ဆုတ်လဲစူး စားလဲရူးမယ့် အခြေအနေ …

ဆုတ်လဲစူး စားလဲရူးမယ့် အခြေအနေ …

တစ်ခါတစ်လေမှာ ဘဝလမ်းတွေမှာလျှောက်ရင်း ဒွိဟဖြစ်စရာလမ်းတွေနဲ့ ကြုံရတတ်တယ် ရှေ့ဆက်တိုးရမလား နောက်ဆုတ်လိုက်ရတော့မလားဆိုတာ ကိုယ်ကိုယ်တိုင် ဝေခွဲမရတော့တဲ့ လမ်းတွေ ပေါ့ အဲ့လိုလမ်းတွေကိုရောက်တဲ့အခါ အတတ်နိုင်ဆုံး နာကျင်မှုနည်းမယ့်လမ်းကို ရွေးစေချင်တယ် …

များသောအားဖြင့် အချစ်ရေးမှာပေါ့ … ဆက်ပြီးဆွဲထားပြန်ရင်လဲ သူငါ့ကို မချစ်ပါလားဆိုတဲ့ အတွေးနဲ့ နာကျင်ရပြန်တယ် လက်လွတ်လိုက်ပြန်ရင်လဲ သူငါ့အနားမှာ မရှိတော့ပါလားဆိုတဲ့အတွေးနဲ့ နာကျင်ရပြန်တယ် ဘယ်ရွေးချယ်မှုမဆို ကိုယ် နာကျင်ရမှာတော့အမှန်ပါပဲ …

ဒါပေမယ့် မဖြစ်မနေတစ်ခုတော့ ရွေးရတော့မယ်လေ … ဒီတိုင်းအကြာကြီးရပ်နေလို့မဖြစ်ဘူးလေ ကိုယ့်အတွက် ကိုယ့်လမ်းကိုလျှောက်ရဦးမယ် ပြီးတော့ ကိုယ်ဆက်ပြီး ရပ်တည်ရဦးမယ်ဆိုတဲ့ အတွေးလေးတွေ ရှိဖို့လိုအပ်နေပါသေးတယ် …

တစ်ခု ကိုယ့်ကို နာကျင်မှုနည်းစေမယ့်အရာတစ်ခုကို ရွေးပါ.. ကျွန်မဆိုရင်တော့ ဆက်ပြီးဆွဲထားနေတော့မှာမဟုတ်ဘူး … ဘာကြောင့်လဲမေးရင် အစကတည်းက မကြင်နာတဲ့သူမှာ နောက်ပိုင်းကျရင်တော့ သူက စာနာမှာပါဆိုပြီး မျှော်လင့်နေလို့ရတဲ့ အခြေအနေမဟုတ်ဘူး မသေရုံတမယ် ဆက်ပြီး ရပ်နေရရုံပဲရှိမှာ …

လွတ်ချလိုက်ပြီးတော့ နာကျင်ပစ်လိုက်မယ် တစ်လလား တစ်နှစ်လား ဒါမှမဟုတ် သုံးနှစ်လား အဲ့ဒီအချိန်ကာလတွေ ကျော်လွန်သွားတဲ့အခါ ကျွန်မလွတ်လပ်သွားမယ်ထင်ပါတယ် ဆက်ပြီးဆွဲထားတာထက်တော့ သေချာပေါက်နာကျင်မှုနည်းနေလိမ့်မယ် …

မထူးဇာတ်ခင်းပြီး ဖြစ်ချင်ရာဖြစ်ဆိုတဲ့စိတ်နဲ့ (အချစ်တစ်ခုနဲ့ပေါ့နော်) ဇွတ်တိုးဝင်လိုက်ရင် ကိုယ်လွတ်ချလို့ရတဲ့ အခြေအနေကို ကျော်လွန်သွားပြီး တစ်သက်လုံး မျက်ရည်တွေကြားမျောရတတ်တယ် အရွေးမမှားစေနဲ့ ဒါမှမဟုတ် အတွေးမမှားစေနဲ့ အချစ်ဆို ဘဝမဟုတ်ဘူးလေ …

