တစ်ဘဝစာ ဝေးကြလေပြီ …

တစ်ဘဝစာ ဝေးကြလေပြီ …

ဒီတစ်ခါတော့ တကယ်ကို ဝေးသွားကြပါပြီ … ပြန်ဆုံဖြစ်ခဲ့မယ်ဆိုရင်တောင် အရင်လိုအခြေအနေတွေ ပြန်မဖြစ်နိုင်တော့တဲ့အထိ ဒီတစ်ခါ တကယ်ကြီး ဝေးသွားကြတာ … ဖြစ်နိုင်ရင်တော့ ဘယ်တော့မှ ပြန်မဆုံချင်တော့ဘူး …

ချစ်ခဲ့ကြတယ်ဆိုတာထက် ကျွန်မ သူ့ကိုချစ်ခဲ့မိတယ်လို့ပဲ ပြောရမယ်ထင်ပါတယ် … ကိုယ့်ကို မချစ်လို့ပဲ နောက်တစ်ယောက်ကို ရွေးသွားခဲ့တဲ့သူ့မှာ ကိုယ့်ကို တကယ်ချစ်ခဲ့ပါတယ်ဆိုတဲ့အဖြေ ဘယ်လိုပြန်ရှာလို့ရပါမလဲ… တကယ်သာ ချစ်ရင် ဘယ်လောက်ခက်ခဲနေပါစေ သူကျွန်မလက်ကို လွတ်ခဲ့မှာ မဟုတ်ဘူးလေ …

အဆုံးသတ်တွေ မရောက်ခင်ကတော့ သူလဲတကယ်ချစ်တယ်နေမှာပါဆိုပြီး အပျော်ကြီးပျော်ခဲ့မိတဲ့ကောင်မလေးက အလိမ်ခံရမှန်းမသိ ခံနေရတာကို ကျွန်မတွေးတွေးပြီးရင်နာနေမိတယ် တခြားသူနဲ့ဆုံးမယ့် ဇာတ်လမ်းကိုယ်က စိတ်ကူးယဉ်မိနေတာမျိုးလေ …

နောက်ဆုံးတော့လဲ အစကတည်းက မစစ်မှန်ခဲ့တဲ့ အချစ်တွေဟာ တစ်သက်စာဝေးရခြင်းတွေနဲ့ပဲ အဆုံးသတ်တယ် … အရင်လို ပြန်လာဦးမလားဆိုတဲ့ မျှော်လင့်လို့မရတော့အောင် တခြားသူရင်ခွင်မှာ သူ့အပျော်တွေနဲ့ အဆုံးသတ်တယ် ထို့အတူ ကိုယ့်ငိုရခြင်းတွေလဲ ဒီနေ့မှာပဲ အဆုံးသတ်တယ်

ပြန်လွမ်းနေခဲ့တာမဟုတ်ပါပဲနဲ့ ပြန်တွေးပြီးရင်တွေ နာမိရုံပါ … ဒီလောက်အချိန်တွေအကြာကြီး အလိမ်ခံရလို့ အလိမ်ခံရမှန်းမသိလောက်အောင်ကို ကိုယ့်ကိုယ်ကိုယ် တုံးအနေခဲ့မိတဲ့အဖြစ်တွေကိုပြန်တွေးပြီး ကိုယ့်ကိုယ်ကို ဒေါသဖြစ်နေရုံပါ …

မိန်းမသားတို့အတွက်
သျှင်ယွန်း

တစ္ဘ၀စာ ေ၀းၾကေလျပီ …

ဒီတစ္ခါေတာ့ တကယ္ကို ေ၀းသြားၾကပါျပီ … ျပန္ဆံုျဖစ္ခဲ့မယ္ဆိုရင္ေတာင္ အရင္လိုအေျခအေနေတြ ျပန္မျဖစ္နိုင္ေတာ့တဲ့အထိ ဒီတစ္ခါ တကယ္ၾကီး ေ၀းသြားၾကတာ … ျဖစ္နုိင္ရင္ေတာ့ ဘယ္ေတာ့မွ ျပန္မဆံုခ်င္ေတာ့ဘူး …

ခ်စ္ခဲ့ၾကတယ္ဆိုတာထက္ ကြ်န္္မ သူ့ကိုခ်စ္ခဲ့မိတယ္လို့ပဲ ေျပာရမယ္ထင္ပါတယ္ … ကုိယ့္ကို မခ်စ္လုိ့ပဲ ေနာက္တစ္ေယာက္ကို ေရြးသြားခဲ့တဲ့သူ့မွာ ကုိယ့္ကို တကယ္ခ်စ္ခဲ့ပါတယ္ဆိုတဲ့အေျဖ ဘယ္လိုျပန္ရွာလို့ရပါမလဲ… တကယ္သာ ခ်စ္ရင္ ဘယ္ေလာက္ခက္ခဲေနပါေစ သူကြ်န္မလက္ကို လြတ္ခဲ့မွာ မဟုတ္ဘူးေလ …

အဆံုးသတ္ေတြ မေရာက္ခင္ကေတာ့ သူလဲတကယ္ခ်စ္တယ္ေနမွာပါဆိုျပီး အေပ်ာ္ၾကီးေပ်ာ္ခဲ့မိတဲ့ေကာင္မေလးက အလိမ္ခံရမွန္းမသိ ခံေနရတာကို ကြ်န္္မေတြးေတြးျပီးရင္နာေနမိတယ္ တျခားသူနဲ႕ဆံုးမယ့္ ဇာတ္လမ္းကိုယ္က စိတ္ကူးယဥ္မိေနတာမ်ိဳးေလ …

ေနာက္ဆံုးေတာ့လဲ အစကတည္းက မစစ္မွန္ခဲ့တဲ့ အခ်စ္ေတြဟာ တစ္သက္စာေ၀းရျခင္းေတြနဲ႕ပဲ အဆံုးသတ္တယ္ … အရင္လို ျပန္လာဦးမလားဆိုတဲ့ ေမွ်ာ္လင့္လုိ့မရေတာ့ေအာင္ တျခားသူရင္ခြင္မွာ သူ့အေပ်ာ္ေတြနဲ႕ အဆံုးသတ္တယ္ ထို့အတူ ကိုယ့္ငိုရျခင္းေတြလဲ ဒီေန့မွာပဲ အဆံုးသတ္တယ္

ျပန္လြမ္းေနခဲ့တာမဟုတ္ပါပဲနဲ႕ ျပန္ေတြးျပီးရင္ေတြ နာမိရံုပါ … ဒီေလာက္အခ်ိန္ေတြအၾကာၾကီး အလိမ္ခံရလို့ အလိမ္ခံရမွန္းမသိေလာက္ေအာင္ကို ကုိယ့္ကိုယ္ကိုယ္ တံုးအေနခဲ့မိတဲ့အျဖစ္ေတြကိုျပန္ေတြးျပီး ကိုယ့္ကိုယ္ကို ေဒါသျဖစ္ေနရံုပါ …

မိန္းမသားတို့အတြက္
သ်ွင္ယြန္း