနားတတ်တယ်ဆိုတဲ့ အားနည်းချက်တွေကို သူတို့တွေကောင်းကောင်းသိကြတယ် .. ပြီးတော့မှ ဇာတ်လမ်းတွေအဆုံးမှာ အရက်စက်ဆုံးမျက်နှာတွေပြတတတ်ကြတယ် …

လောကမှာ ဒီလိုခဏလာနားခိုတတ်တဲ့သူတွေ တွေ့လာရလိမ့်မယ် … မတွယ်တာနဲ့ ပြီးတော့ အလိမ်အညာတွေကြားမှာ မျောမသွားစေနဲ့ သူက ခဏစကားပြောဖော်ရှာရုံပဲ အချိန်တန်တဲ့အခါ သူသိပ်ချစ်ပါပတယ်ဆိုတဲ့ အသိုက်အမြုံဆီကိုပဲ ပြန်သွားတတ်ကြတယ် .. ကိုယ်က ဗီလိန်အဖြစ်ကျန်ခဲ့ရတတ်တယ်လေ ..

မိန်းမသားတို့အတွက်
သျှင်ယွန်း

ခဏတျဖဳတ္ နားခုိခဲ့သူ …

ဧည့္သည္ဆိုတာက ကိုယ့္ဆီကို တန္းတန္းမတ္မတ္လာျပီး ကိုယ့္အနားကထြက္သြားခဲ့တဲ့သူေပါ့ .. ဒီလူကေတာ့ ဧည့္သည္နဲ႕တူခဲ့တယ္ ဒါေပမယ့္ ဧည့္သည္မဟုတ္ဘူး ကိုယ့္ဆီမွာ ခဏတျဖဳတ္လာနားခုိခဲ့သူ သက္သက္ပါပဲ …

ေကာင္းကင္မွာ ပ်ံသန္္းေနတဲ့ငွက္ကေလးတစ္ေကာင္ အေတာင္ေညာင္းလုိ့ပဲ ျဖစ္ျဖစ္ ဒဏ္ရာအနာတရ ရလုိ့ပဲျဖစ္ျဖစ္ ခဏလာနားခုိတတ္သလုိမ်ိဳးပဲ … သူလဲ ဒဏ္ရာေတြအမ်ားၾကီးနဲ႕ ကြ်န္မဆီ ခဏတျဖဳတ္နားခိုခဲ့ရံုပါ … အသည္းေတြကြဲေနတယ္ဆိုတဲ့ စကားေလးကစတယ္ … ျပီးေတာ့ သူ့ေကာင္မေလး ပစ္သြားတဲ့အေၾကာင္းေတြေျပာတယ္ …

ကြ်န္မလဲ အယံုလြယ္မိခဲ့တယ္ထင္တယ္ ဒါမွမဟုတ္ အသနားပိုခဲ့မိတယ္ထင္တယ္ … တစ္ေယာက္နဲ႕တစ္ေယာက္ စကားေတြေျပာေနရင္းက တစ္ေယာက္နဲ႕တစ္ေယာက္ သံေယာဇဥ္ေတြ ပိုလာခဲ့မိတယ္ … သူနာက်င္ခဲ့ျပီးျပီပဲ ငါ့ကိုေတာ့ အဲ့လုိနာက်င္ေအာင္မလုပ္ေလာက္ပါဘူးဆိုတဲ့ ယံုၾကည္မႈေလး ပိုခဲ့တာေလ …

တကယ္တမ္းက်ေတာ့ ကိုယ္က အသံုးခ်ခံပါ .. သူနာက်င္ေနတဲ့အခါ ကိုယ့္ဆီခဏလာနားခိုရံုေလာက္ပါပဲ ျပီးရင္ ေနာက္ဆံုးအသို္က္အျမံဳေလးဆီျပန္သြားခဲ့တာပါပဲ … အဲ့လုိ ခဏလာနားခိုတဲ့ငွက္ေလးကို တြယ္တာမိတဲ့ သစ္ကိုင္းေျခာက္ေလးက တေမွ်ာ္ေမ်ွာ္နဲ႕ အခ်ိန္ေတြေက်ာ္ျဖတ္ရတယ္ …

စာနာပါ .. တခ်ိဳ႕လူေတြက သနားစရာသတၱ၀ါတစ္ေကာင္လုိ ဘ၀ထဲ၀င္လာတတ္ၾကတယ္ … မိန္းကေလးေတြက သိပ္ကို သနားတတ္တယ္ဆိုတဲ့ အားနည္းခ်က္ေတြကို သူတို့ေတြေကာင္းေကာင္းသိၾကတယ္ .. ျပီးေတာ့မွ ဇာတ္လမ္းေတြအဆံုးမွာ အရက္စက္ဆံုးမ်က္နွာေတြျပတတတ္ၾကတယ္ …

ေလာကမွာ ဒီလုိခဏလာနားခိုတတ္တဲ့သူေတြ ေတြ႕လာရလိမ့္မယ္ … မတြယ္တာနဲ႕ ျပီးေတာ့ အလိမ္အညာေတြၾကားမွာ ေမ်ာမသြားေစနဲ႕ သူက ခဏစကားေျပာေဖာ္ရွာရံုပဲ အခ်ိန္တန္တဲ့အခါ သူသိပ္ခ်စ္ပါပတယ္ဆိုတဲ့ အသိုက္အျမံဳဆီကိုပဲ ျပန္သြားတတ္ၾကတယ္ .. ကိုယ္က ဗီလိန္အျဖစ္က်န္ခဲ့ရတတ္တယ္ေလ ..

မိန္းမသားတုိ႔အတြက္
သွ်င္ယြန္း