သတိရနေပေမယ့် မဆက်သွယ်ဖြစ်တော့ဘူး

သတိရနေပေမယ့် မဆက်သွယ်ဖြစ်တော့ဘူး

သတိရနေတယ်ဆိုတာထက် လွမ်းနေတယ်ဆိုရင် ပိုပြီးမှန်လိမ့်မယ် … အတိတ်မှာ နွေးထွေးခဲ့ဖူးတဲ့အချိန်တွေကို ပြန်ပြီး အမှတ်ရနေမိတယ် ခက်ခဲတဲ့ကြားက ခက်ခက်ခဲခဲဆက်သွယ်ပြီး စကားတွေ အများကြီးပြောခဲ့ဖူးတဲ့ညတွေကို အမှတ်ရနေမိတယ် .. ဒါပေမယ့် အတိတ်က အတိတ်ပါပဲလေ …

ပြောစရာစကားတွေအများကြီးရှိပေမယ့်လဲ ပြောစရာမဲ့နေပြီဖြစ်တဲ့သူ့အတွက် ဆက်ဖို့ကြံရွယ်ထားတဲ့ဖုန်းကို မဆက်ပဲထားလိုက်တယ် … တစ်ဖက်က ဘာပြောမလို့လဲဆိုတဲ့ စကားလုံးကိုကြားရင် ကျွန်မ ငိုမိမှာစိုးလို့မီးစိမ်းလေးမြင်ပေမယ့်လဲ ထိုင်ပဲကြည့်နေလိုက်တယ် ကိုယ်ပို့သလောက် ပြန်ရလာမယ့် အင်းတွေ အော်တွေ မတွေ့ချင်မမြင်ချင်တော့လို့

သတိရတာပေါ့ … သူက မေ့ထားနိုင်ပါတယ် ဒီအချိန်ဆို သူဘာလုပ်နေမလဲဆိုတဲ့အတွေး တွေးနေမိရင် သူနဲ့စကားပြောချင်နေမိတဲ့စိတ်လေးတွေပိုတယ် … ဒါပေမယ့် ကိုယ်သူ့ဆီဆက်လိုက်ရင်လဲ ကိုယ်ပဲ ငိုရမှာ ဒီတစ်နေ့တော့ မငိုပဲ အိပ်ချင်တယ်လေ …

သတိရတာပေါ့ဒါပေမယ့် မဆက်သွယ်ဖြစ်တော့ဘူး … အလွတ်ရနေတဲ့ဖုန်းနံပါတ်လေးကို ခဏခဏနှိပ်ရင်း မျက်ရည်လေး ကျသွားမိသွားသေးတယ် သူသတိရရင် ဖုန်းဆက်လာမှာပေါ့ ဆိုတဲ့အတွေးနဲ့ပဲ ကိုယ့်ဘက်က စပြီးမဆက်သွယ်မိအောင်နေနေပါတယ် …

သတိရနေပေမယ့် မဆက်သွယ်တော့ပါဘူး …

မိန်းမသားတို့အတွက်
သျှင်ယွန်း

သတိရေနေပမယ့္ မဆက္သြယ္ျဖစ္ေတာ့ဘူး

သတိရေနတယ္ဆိုတာထက္ လြမ္းေနတယ္ဆိုရင္ ပုိျပီးမွန္လိမ့္မယ္ … အတိတ္မွာ ေႏြးေထြးခဲ့ဖူးတဲ့အခ်ိန္ေတြကို ျပန္ျပီး အမွတ္ရေနမိတယ္ ခက္ခဲတဲ့ၾကားက ခက္ခက္ခဲခဲဆက္သြယ္ျပီး စကားေတြ အမ်ားၾကီးေျပာခဲ့ဖူးတဲ့ညေတြကို အမွတ္ရေနမိတယ္ .. ဒါေပမယ့္ အတိတ္က အတိတ္ပါပဲေလ …

ေျပာစရာစကားေတြအမ်ားၾကီးရွိေပမယ့္လဲ ေျပာစရာမဲ့ေနျပီျဖစ္တဲ့သူ့အတြက္ ဆက္ဖုိ့ၾကံရြယ္ထားတဲ့ဖုန္းကို မဆက္ပဲထားလုိက္တယ္ … တစ္ဖက္က ဘာေျပာမလုိ့လဲဆုိတဲ့ စကားလံုးကိုၾကားရင္ ကြ်န္မ ငိုမိမွာစိုးလို ့မီးစိမ္းေလးျမင္ေပမယ့္လဲ ထိုင္ပဲၾကည့္ေနလုိက္တယ္ ကုိယ္ပို့သေလာက္ ျပန္္ရလာမယ့္ အင္းေတြ ေအာ္ေတြ မေတြ့ခ်င္မျမင္ခ်င္ေတာ့လုိ့

သတိရတာေပါ့ … သူက ေမ့ထားနုိင္ပါတယ္ ဒီအခ်ိန္ဆို သူဘာလုပ္ေနမလဲဆိုတဲ့အေတြး ေတြးေနမိရင္ သူနဲ႕စကားေျပာခ်င္ေနမိတဲ့စိတ္ေလးေတြပိုတယ္ … ဒါေပမယ့္ ကိုယ္သူ့ဆီဆက္လိုက္ရင္လဲ ကိုယ္ပဲ ငိုရမွာ ဒီတစ္ေန့ေတာ့ မငိုပဲ အိပ္ခ်င္တယ္ေလ …

သတိရတာေပါ ့ဒါေပမယ့္ မဆက္သြယ္ျဖစ္ေတာ့ဘူး … အလြတ္ရေနတဲ့ဖုန္းနံပါတ္ေလးကို ခဏခဏနွိပ္ရင္း မ်က္ရည္ေလး က်သြားမိသြားေသးတယ္ သူသတိရရင္ ဖုန္းဆက္လာမွာေပါ့ ဆိုတဲ့အေတြးနဲ႕ပဲ ကိုယ့္ဘက္က စျပီးမဆက္သြယ္မိေအာင္ေနေနပါတယ္ …

သတိရေနေပမယ့္ မဆက္သြယ္ေတာ့ပါဘူး …

မိန္းမသားတို့အတြက္
သွ်င္ယြန္း