နှစ်တွေကြာနေတယ်ဆိုတာ တစ်ဖက်က ဆွဲထားလို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် အမှားတွေကို မသိချင်ယောင်ဆောင်နေလို့ပဲဖြစ်ဖြစ် ကြာနေတတ်ပါတယ် …

နှစ်တွေကြာနေတယ်ဆိုတာ တစ်ဖက်က ဆွဲထားလို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် အမှားတွေကို မသိချင်ယောင်ဆောင်နေလို့ပဲဖြစ်ဖြစ် ကြာနေတတ်ပါတယ် … ပြောချင်တာက ကျွန်မတို့တွေ ဘယ်လောက်ကြာအောင် ချစ်ခဲ့တာပါဆိုတဲ့ နှစ်တွေဟာ Relationshipတစ်ခုရဲ့ အဖြေမဟုတ်ဘူး

ငါးနှစ်သက်တမ်းရှိတဲ့ Relationshipက တခြားသူတွေအမြင်က သိပ်ကို အားကျစရာကောင်းတယ်လို့မြင်လိမ့်မယ် ကျွန်မတော့ မထင်ဘူး .. ဒီနှစ်တွေမှာ ကိုယ်ပျော်ခဲ့ရလား မပျော်ရဘူးလားဆိုတာကပဲ အဖြေလို့မြင်တယ် … ငိုနေတဲ့မျက်ရည်တွေကို လူတွေမသိအောင် ဖုံးရတာက ပိုပင်ပန်းတယ်လေ

နင်တို့တွေကို အားကျတာပဲလို့ပြောတဲ့အခါ ကိုယ်တစ်ခါပြိုလဲရသလို ငိုချင်ပါရဲ့နဲ့ ပြုံးလိုက်ရတဲ့အပြုံးတွေတိုင်းဟာ အသက်တွေမဲ့နေတတ်တယ် ကိုယ်ဆွဲထားလို့ ကြာနေတဲ့နှစ်တွေဟာ အချစ်တစ်ခုမဟုတ်ခဲ့ဘူး … သူ့ကို ကိုယ်ချစ်နေလို့သာ သူရပ်နေခဲ့တာပါဆိုတဲ့ အမှန်တရားကို ဖျောက်ပစ်လိုက်လို့မရဘူး …

နှစ်တွေကြာလာရုံနဲ့ အချစ်တွေတိုးလာလိမ့်မယ်ဆိုတဲ့အထင်တွေဟာ တက်တက်စင်အောင် လွဲနေတတ်ပါတယ် .. နှစ်တွေကြာလာတာနဲ့အမျှပိုပြီးအေးစက်လာခဲ့တာတွေလဲ ကြံုံရတယ် ပြီးတော့ အဲ့ဒီ အေးစက်သွားတဲ့ ဆက်ဆံရေးတွေကို နွေးထွေးလာအောင် တစ်ဖက်သက်ကြီး ကြိုးစားနေရတာတွေက ပိုပြီး ပင်ပန်းလွန်းလှတယ် …

နှစ်တွေ ဒီလောက်အကြာကြီး ဘယ်လိုချစ်ခဲ့ကြလဲတဲ့ ကိုယ်ပဲ ချစ်ခဲ့ရတာပါ … ပြီးတော့ ကိုယ်ပဲ နားလည်ပေးခဲ့ရတာပါ … နေ့စဉ်ရက်ဆက် ငိုရတဲ့ မျက်ရည်တွေကို ဖုံးပြီး အသက်မပါပဲ ပြုံးနေမိတာပါ နှစ်တွေကြာလာရုံနဲ့တော့ အချစ်တွေဟာ တိုးမလာနိုင်ခဲ့မှန်း ကိုယ်တွေ့ကြူံမှ သိလာရတာပါ …

ဘယ်လောက်ချစ်ခဲ့လဲဆိုတဲ့ နှစ်တွေကို ထည့်မတွက်နဲ့တော့ ကိုယ် ဘယ်လောက်ငိုခဲ့ရလဲ ဆိုတဲ့ ရက်တွေကို ပြန်ရေတွက်ကြည့်ပါ တစ်ခါတစ်လေမှာ ကိုယ်မေ့နေတာတွေရှိနေတတ်တယ် …