မိန်းမသားတို့အတွက်
သျှင်ယွန်း

ဆုတ္လဲစူး စားလဲရူးမယ့္ အေျခအေန …

တစ္ခါတစ္ေလမွာ ဘ၀လမ္းေတြမွာေလွ်ာက္ရင္း ဒိြဟျဖစ္စရာလမ္းေတြနဲ႕ ၾကံဳရတတ္တယ္ ေရွ႕ဆက္တိုးရမလား ေနာက္ဆုတ္လုိက္ရေတာ့မလားဆိုတာ ကုိယ္ကိုယ္တိုင္ ေ၀ခြဲမရေတာ့တဲ့ လမ္းေတြ ေပါ့ အဲ့လုိလမ္းေတြကိုေရာက္တဲ့အခါ အတတ္နိုင္ဆံုး နာက်င္မႈနည္းမယ့္လမ္းကို ေရြးေစခ်င္တယ္ …

မ်ားေသာအားျဖင့္ အခ်စ္ေရးမွာေပါ့ … ဆက္ျပီးဆြဲထားျပန္ရင္လဲ သူငါ့ကို မခ်စ္ပါလားဆိုတဲ့ အေတြးနဲ႕ နာက်င္ရျပန္္တယ္ လက္လြတ္လိုက္ျပန္ရင္လဲ သူငါ့အနားမွာ မရွိေတာ့ပါလားဆိုတဲ့အေတြးနဲ႕ နာက်င္ရျပန္တယ္ ဘယ္ေရြးခ်ယ္မႈမဆို ကိုယ္ နာက်င္ရမွာေတာ့အမွန္ပါပဲ …

ဒါေပမယ့္ မျဖစ္မေနတစ္ခုေတာ့ ေရြးရေတာ့မယ္ေလ … ဒီတိုင္းအၾကာၾကီးရပ္ေနလို့မျဖစ္ဘူးေလ ကိုယ့္အတြက္ ကုိယ့္လမ္းကိုေလွ်ာက္ရဦးမယ္ ျပီးေတာ့ ကုိယ္ဆက္ျပီး ရပ္တည္ရဦးမယ္ဆိုတဲ့ အေတြးေလးေတြ ရွိဖို့လုိအပ္ေနပါေသးတယ္ …

တစ္ခု ကိုယ့္ကို နာက်င္မႈနည္းေစမယ့္အရာတစ္ခုကို ေရြးပါ.. ကြ်န္မဆိုရင္ေတာ့ ဆက္ျပီးဆြဲထားေနေတာ့မွာမဟုတ္ဘူး … ဘာေၾကာင့္လဲေမးရင္ အစကတည္းက မၾကင္နာတဲ့သူမွာ ေနာက္ပိုင္းက်ရင္ေတာ့ သူက စာနာမွာပါဆိုျပီး ေမွ်ာ္လင့္ေနလို့ရတဲ့ အေျခအေနမဟုတ္ဘူး မေသရံုတမယ္ ဆက္ျပီး ရပ္ေနရရံုပဲရွိမွာ …

လြတ္ခ်လုိက္ျပီးေတာ့ နာက်င္ပစ္လိုက္မယ္ တစ္လလား တစ္နွစ္လား ဒါမွမဟုတ္ သံုးနွစ္လား အဲ့ဒီအခ်ိန္ကာလေတြ ေက်ာ္လြန္သြားတဲ့အခါ ကြ်န္မလြတ္လပ္သြားမယ္ထင္ပါတယ္ ဆက္ျပီးဆြဲထားတာထက္ေတာ့ ေသခ်ာေပါက္နာက်င္မႈနည္းေနလိမ့္မယ္ …

မထူးဇာတ္ခင္းျပီး ျဖစ္ခ်င္ရာျဖစ္ဆုိတဲ့စိတ္နဲ႕ (အခ်စ္တစ္ခုနဲ႕ေပါ့ေနာ္) ဇြတ္တုိး၀င္လိုက္ရင္ ကုိယ္လြတ္ခ်လို့ရတဲ့ အေျခအေနကို ေက်ာ္လြန္သြားျပီး တစ္သက္လံုး မ်က္ရည္ေတြၾကားေမ်ာရတတ္တယ္ အေရြးမမွားေစနဲ႕ ဒါမွမဟုတ္ အေတြးမမွားေစနဲ႕ အခ်စ္ဆို ဘ၀မဟုတ္ဘူးေလ …

မိန္းမသားတို့အတြက္
သွ်င္ယြန္း