မိန်းမသားတို့အတွက်
သျှင်ယွန်း

နွစ္ေတြၾကာေနတယ္ဆုိတာ တစ္ဖက္က ဆြဲထားလုိ့ပဲျဖစ္ျဖစ္ ဒါမွမဟုတ္ အမွားေတြကို မသိခ်င္ေယာင္ေဆာင္ေနလို့ပဲျဖစ္ျဖစ္ ၾကာေနတတ္ပါတယ္ … ေျပာခ်င္တာက ကြ်န္မတို့ေတြ ဘယ္ေလာက္ၾကာေအာင္ ခ်စ္ခဲ့တာပါဆိုတဲ့ ႏွစ္ေတြဟာ Relationshipတစ္ခုရဲ႕ အေျဖမဟုတ္ဘူး

ငါးႏွစ္သက္တမ္းရွိတဲ့ Relationshipက တျခားသူေတြအျမင္က သိပ္ကို အားက်စရာေကာင္းတယ္လို ့ျမင္လိမ့့္မယ္ ကြ်န္မေတာ့ မထင္ဘူး .. ဒီနွစ္ေတြမွာ ကိုယ္ေပ်ာ္ခဲ့ရလား မေပ်ာ္ရဘူးလားဆိုတာကပဲ အေျဖလုိ့ျမင္တယ္ … ငိုေနတဲ့မ်က္ရည္ေတြကို လူေတြမသိေအာင္ ဖံုးရတာက ပိုပင္ပန္းတယ္ေလ

နင္တို့ေတြကို အားက်တာပဲလုိ့ေျပာတဲ့အခါ ကိုယ္တစ္ခါျပိဳလဲရသလို ငိုခ်င္ပါရဲ႕နဲ႕ ျပံဳးလုိက္ရတဲ့အျပံဳးေတြတိုင္းဟာ အသက္ေတြမဲ့ေနတတ္တယ္ ကုိယ္ဆြဲထားလို့ ၾကာေနတဲ့ႏွစ္ေတြဟာ အခ်စ္တစ္ခုမဟုတ္ခဲ့ဘူး … သူ့ကို ကုိယ္ခ်စ္ေနလို့သာ သူရပ္ေနခဲ့တာပါဆိုတဲ့ အမွန္တရားကုိ ေဖ်ာက္ပစ္လိုက္လို့မရဘူး …

နွစ္ေတြၾကာလာရံုနဲ႕ အခ်စ္ေတြတိုးလာလိမ့္မယ္ဆိုတဲ့အထင္ေတြဟာ တက္တက္စင္ေအာင္ လြဲေနတတ္ပါတယ္ .. နွစ္ေတြၾကာလာတာနဲ႕အမ်ွပိုျပီးေအးစက္လာခဲ့တာေတြလဲ ၾကံံဳရတယ္ ျပီးေတာ့ အဲ့ဒီ ေအးစက္သြားတဲ့ ဆက္ဆံေရးေတြကို ေႏြးေထြးလာေအာင္ တစ္ဖက္သက္ၾကီး ၾကိဳးစားေနရတာေတြက ပိုျပီး ပင္ပန္းလြန္းလွတယ္ …

နွစ္ေတြ ဒီေလာက္အၾကာၾကီး ဘယ္လိုခ်စ္ခဲ့ၾကလဲတဲ့ ကိုယ္ပဲ ခ်စ္ခဲ့ရတာပါ … ျပီးေတာ့ ကုိယ္ပဲ နားလည္ေပးခဲ့ရတာပါ … ေန့စဥ္ရက္ဆက္ ငိုရတဲ့ မ်က္ရည္ေတြကို ဖံုးျပီး အသက္မပါပဲ ျပံဳးေနမိတာပါ နွစ္ေတြၾကာလာရံုနဲ႕ေတာ့ အခ်စ္ေတြဟာ တိုးမလာနိုင္ခဲ့မွန္း ကုိယ္ေတြ႕ၾကံဴမွ သိလာရတာပါ …

ဘယ္ေလာက္ခ်စ္ခဲ့လဲဆိုတဲ့ နွစ္ေတြကို ထည့္မတြက္နဲ႕ေတာ့ ကိုယ္ ဘယ္ေလာက္ငိုခဲ့ရလဲ ဆိုတဲ့ ရက္ေတြကို ျပန္ေရတြက္ၾကည့္ပါ တစ္ခါတစ္ေလမွာ ကိုယ္ေမ့ေနတာေတြရွိေနတတ္တယ္ …

မိန္းမသားတုိ့အတြက္
သ်ွင္ယြန္း